စစ်ဘက်ရဲ့ လုံခြုံရေးကိုအာမခံဖို့ အမေရိကန်ရဲ့ တန်ဖိုးကို
liberalism ကနေ conservatism ကိုပြောင်းရမယ်၊ ဒီလိုမှမဟုတ်ရင်
ဒီလူ့အဖွဲ့အစည်းကြီးတာရှည်မခံဘူး (ကျမ်းရင်း-စာ ၄၆၄) လို့တောင်ပြောခဲ့တဲ့
Huntington ရဲ့ “Objective civilian control” အယူအဆအပြီးမှာ သူ့ရဲ့
Military Professionalism အယူအဆကို ဆန့်ကျင်တဲ့အယူအဆများစွာပေါ်လာခဲ့ပါတယ်။
ထင်ရှားတဲ့သူတွေကတော့ စစ်ဘက်ကို professional ဆန်စေခြင်းသည် နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်နေခြင်းဖြစ်တယ်လို့ယူဆခဲ့တဲ့ Morris Janowitz (1960)၊ သူနဲ့ သိပ်မကွာလှတဲ့အယူအဆရှိသူများဖြစ်တဲ့ Bengt Abrahamsson (1972)၊ Amos Perlmutter (1977) နဲ့ Nordlinger (1977) အရပ်ဘက်ရဲ့ သဘာဝမကျတဲ့အမိန့်တွေနဲ့ စစ်ဘက်ကဏ္ဍမှာဝင်စွက်ဖက်မှုတွေအကြောင်းပြောခဲ့တဲ့ Claude Welch and Arthur Smith (1974) ၊ စစ်ဘက်ကို barrack groups, school officers နဲ့ laboratory men ဆိုပြီး အုပ်စုသုံးမျိုးခွဲပြခဲ့တဲ့ Victor Alba(1962)၊ စစ်ဘက်သည် နိုင်ငံကိုကာကွယ်ရမှာဖြစ်သလို လက်ဝဲသမားတွေရဲ့ရန်ကနေလည်း ကာကွယ်ရမယ်ဆိုပြီး “new professionalism” အယူအဆကိုပြောခဲ့တဲ့ Alfred Stepan(1973)၊ အမေရိကန်က ဗီယက်နမ်ကိုစစ်ရှုံးတဲ့ကိစ္စကို နောက်ခံထားပြီးထွက်လာတဲ့ Peter D. Feaver (1997) ရဲ့ “Agency Theory” စသဖြင့်..စသဖြင့် သီအိုရီတွေအမြောက်အမြားပေါ်ထွက်ခဲ့ပါတယ်။ (အကုန်မဟုတ်သေးပါ)
ဒါပေမယ့်လို့ ဒီသီအိုရီတွေသည် Huntington ရဲ့ Professionalism အယူအဆအပေါ်မှာသာမူတည်ပြီး ငြင်းခုန်နေကြတာဖြစ်ပြီး၊ အမေရိကန်နိုင်ငံ(သို့) အနောက်နိုင်ငံတွေအပေါ်မှာသာ မူတည်ထားခဲ့ကြတာပါ။ စာရေးသူတို့လို မျက်နှာမွဲ တတိယနိုင်ငံတွေအတွက် စဉ်းစားတွေးခေါ်ခဲ့ကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါး သီအိုရီတစ်ခုရှိတယ်။ ဒီလူသည် Huntington ရဲ့ professionalism အယူအဆကို (ပထမဆုံး)နဲ့ (အထိရောက်ဆုံး) ဝေဖန်ချေဖျက်ခဲ့သူလို့ဆိုနိုင်တယ်။ စာရေးသူတို့လို တတိယနိုင်ငံတွေမှာ စစ်ဘောင်ကျယ်လာတဲ့အပေါ်မှာမူတည်ပြီး အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို စဉ်းစားပေးခဲ့တယ်။ စစ်ဘက်က အရပ်ဘက်နိုင်ငံရေးမှာ ဘာကြောင့်ဝင်ပါရသလဲ၊ ဘယ်လိုအခြေအနေကြောင့်လဲ၊ ဘာအကြောင်းအရင်းကြောင့်လဲ စတဲ့ (အကြောင်းရင်းခံ)တွေကိုရှာဖွေပေးခဲ့တယ်။ ဒါပေမယ့် စာရေးသူ သတိထားမိသလောက် သူ့ရဲ့ သီအိုရီသည် လူသိနည်းတယ်။ ပညာရှင်အသိုင်းအဝိုင်းမှာ ထိန်ချန်ထားခဲ့သလိုမြင်ရတယ်။ မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လူ့သဘောသဘာဝအရ ပညာရှင်အသိုင်းအဝိုင်းသည်လည်း သူ့တို့ရဲ့ လူ့အဖွဲ့အစည်းအတွက်သာ သီအိုရီတွေကို ဆက်လက်ဖော်ထုတ် မွမ်းမံသွားကြတာများတာကိုး။ ပြီးရင် သူတို့ရဲ့ သီအိုရီတွေကို တတိယနိုင်ငံတွေဆီ ဆိုင်ဆိုင်မဆိုင်ဆိုင် export လုပ်ကြတော့တာပဲ။ စာရေးသူတို့လိုနိုင်ငံတွေအတွက် စဉ်းစားပေးမယ့်သူဆိုတာ အလွန်ရှားတာမို့လား။ ကိုယ်တွေဆီကလည်း သူတို့အသိုင်းအဝန်းထဲဝင်ပြီး ထိုးဖောက်ပြောဆိုနိုင်သူတွေမှ မရှိတာလေ။
အဲ့ဒီ့လိုအခြေအနေမျိုးမှာ တတိယနိုင်ငံတွေအတွက်မူတည်ပြီး အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အယူအဆသစ်ကို စဉ်းစားဖော်ထုတ်ခဲ့သူကတော့ ဗြိတိန်ဖွား Samuel Edward Finer ဆိုတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ အမေဘက် ဂျူးသွေးပါလာတဲ့ Finer ကငယ်ငယ်ကတည်းက အလုပ်အလွန်ကြိုးစားခဲ့တယ်။ Trinity ကနေဘွဲ့ရပြီး ဒုတိယကမ္ဘာစစ်မှာ ၆ နှစ်လောက် ဗြိတိန်တော်ဝင် ဆက်သွယ်ရေးတပ်ထဲမှာ ဗိုလ်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ Political Studies Association of UK ရဲ့ ဥက္ကဌ၊ International Political Science Association ရဲ့ ဒုတိယဥက္ကဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ Manchester ရဲ့ Government and Public Administration ပါမောက္ခ၊ Oxford တက္ကသိုလ်ရဲ့ Gladstone Chair နဲ့ G&PA ပါမောက္ခ၊ Hague,Cornell, Hebrew, Stanford, Hone Kong စတဲ့တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သူက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ အရပ်ဘက်ထိန်းချုပ်မှုသည်သဘာဝကျတဲ့ကိစ္စ မဟုတ်ဘူးလို့ယူဆခဲ့သူလို့ ဆိုနိုင်ပါတယ်။ စစ်ဘက်က နိုင်ငံရေးထဲမှာ ဘာကြောင့်ဝင်ပါရသလဲဆိုတဲ့ (conditions) ကို ငြင်းဆန်နေအဖြေထုတ်နေကြတာထက် ဘယ်လိုကြောင့် ဒီလိုအမြဲဖြစ်နေရတယ်ဆိုတဲ့ (causes) ကို ဖော်ထုတ်ခဲ့ပါတယ်။ Finer က Professionalism အယူအဆကြောင့် စစ်ဘက်က နိုင်ငံရေးမှာပါဝင်လာမှုကို အားပေးနေကြောင်း အချက် (၃) ချက်နဲ့သက်သေပြထားပါတယ်။
(၁) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာလျင် စစ်ဘက်သည် အမြဲတမ်းတည်တံ့နေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံ့တာဝန်ကို ယာယီယူရတဲ့ (ညစ်တဲ့) နိုင်ငံရေးအုပ်စုတွေနဲ့ ပဋိပက္ခဖြစ်လာခြင်း (တိုင်းပြည်နဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကို သစ္စာစောင့်မလား၊ ယာယီသာဖြစ်တဲ့ အစိုးရအပေါ်သစ္စာစောင့်မလားဆိုတဲ့ MacArthur ရဲ့အဆိုဥပမာ)
(၂) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာရင် စစ်ဘက်ရဲ့နယ်ပယ်မှာ စစ်သားသည်သာလျင် အကျွမ်းကျင်ဆုံးဖြစ်တာကြောင့် အပြင်လူဝင်ရောက် စွက်ဖက်ခြယ်လှယ်တာကို မလိုလားတော့ခြင်း။ (စစ်ပွဲတစ်ပွဲကို စစ်သားဦးဆောင်ပြီးတိုက်တာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြဿနာမရှိပေမယ့်၊ အရပ်သားဦးဆောင်တိုက်လို့ ရှူံးခဲ့လျင် ပြဿနာရှိတယ်၊ စစ်တိုက်ရသူများသည် စစ်သားများဖြစ်ခြင်းကြောင့်)
(၃) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာရင် သူတစ်ပါးအသုံးချတာမခံလိုတော့ခြင်း။ (စစ်ဘက်ကို အသုံးပြုပြီး မိမိရဲ့နိုင်ငံရေး ပြိုင်ဘက်ကို နှိပ်ကွပ်ခြင်းမျိုး)
စသည့်အချက်များကြောင့် စစ်ဘက်သည် အရပ်ဘက်အာဏာပိုင်တွေနဲ့ တွန်းတိုက်မိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ဘက်သည် နိုင်ငံရေးမှာကြားဝင်လာဖို့ဆိုတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘဲ ဒီလိုအခြေအနေတွေဖြစ်လာဖို့အတွက် Motive ဆိုတဲ့ စေ့ဆော်မှု၊ Mood ဆိုတဲ့ သဘောထား၊ Opportunity ဆိုတဲ့ အခွင့်အလမ်း တွေလိုအပ်တယ်လို့ဆိုပါတယ်။ စာရေးသူတို့ယုံကြည်တဲ့ ဗုဒ္ဓဝါဒအရ (အကျိုး) ဖြစ်လာဖို့အတွက် (အကြောင်း) တရားတွေလိုအပ်တယ်ဆိုတဲ့ အယူအဆမျိုးပါပဲ။ ဒီကနေမှ နိုင်ငံရေးထဲမှာ ဝင်ရောက်ပတ်သက်တဲ့ အဆင့်တွေကို လူအဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးယဉ်ကျေးမှု အနုအရင့်ပေါ်မှာမူတည်ပြီးခွဲခြားပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ စစ်ဘက်ရဲ့ နိုင်ငံရေး အားသာချက်၊ အားနည်ချက်တွေကို သရုပ်ခွဲပြခဲ့ပါသေးတယ်။ စာရေးသူအမြင်အရ ဒီအချက်တွေသည် အရပ်ဘက်ရဲ့ အားနည်းချက်၊ အားသာချက်များအဖြစ်လည်း အပြန်အလှန်ယူဆနိုင်ပါတယ်။ (ဆက်ရန်)
မောင်ကျော်
၁၂၅၁၇၁၆၂၁

No comments:
Post a Comment
Note: Only a member of this blog may post a comment.