Wednesday, August 21, 2019

အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၅)


ဤကဏ္ဍ၏ လိုရင်းမှာ မိမိနိုင်ငံသည် အဓိကစစ်မြေပြင်တစ်ခုဖြစ်မလာစေရန် ကြိုတင်ချေမှုန်းခြင်း၊ လက်ဦးမှုရယူခြင်း၊ ထိန်းချုပ်ခြင်း အကြောင်းများပါရှိပါသည်။ မြန်မာနိုင်ငံအတွက် အလှမ်းဝေးကွာလွန်းနေသေးသော်လည်း သိသင့်၊ ရှိသင့်သည့် မဟာဗျူဟာပင်ဖြစ်သောကြောင့် ထည့်သွင်းရေးသားပြုစုပေးလိုက်ရပါသည်။ ဤအချက်အောင်မြင်ရန်အတွက် တိကျပြတ်သားပြီး မြန်ဆန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် နိုင်ငံတကာ၏ ပူးပေါင်းပါဝင်ဆာင်ရွက်မှုတို့မှာ အရေးပါလှပါသည်။ အကြမ်းဖက်ဝါဒအား မျိုးဆက်သစ်တစ်ခုသို့ လက်ဆင့်ကမ်းမပေးနိုင်ရန်အတွက် ကမ္ဘာ့အင်အားကြီးစူပါဝါနိုင်ငံများသည် အကြမ်းဖက်သမားများရှိနေသော ကမ္ဘာပေါ်ရှိ မည့်သည့်နိုင်ငံဒေသတွင်းကိုမဆို ဝင်ရောက်ချေမှုန်းရန် အသင့်ရှိနေကြပါသည်။ အကြမ်းဖက်သမားများသည် နေရာကန့်သတ်ချက်မရှိ အကြမ်းဖက်ဝါဒပြန့်ပွားရန်နှင့် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်သကဲ့သို့ ၎င်းတို့အနေဖြင့်လည်း နယ်နမိတ်ကန့်သတ်ချက်မရှိ ချေမှုန်းရန်လိုသည်ဟု မှတ်ယူကြပါသည်။
(၁) အကြမ်းဖက်သမားများကို ရင်ဆိုင်တိုက်ခိုက်ရန်နှင့် လုံခြုံသောနေရာမရှိအောင်ဆောင်ရွက်ရန်
ရေတိုနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကို တားဆီးနိုင်ရန် အထိရောက်ဆုံးသော နည်းလမ်းများမှာ စစ်မြေပြင်မှ အကြမ်းဖက်သမားများကို ကစဉ့်ကလျားဖြစ်စေရန်နှင့် ထွက်ပြေးဆုတ်ခွာစေရန်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် မိမိတို့၏ တပ်မတော်အပါအဝင် အမျိုးသားရေးစွမ်းပကားအားလုံးကို အသုံးပြုရပေမည်။ မိမိနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ရန် အခွင့်အရေးမရှိရလေအောင် ပြည်ပရှိအကြမ်းဖက်ကွန်ရက်များကို ကြိုတင်ဖျက်ဆီးချေမှုန်းရမည်ဟု သတ်မှတ်ထားကြပါသည်။ ထိုသို့ချေမှုန်းရာတွင် တိကျမှန်ကန်ရန် လိုအပ်သည်။ အကြမ်းဖက်သမားများသည်လည်း နည်းပညာမြင့်နည်းလမ်းများကို အသုံးပြုနိုင်ကြသဖြင့် အင်တာနက်ကွန်ယက်ကြီးသည် ၎င်းတို့၏ လုံခြုံရေးနယ်မြေသဖွယ်ဖြစ်နေပါသည်။ ၎င်းကို တန်ပြန်နိုင်ရန် မိမိတို့တွင်လည်း လူသားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်များစွာလိုအပ်ပါသည်။ ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီအနေဖြင့် မိမိတို့၏ ထောက်လှမ်းရေးကွန်ယက်ကြီးသည် အမှန်တကယ် အလုပ်ဖြစ်မဖြစ် လက်တွေ့ကျကျသုံးသပ်ရန်လိုအပ်ပြီး လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှု၊ အဆင့်မြင့်တင်မှုမှန်သမျှကို ခေတ်စနစ်နှင့် အညီဆောင်ရွက်ကြရန်လိုအပ်ပါသည်။
လွှတ်တော်အနေဖြင့် လုံခြုံရေးနှင့် လူ့အခွင့်အရေးကို မရောထွေးစေဘဲ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန်လိုအပ်သည်။ လုံခြံုရေးအဖွဲ့အစည်းများ အတွက် ၎င်းတို့၏တာန်ဝတ္တရားများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ကန့်သတ်ထားသည့် ဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပါသည်။ ၎င်းအချက်မှာ မိမိတို့နိုင်ငံ၏ လုံခြံုရေးနှင့် အမျိုးသားအကျိုးစီးပွားဖြစ်သည်ကို သတိမလွတ်ကြရန်လိုအပ်ပါသည်။ လုံခြံုမှုမရှိသော တိုင်းပြည်တွင် လွတ်လပ်၍တရားမျှတခြင်းကို တည်ဆောက်၍မရနိုင်ပါ။ အမေရိကန်နိုင်ငံတွင်ပင် Foreign Intelligence Surveillance Act (FISA) Amendments Act of 2008 သည် အကြမ်းဖက်သမားများကို စောင့်ကြည့် စစ်ဆေးရာတွင် အခက်အခဲဖြစ်စေသဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးနိုင်ရန် တိုက်တွန်းနေကြကြောင်း သတိချပ်သင့်ကြပါသည်။
