လူတိုင်းမှာ အားနည်းချက် အားသာချက်ရှိသလို၊
အဖွဲ့အစည်းတိုင်းမှာလည်း အားနည်းချက် အားသာချက်ရှိတယ်။
ဒါကိုငြင်းပယ်ပစ်လို့မရပါဘူး။ ပညာဉာဏ်ရင့်ကျက်သူမှန်ရင် လက်ခံနိုင်ရမယ်။
စစ်ပညာစကားနဲ့ပြောရရင်တော့ ပထမဆုံး ကိုယ့်အကြောင်း(ကိုယ့်အဖွဲ့အကြောင်း)
အရင်သိဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီးရင် ရန်သူအကြောင်းသိရမယ်။
ဒါမှ စစ်ပွဲအောင်နိုင်လိမ့်မယ်။ ကိုယ့်အကြောင်းကိုယ်သိတဲ့သူသည် စစ်ပွဲကို
အောင်မြေတစ်ဝက်နင်းပြီးသားဖြစ်တယ်လို့ဆိုတယ်။
ရန်သူ့အကြောင်းမည်မျှသိစေအုံး ကိုယ့်အကြောင်းကိုယ်မသိတဲ့စစ်ဘုရင်သည်ဖြင့်
စစ်ပွဲတစ်ခုမှာ ကံကောင်းလွန်းပြီးနိုင်စေအုံး ရေရှည်မှာကျရှူံးရမှာပါပဲ။
စာရေးသူအနေနဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအကြောင်းဆွေးနွေးနေတော့ (ဘက်) ဆိုတဲ့
သဘောတရားကို မခွဲခြားလိုဘဲ ဒီအဖွဲ့အစည်းနှစ်ခုရဲ့
အားနည်းချက်အားသာချက်တွေကို ဆွေးနွေးပေးချင်တယ်။ စစ်ဘက်မှာ အားနည်းချက်
အားသာချက်ရှိသလို အရပ်ဘက်မှာလည်း အားနည်းချက်အားသာချက်ရှိတယ်။
စစ်ဘက်၏ နိုင်ငံရေးအားသာချက်များ
(၁) သာလွန်မြင့်မားတဲ့အဖွဲ့အစည်းဖြစ်တည်မှု (a marked superiority organization)။ ထူးကဲတဲ့ ဖွဲ့စည်းဖြစ်တည်မှုပုံသဏ္ဍာန်လို့ ဆိုချင်တယ်။ အရည်အချင်းအဆင့်မှီတဲ့ စစ်တပ်တစ်ခုရဲ့ ဖွဲ့စည်းမှုသည် ဗဟိုဦးစီးအမိန့်ပေးစနစ်(centralized command)၊ ဝါစဉ်ရာထူးအဆင့်ဆင့် (hierarchy)၊ စည်းမျဉ်းစည်းကမ်း (discipline)၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှု (intercommunication) နဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ် (esprit de corps) တို့နဲ့ဖွဲ့စည်း တည်ဆောက်ထားတယ်။ အရပ်ဘက်မည်သည့်အဖွဲ့အစည်းမဆို ဒီအပေါ်ကအချက်တွေအကုန် ပြည့်စုံအောင်ဖွဲ့စည်းထားတယ်လို့ဆိုပါစေအုံး၊ ခပ်ပေါ့ပေါ့ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခုကိုမမှီနိုင်သေးပါဘူး။ လုံးဝမယှဉ်နိုင်တဲ့ အချက်နှစ်ချက်က စည်းကမ်းသေဝပ်မှုနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ပဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို ဘယ်အဖွဲ့အစည်းကမှယှဉ်လို့မရဘူး။ ဒါကလည်းမထူးဆန်းပါဘူး။ သူ့ရဲ့ ဖွဲ့စည်းမှုပုံစံကိုက အခြားအဖွဲ့အစည်းစည်းများနဲ့ ဝိသေသတူညီမှုမရှိဘူး။ ဒါကြောင့် ထူးခြားတဲ့ဝိသေသလက္ခဏာရှိတယ်လို့ပြောတာပါ။
