Schiff ရဲ့ “Concordance theory” အကြောင်းမပြောခင် Sarkesian ရဲ့
အမြင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ်။ စစ်ဘက်ဆိုင်ရာမှာ
အတွေ့အကြုံမရှိတဲ့လူတွေသည် စစ်ဘက်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို
ပိုင်ခြားနိုင်စွမ်းမရှိကြပါဘူး။ အထူးသဖြင့် စစ်ဘက်ရဲ့
အတွင်းပိုင်းကိစ္စတွေ အရွေ့တွေမှာ နားမလည်ပါဘူး။ ဒီလို စစ်ဘက်နဲ့
ဝေးကွာလာမှုတွေကပဲ လူ့အဖွဲ့အစည်းရဲ့ စစ်ဘက်အခန်းကဏ္ဍဆိုင်ရာကိစ္စတွေကို
အမှားအမှန်ဆန်းစစ်ခြင်းတွေမှာ အားနည်းလာပြီး၊ ဒီကိစ္စတွေမှာ ဝင်ရောက်
အဆုံးအဖြတ်ပေးလို့မရတော့ဘူး လို့ဆိုပါတယ်။ စစ်ဘက်နဲ့ အရပ်ဘက်အကြား
လုပ်ငန်းသဘာဝ ကွာဟမှုကြောင့် သူ့အလိုလို အက်ကြောင်းဖြစ်လာတာကိုဆိုလိုတာပါ။
စစ်ဘက်နဲ့ အရပ်ဘက်အကြားမှာ အဖွဲ့အစည်းပုံသဏ္ဍာန်အဖြစ်
ခွဲခြားရှုမြင်ကြရင်းက တစ်ဘက်နဲ့ တစ်ဘက် ဝေးကွာလာတဲ့သဘောပါ။ ဒီလိုကြောင့်
အရပ်ဘက်အနေနဲ့ စစ်ဘက်ရဲ့ အလုပ်က ငါတို့အလုပ်မဟုတ်ဘူးလို့
ရှုမြင်လာခြင်းမျိုးနဲ့ ဆင်တူပါတယ်။
ဒါကြောင့်ပဲ Schiff က စစ်ဘက်နဲ့ အရပ်ဘက်အကြား အင်စတီကျူးရှင်း တစ်ခုခြင်းစီအနေနဲ့ ခွဲခြားရှုမြင်ပြီး ပြောဆိုဆွေးနွေးနေကြတာကို “separation theories” များလို့ဆိုထားပါတယ်။ စစ်ဘက်ရဲ့ နိုင်ငံရေးထဲကြားဝင်မှုကို တားဆီးခြင်လို့ ဒီလိုခွဲခြားရှုမြင်လာရင်းကပဲ အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန်စစ်တပ်အကြားမှာ ယဉ်ကျေးမှုအရကင်းကွာခြင်း၊ အဆက်ပြတ်ခြင်းမျိုးတွေ ဖြစ်လာတယ်။ အဲ့ဒီ့ကနေ အရပ်ဘက်က စစ်ဘက်အပေါ် လေးစားခြင်းအားနည်းလာတယ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အားနည်းလာပါတော့တယ်။ ဒီကိစ္စက ပြင်ပစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ပြဿနာတတ်တော့တာပါပဲ။ ဒီအက်ကြောင်းကို အီရတ်နဲ့ အာဖဂန် စစ်မြေပြင်တွေမှာ သတိထားမိလာကြတယ်။ လူထုရဲ့ပူးပေါင်းပါဝင်မှုကို အားရကြေနပ်လောက်အောင် မတွေ့ရဘူး။ အမေရိကန်ရဲ့ ဗီယက်နမ်စစ်ပွဲမျိုးဆက်ရဲ့ အတွေးအခေါ်က ၉/၁၁ ဒဏ်ခံရတဲ့ မျိုးဆက်အပေါ် သက်ရောက်မှုရှိလာတာမျိုးပါ။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုတာသည် ရေရှည်နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အတွက် အရးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးအောင်မြင်ပြီးတဲ့လူ့အဖွဲ့အစည်းတွေကတော့ အမေရိကန်အပါအဝင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေ ပါဝင်ပါတယ်။ အနောက်ပုံစံ ဒီမိုကရေစီမဟုတ်လို့ နိုင်ငံတည်ဆောက်ရေးကြီး မအောင်မြင်ဘူးရယ်လို့ ဆိုလို့မရပါဘူး။ တရုတ်နဲ့ ရုရှားတို့က ဥပမာဖြစ်ပါတယ်။ လုံးဝပျက်ယွင်းသွားတဲ့ နိုင်ငံတစ်ခုကို ပြန်လည်တည်ဆောက်ရတဲ့ ထင်ရှားတဲ့ ဥပမာတွေကတော့ အီရတ်နဲ့ အာဖဂန်မှာ nation-building လုပ်ဖို့ ကြိုးပမ်းနေကြတာ၊ ဒုတိယကမ္ဘာစစ်အပြီးက ဂျပန်နဲ့ ဥရောပ နိုင်ငံတစ်ချို့ ပြန်လည်တည်ဆောက်ခဲ့ရတာကို နမူနာယူနိုင်ပါတယ်။ အမေရိကန်အနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နဲ့ ဥရောပက နိုင်ငံတည်ဆောက်ရေးတွေမှာ ပြဿနာကြီးကြီးမားမားမရှိခဲ့ပေမယ့် အီရတ်တို့ အာဖဂန် တို့လို ယဉ်ကျေးမှု၊ အတွေးအခေါ် အယူအဆ ကွဲပြားခြားနားတဲ့နိုင်ငံတွေကို အမေရိကန်ပုံစံဒီမိုကရေစီသွတ်သွင်းတဲ့ နေရာမှာ ပြဿနာရှိလာပါတော့တယ်။ ဒါကြောင့် ယဉ်ကျေးမှုတွေ၊ တန်ဖိုးတွေ၊ သမိုင်းကြောင်းတွေကလည်း အရေးကြီးတယ်ဆိုတာကို အမေရိကန်ပညာရှင်တွေ တွေးလာကြတာ။
၁၇၉၀ လောက်ကနေစခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံတည်ဆောက်ရေးသည် နှစ် ၁၀၀ လောက်ကြာခဲ့တယ်။ ၁၈ ရာစုအစောပိုင်းလောက်မှ အောင်မြင်မှုအဆင့်ကို ရောက်တယ်လို့ ပညာရှင်တွေ သုံးသပ်ကြတယ်။ ဒီကြားတည်း အမေရိကန်သည်လည်း ခရီးကြမ်းကိုဖြတ်သန်းခဲ့ရတာပဲ။ ဒါကြောင့်လည်း နိုင်ငံတည်ဆောက်ရေးဆိုတာ ခုချက်ခြင်းထလုပ် ခုချက်ခြင်းပြီးတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ရေရှည်တည်ဆောက်ရတဲ့ ဆင့်ကဲဖြစ်စဉ် “evolution process” ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နဲ့ နိုင်ငံရေးနောက်ခံ၊ ဘာသာရေးအယူအဆ၊ ယဉ်ကျေးမှု၊
တန်ဖိုးထားမှုတွေ အသွင်မတူတဲ့ နိုင်ငံတွေမှာ (အဝိုင်းကြီးထဲ လေးထောင့်ကြီးထိုးထည့်နေသလို) အနောက်ပုံစံသွတ်သွင်းနေကြတာဟာဖြင့် မတရားဘူးလို့ တွေးတတ်လာတယ်။
ဒါကြောင့် ဟိုပုံစံ၊ ဒီပုံစံတွေဆိုတာ အသာထားလို့ ဘယ်နေရာ၊ ဘယ်ပုံစံနဲ့မဆို အံဝင်မယ့် သီအိုရီတစ်ခုကို ၂၀၀၉ ခုနှစ်မှာ Schiff က အသက်သွင်းလိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုသိထားစေချင်တာက ဒီသီအိုရီပေါ်ခဲ့တာသည် စာရေးသူတို့လို တတိယနိုင်ငံတွေအတွက် အဆင်ပြေပါစေတော့ဆိုတဲ့စေတနာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ အမေရိကန်ကိုယ်တိုင် စစ်ဘက်-အရပ်ဘက် ဝေးကွာလာမှုပြဿနာကြောင့်လည်း ပါဝင်တယ် ဆိုတာပါပဲ။ Schiff ရဲ့ သီအိုရီသည် “….dose not presume that civilian institutions must control the military…” အရပ်ဘက်အဖွဲ့အစည်းတွေသည် စစ်ဘက်အဖွဲ့အစည်းကို ထိန်းကိုထိန်းချုပ်ရမယ် (must do) လို့မယူဆပါဘူး။ သူမအယူအဆက စစ်ဘက်ခေါင်းဆောင်မှု (military leadership)၊ နိုင်ငံရေးခေါင်းဆောင်မှု (political leadership)နဲ့ နိုင်ငံသား (citizens) တွေအကြားမှာ မိတ်ဖက်ပုံစံ နဲ့ အပြည်အလှန်ဆွေးနွေးခြင်းတွေရှိရမယ်။ အဲ့ဒီ့လိုဆွေးနွေးဖို့ နယ်ပယ် (၄) ခုပေးထားပါတယ်။ အဲ့ဒါတွေကတော့-
(၁) စစ်ဘက်အရာရှိတွေအတွက် လူမှုရေးရာဖွဲ့စည်းမှု အသွင်ပုံသဏ္ဍာန် (social composition of the officer corps)။ သက်ဆိုင်ရာ လူမျိုး၊ လူတန်းစား၊ အမျိုးအနွယ်ဇာတ် အလိုက် စစ်ဘက်မှာပါဝင်ဖွဲ့စည်းမယ့် အချိုးအစားကို ဆိုလိုပါတယ်။
(၂) နိုင်ငံရေး အဆုံးအဖြတ်ချခြင်း ဖြစ်စဉ်( political decision-making process)။ ဒီအချက်ကတော့ သဘောပေါက်လွယ်ပါတယ်။ စစ်ဘက်အတွက် budget၊ materiel, size နဲ့ structure တွေအတွက်လည်းပါဝင်ပါတယ်။
(၃) လူသစ်စုဆောင်းရေးနည်းလမ်း (recruitment method)။ ဘယ်လိုပုံစံနဲ့ လူသစ်စုမလဲပေါ့။ ဥပဒေနဲ့လား ဆွဲဆောင်စည်းရုံးခြင်းမျိုး နဲ့လားပေါ့။
(၄) စစ်တပ်အသွင်အပြင် ( military style)။ စစ်ဘက်ဆိုင်ရာ symbol တွေ၊ စစ်ရေးပြပုံ စစ်သီချင်း၊ စစ်ဘက်အစဉ်အလာ၊ အခမ်းအနားပုံစံ စတဲ့အချက်တွေပါဝင်ပါတယ်။
Schiff ရဲ့ အလိုအရ ဒီအချက် (၄) ချက်ပေါ်မှာ အပေါ်မှာဖော်ပြထားတဲ့ actors တွေကြားမှာ အကြေအလည်ဆွေးနွေးနိုင်ရင် စစ်ဘက်ရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပါဝင်မှုလျော့ချနိုင်မယ်လို့ဆိုတယ်။ လူ့အဖွဲ့အစည်း တစ်ခုခြင်းစီရဲ့ နိုင်ငံရေး၊လူမှုရေး၊ ယဉ်ကျေးမှု ကွဲပြားခြားနားချက်တွေကြောင့် ဘယ်လိုနည်းလမ်းနဲ့ လုပ်ပါလို့တော့ပြောမထားပါဘူး။ စစ်ဘက်-အရပ်ဘက် ခွဲခြင်းတွဲခြင်းတွေအပေါ်မှာ အခြေမခံဘဲ ဒီ (၄) ချက်ပေါ်မှာ အခြေခံဆွေးနွေးပါလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍကို ဘယ်လိုထားမလဲဆိုတာပါပဲ (military’s role in the domestic sphere)။ လူ့အဖွဲ့အစည်းနဲ့ အစိုးရအတွင်းမှာရှိမယ့် စစ်ဘက်ရဲ့အခန်းကဏ္ဍ ကိုရှာဖွေသတ်မှတ်တာပဲဖြစ်ပါတယ်။ Schiff ကို စာရေးသူမကြိုက်တဲ့အချက်တစ်ချက်က စစ်ဘက်ရဲ့ နိုင်ငံရေးထဲပါဝင်ပတ်သက်မှုအတိုင်းအတာက သတ်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ Political culture ပေါ်မှာ မူတည်နေတယ်လို့ စပြောခဲ့တဲ့ Samuel E. Finer ကို မသိချင်ယောင်ဆောင်ထားခဲ့လို့ပါပဲ။ သူမရဲ့သီအိုရီက လက်တွေ့နယ်ပယ်မှာလည်း လိုအပ်ချက်ရှိနေပါသေးတယ်။သူမ ပြောသလောက်သာ ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး စာရေးသူတို့လို နိုင်ငံတွေမှာရှိခဲ့ရင် လက်ရှိအကြပ်အတည်းတွေ ရင်ဆိုင်နေရစရာ အကြောင်းမရှိလို့ပါပဲ။
ဒီလောက်ဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသီအိုရီများသည် အရပ်ဘက်-စစ်ဘက် ခွဲခြားမှုဆိုတာမျိုးထက် ပေါင်းစည်းမှု၊ တာဝန်နဲ့ အာဏာခွဲဝေမှုကို ပြောင်းလဲလာကြောင်း နားလည်သဘောပေါက်နိုင်ကြပါပြီ။ မြန်မာနိုင်ငံမှာ သဘောပေါက်နေကြတဲ့ အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာနဲ့ ပညာရှင်တွေ ပြောတဲ့ civilian control ဆိုတာ ကွဲပြားခြားနားကြောင်း ရိပ်စားမိလောက်ပါပြီ။ စာရေးသူသည် Book smart ကို အတိုင်းအတာတစ်ခုထိနားလည်တဲ့ Street Smart တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံချင်ပါတယ်။ ဒါကြောင့် street smart နဲ့ book smart တွေကြားမှာ အပြန်အလှန်တန်ဖိုးထားမှုရှိစေချင်သူလို့လည်းဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအယူအဆ အတွေးအခေါ်တွေမှားယွင်းမှုကြောင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲနေမှုမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုမလိုလားအပ်တဲ့ အဟန့်အတားတွေ မဖြစ်စေချင်တဲ့ စေတနာကတစ်ကြောင်း၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို စိတ်ဝင်စားသူတွေအနေနဲ့ သီအိုရီကျကျ ဆက်လက်လေ့လာကြစေလိုတဲ့ စေတနာက တစ်ကြောင်း ဒီစာစုတွေကို ဖန်တီးလိုက်ရပါတယ်။ အနည်းဆုံးတော့ ဒီစာတွေကို ဖတ်ပြီးတဲ့ သူတွေသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးရလိုမှုတစ်ခုနဲ့ ပြည်သူကိုအသိအမှားများ ဖြန့်ဝေမည့် သူများရန်က ကင်းဝေးကြပါလိမ့်မယ်။
ဆင့်ပွားတိုးတက်လေ့လာစေလိုသော စေတနာဖြင့်….။ ။
မောင်ကျော်
၁၆၁၇၁၃၃၃

No comments:
Post a Comment
Note: Only a member of this blog may post a comment.