(၂) မိမိတို့၏ ရှေ့တန်းစစ်သည်များကို တိုက်ပွဲအောင်မြင်ရေး နည်းနာများဖော်ထုတ် အကူအညီပေးရန်
စစ်သည်များ တိုက်ပွဲအောင်မြင်ရန်မှာ ကာကွယ်ရေးဦးစီးချုပ်တွင်သာ တာဝန်ရှိသည်မဟုတ်ပဲ အစိုးရအဖွဲ့တစ်ခုလုံးနှင့် လွှတ်တော်တွင်လည်း တာဝန်ရှိသည်ကို သတိပြုရပါမည်။ အစိုးရနှင့် လွှတ်တော်အနေဖြင့် စစ်အင်အားအသုံးပြုမှုကိုစနစ်တကျဖြစ်စေရန်နှင့် ဥပဒေကြောင်းအရ တရားဝင်ဖြစ်စေရန် မူဝါဒများ ၊ ဥပဒေများ ရေးဆွဲပေးရပါမည်။ အမေရိကန်ကဲ့သို့သော စူပါပါဝါနိုင်ငံများတွင် ပုဂ္ဂိုလ်၊ နယ်နမိတ်ကန့်သတ်ချက်မရှိ အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြသည်ကို သိရှိထားစေလိုပါသည်။ ထို့အပြင် အစိုးရအနေဖြင့် မူဝါဒချမှတ်ခြင်းကိုသာ အဓိကထားရန်နှင့် စစ်တပ်၏ စစ်မြေပြင်လုပ်ငန်းတာဝန်များ(operational decisions and procedures) တွင် အသေးစိတ်စီမံခန့်ခွဲမှု (micro-management) မှ ရှောင်ကြဉ်ရန် တွန်းအားပေးနေကြပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ နည်းပညာကုမ္ပဏီများအနေဖြင့်လည်း အကြမ်းဖျက်တိုက်ဖျက်ရေးအတွက် လိုအပ်သည့် စွန့်ဦးတီထွင်မှုများ၊ နည်းပညာအသစ် ဖော်ထုတ်ခြင်းများကို စစ်ဘက်အဖွဲ့အစည်းများနှင့် တွဲဖက်အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဤသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများကို ပြဌာန်းပေးရန် လွှတ်တော်တွင်တာဝန်ရှိပါသည်။
(၃) မိမိတပ်ဖွဲ့များကို ရေရှည်စစ်ပွဲအတွက် ဖွဲ့စည်းပြင်ဆင်ထားရန်
အဆင့်အတန်းမီသော မည်သည့်တပ်မတော်တစ်ရပ်တွင်မဆို ကျယ်ပြန့်၊ များပြားလှသော ဖွဲ့စည်းပုံရှိကြပါသည်။ တစ်ချိန်တည်းတွင် စစ်မျက်နှာနှစ်ခုဖွင့်ရန်မှာလည်း အဆင့်အမြင့်ဆုံး တပ်မတော်များအတွက်ပင် ကန့်သတ်ချက်ရှိပါသည်။ မိမိတို့တပ်မတော်၏ သမရိုးကျစစ်အတွက်ရည်ရွယ်ဖွဲ့စည်းထားသော တပ်ဖွဲ့များသည်လည်း အကြမ်းဖက်တိုက်ဖျက်ရေး နည်းနာများကို ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်သကဲ့သို့၊ အကြမ်းဖက်တိုက်ဖျက်ရေး (သီးသန့်) အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသော အထူးတပ်ဖွဲ့များလည်းရှိရပါမည်။ ထိုတပ်ဖွဲ့များတည်ဆောက်နိုင်ရန်အတွက် လွှတ်တော်နှင့် အစိုးရအနေဖြင့် ဘဏ္ဍာရေးထောက်ပံ့မှု ခေါင်းစဉ်သီးခြားပေးရန်လိုပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ၎င်းတပ်ဖွဲ့များအတွက် ရေရှည်လိုအပ်မည့် လူသားအရင်းအမြစ်၊ နည်းပညာ၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာများကို အသေးစိတ်ပြုစု၍ နိုင်ငံတော်၏တရားဝင်အထောက်အပံ့ရရှိရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတပ်ဖွဲ့များသည် တိုက်ပွဲဝင်အသင့် ဖြစ်နေရန်လိုအပ်ပြီး လက်တွေ့လေ့ကျင့်မှု၊ ချေမှုန်းမှုများ ဆောင်ရွက်စေခြင်းဖြင့် ယုံကြည်မှုနှင့် အတွေ့အကြုံတည်ဆောက်ထားရန်လိုအပ်ပါသည်။ ထိုတပ်ဖွဲ့များရှိနေသည့်တိုင်အောင် သတင်းလက်ဦးမှုသည် အရေးကြီးလှပါသည်။ ထို့ကြောင့် မိမိတို့၏ ထောက်လှမ်းရေးကွန်ရက်များအနေဖြင့် တိကျသောသတင်းကို ကြိုတင်ရရှိနိုင်ရန်လိုအပ်ပါသည်။ ထိုသို့ရရှိရန် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် နယ်မြေကန့်သတ်ချက်မရှိဖြန့်ကျက်ထားနိုင်အောင် ကြိုးစားတည်ဆောက်သွားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်မှု အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