ဗဟိုဦးစီးစနစ်နဲ့ ထက်အောက်ဝါစဉ်အရဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီး စစ်တိုက်ဖို့၊ စစ်ပွဲအောင်မြင်ဖို့အတွက် အမိန့်နာခံမှုဆိုတဲ့ (obedience) ကမဖြစ်မနေပါလာရပြီ။ အမိန့်နာခံမှုမရှိတဲ့ စစ်တပ်တစ်ခုက ဘယ်တော့မှ တိုက်ပွဲကိုနိုင်အောင်မတိုက်နိုင်ဘူး။ အမိန့်နာခံမှုမရှိတဲ့စစ်တပ်တစ်ခုရဲ့ တပ်မှူးက မိမိလက်အောက်ခံတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို တွက်ချက်လို့မရဘူး။ ခန့်မှန်း၊ ရမ်းသမ်းပြီးတွက်ချက်လို့ ရတဲ့ အဖြေနဲ့ စစ်ကစားခဲ့ရင်လည်း နောက်ဆုံးရလာဒ်သည် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေတော့မှာပဲ။ ဒါကြောင့် စစ်ဘက်အဖွဲ့အစည်းတစ်ခုမှာ အမိန့်နာခံမှုသည်အလွန်အရေးကြီးလှသလို အခြားမည်သည့်အဖွဲ့အစည်းကမှ မနှိုင်းယှဉ်နိုင်တဲ့ အချက်ဖြစ်တယ်။ အမိန့်နာခံမှုကောင်းခဲ့ရင် ကြီးမားခိုင်ခံပြီး လူပေါင်းသိန်းသန်းချီတဲ့ အဖွဲ့အစည်းကြီးတစ်ခုသည် (လူတစ်ယောက်)တည်း လှုပ်ရှားနေသလို လျင်မြန်၊ တိကျ၊ ထိရောက်မှုရှိလှတယ်။ ဒါမှလည်း စစ်တိုက်နိုင်မယ်။
စည်းလုံးညီညွှတ်မှုအကြောင်းကတော့ Durkheim ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ထူးထူးခြားခြားစကားလုံးလေးတစ်ခုဖြစ်တဲ့ စက်ပစ္စည်းဆန်တဲ့ စည်းလုံးညီညွှတ်မှု (mechanical solidarity) ဆိုတာလေးကိုသဘောကျတယ်။ တင်စားထားတာ။ စစ်သားတွေရဲ့ စက်ရုပ်ဆန်တဲ့ မျက်နှာပေးကို မျက်လုံးထဲပြေးမြင်ရင် ဒီစကားလုံးလေးကို စဝါးလို့ရပြီ။ စည်းလုံးချင်သည်ဖြစ်စေ မစည်းလုံးချင်သည်ဖြစ်စေ ညီညွှတ်တယ်။ စနစ်ကျတယ်။ ရန်မလိုဘူး။ ခံစားချက်မရှိသလိုဖြစ်တယ်။ ပြင်းပြတယ်။ စွန့်လွှတ်တယ်။
(၂) မြင့်မားတဲ့ စိတ်လှုပ်ရှားတတ်ကြွမှု သရုပ်သကန်( a highly emotionalized symbolic status)။ စစ်ဘက်ရဲ့ အလေ့အထကောင်းတွေကို ဆိုလိုခြင်းဖြစ်တယ်။ စည်းကမ်းတို့၊ အမိန့်နာခံမှုတို့သည်လည်း ဒီနေရာအကြုံးဝင်ပေမယ့် ရဲရင့်မှု (bravery)၊ သစ္စာစောင့်သိမှု (fidelity) ၊ ကိုယ်ကျိုးစွန့်မှု (self-abnegation)၊ အပင်ပန်းဆင်းရဲခံနိုင်မှု( poverty) နဲ့ မျိုးချစ်စိတ် (patriotism) စတာတွေပါဝင်လာပါတယ်။ စစ်သားဆိုတာ သူရဲဘောကြောင်ကြောင်၊ မိမိအချင်းချင်း သစ္စာဖောက်ပြီး၊ မိမိတိုင်းပြည်အပေါ်လည်း သစ္စာဖောက်မယ့် လူတွေဖြစ်လို့မရဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုမှ ချစ်စိတ်မရှိရင် ဘယ်လိုစိတ်နဲ့ တိုင်းပြည်ကာကွယ်ကြမတုန်း။ ဒါကြောင့် အဆင့်မှီတဲ့ စစ်ဘက်အဖွဲ့အစည်းတစ်ခုသည် အထက်ပါ အချက်တွေအားလုံး ပြည့်စုံသလောက်ရှိပါတယ်။ ဒါကြောင့် ပေါ်တူဂီ နိုင်ငံရေးသိပ္ပံပညာရှင် António de Oliveira Salazar က ” For the soldier…..there exists neither the hamlet, nor the region, nor the province, nor the colony: there is for him nothing but the national territory” လို့ဆိုတယ်။ စစ်သားမှာ နေရာ ဒေသ လူအုပ်စုဆိုတာမပြောနဲ့ နောက်ဆုံး သူ့အတွက်ဆိုတာတောင်မရှိဘူး အမျိုးသားနယ်နမိတ်အတွက်ပဲ ရှိတယ် လို့ဆိုတယ်။
စစ်သားတစ်ယောက်က စွန့်လွှတ်လိုက်ရတာတွေက သူ့ရဲ့လုံခြုံမှု( safety)၊ ငြိမ်းချမ်းမှု (peace)၊ မိသားစု (family) နဲ့ သူ့ရဲ့ဘဝ (life) ဆိုတာတွေပါပဲ။ စစ်သားတွေမှာ ရှိနေတဲ့ဒီအခြေခံအချက်တွေကပဲ စစ်ဘက်အတွက် (သူ့အလိုလို)နိုင်ငံရေးအရ အားသာချက်တွေကို ပေးနေခြင်းမျိုးပါ။ ရပ်ကွက်ထဲမှာ ပုံမှန်နေထိုင်ပြီး ကိုယ့်ကိုယ်ကို ပေးဆပ်အနစ်နာခံတဲ့ လူတစ်ယောက်ကို လူတွေ ကြည်ညိုလေးစားကြသလိုပဲ သူ့အလိုလိုဖြစ်တည်လာရတဲ့ အားသာချက်ဖြစ်ပါတယ်။
(၃) လက်နက်ပိုင်ဆိုင်ခြင်း (monopoly of arms)။ အထက်ကအချက်တွေပြည့်ဝနေတဲ့ ခံ့ညားလောက်၊ ဖြုံလောက်တဲ့ အဖွဲ့အစည်းကြီးမှာ ဖြံုလောက်တဲ့ လက်နက်တွေလည်း ပိုင်ဆိုင်ထားမယ်ဆိုရင် သူ့ရဲ့ ပါဝါက ဘယ်လောက်ကြီးမလဲ စဉ်းစားကြည့်နိုင်တယ်။ ရပ်ကွက်ထဲက လူတစ်ယောက်က အနေအထိုင်လည်းမှန်တယ်၊ အနစ်နာခံစရာရှိလည်း သေရင်သေသွားပလေ့စေ အနစ်နာခံတယ်၊ ရိုက်စရာရှိရင်လည်း မညာတမ်း(မညှာတမ်း) ထပြီး ခေါင်းကို ရိုက်ခွဲဖို့ ကျည်းသား ကြတ်တိုက်ပြီး ချွန်ထားတဲ့ (တုတ်) တစ်ချောင်းလည်း ကောင်းကောင်းရှိနေပုံနဲ့ အလားသဏ္ဍာန်တူတယ်။ ဒီလိုလူကို အလိုလိုကမှ လူတွေ ရှိန်ပြီး ဖြံုပြီးသားဖြစ်နေပါပြီ။
ဒီအချက်တွေကတော့ စစ်ဘက်အဖွဲ့အစည်း(ကောင်း)တစ်ခုမှာရှိတဲ့ (မွေးရာပါ) နိုင်ငံရေး အားသာချက်တွေပါပဲ။ ဒီအချက်တွေကြောင့်လည်း စစ်ဘက်သည် သာမာန်အဖွဲ့အစည်းတစ်ခုနဲ့ မတူတဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိနေတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ စစ်သားတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ပုံ(psycho)သည် သာမာန်အရပ်သားတစ်ယောက်နဲ့ မတူရတာသည် အထက်ပါအချက်တွေ ဆက်စပ်နေပါတယ်။ အားသားချက်တွေပြီးသွားတော့ အားနည်းချက်တွေကို (မညှာတမ်း) နားထောင်ကြည့်ရအောင်။ (ဆက်ရန်)
မောင်ကျော်
၂၀၅၁၇၂၀၅၀

No comments:
Post a Comment
Note: Only a member of this blog may post a comment.