မောင်ကျော်
၀၉၀၉၁၇၁၃၄၁

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၄)


အကြမ်းဖက်သမားများ မိမိနိုင်ငံအတွင်းထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်ရန်
အကြမ်းဖက်သမားများမိမိတို့နိုင်ငံအတွင်းဝင်ရောက်မှုကို ကာကွယ်တားဆီးရန် အဓိကအားနည်းချက်ဖြစ်နေသည့်အချက်များမှာ နယ်စပ်သေဒလုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကဏ္ဍများ ဖြစ်ပါသည်။ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ မြှင့်တင်နေရန်နှင့် အစွန်းရောက်အစ္စလာမ်အကြမ်းဖက်များ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းမှန်သမျှကို ဖြတ်တောက် တားဆီး နိုင်ရန်လိုအပ်ပါသည်။ ထိုသို့တားဆီးနိုင်ရန်အတွက်-
(၁) နယ်မြေဒေသအလိုက် တိကျသောမူဝါဒထားရှိရန်
ထိုမူဝါဒကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက မိမိတို့ နယ်မြေဒေသတွင်ရှိသော အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည့် နည်းလမ်းမှန်သမျှကို ရှာဖွေပြီး ကာကွယ်တားဆီးရေးနည်းဗျူဟာကို ပြည်ထောင်စုအစိုးရသို့တင်ပြရမည်။ ပြည်ထောင်စုအစိုးရမှ ၎င်းမူဝါဒများကို ပေါင်းစည်း၍ နိုင်ငံတော်အဆင့် မူဝါဒတစ်ခုကို ပေါင်းစည်းချမှတ်ပေးရန်လိုအပ်ပါသည်။ ထိုမူဝါဒတွင် အကြမ်းဖက်သမားတို့အား တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းများနှင့် မိမိတို့နိုင်ငံသားများ အကြမ်းဖက်သမားတို့၏ ဆွဲဆောင်စည်းရုံးမှုမခံရစေရေး နည်းလမ်းအားလုံးပါဝင်ရမည်ဖြစ်သည်။ လွှတ်တော်အနေဖြင့် ကော်မတီများဖွဲ့စည်း၍ ပြည်ထောင်စုအစိုးရ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ကူညီပေးရန်လိုအပ်ပါသည်။
(၂) အကြမ်းဖက်သမားဟု သံသယရှိသူများကို ရှာဖွေဖော်ထုတ်၍ မှတ်တမ်းတင်ထားရန်
ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နိုင်ချေရှိသည်ဟု သံသယရှိသည့် ပုဂ္ဂိုလ်မှန်သမျှကို စောင့်ကြပ်ကြည့်ရှုရန်နှင့် အမည်စာရင်းများအားလုံးကို တစ်နေရာတည်းတွင် စုပေါင်းမှတ်တမ်းတင်ထားရန်လိုအပ်ပြီး စောင့်ကြပ်ကြည့်ရှုသည် နည်းပညာများကို အစွမ်းကုန်မြှင့်တင်ရန်လိုအပ်ပါသည်။ ထိုလုပ်ဆောင်ချက်များကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်ရန် လွှတ်တော်မှ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတကာအကြမ်းဖက်သမားများ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွင်း ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးများမှတဆင့် နည်းလမ်းရှာဖွေနိုင်ပါသည်။ အာဆီယံကဲ့သို့သော ဒေသဆိုင်ရာ အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး အဖွဲ့များနှင့်လည်း သဘောတူစာချုပ်များချုပ်ဆိုပြီး နည်းပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပါသည်။
(၃) ခရီးသွားများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို စောင့်ကြည့်ရန်
အကြမ်းဖက်သမားများသည် မိမိတို့နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ်လည်းကောင်း၊ ကျောင်းသား/သူ အဖြစ်လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်ရရှိလိုသူ အဖြစ်လည်းကောင်း၊ ဒုက္ခသည်များအဖြစ်လည်းကောင်း ဝင်ရောက်လာနိုင်ပါသည်။ ဥပဒေ နည်းလမ်းအတိုင်း ဝင်ရောက်ရန်ကြိုးပမ်းခြင်းများဖြစ်သည်။ ထိုနည်းလမ်းများကို အထက်ပါစာရင်းပြုစုထားသော ကိုယ်ရေးအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ကာကွယ်တားဆီးနိုင်ပါသည်။ မျိုးရိုးဗီဇ တိုက်ဆိုင်စစ်ဆေးခြင်း နည်းပညာကဲ့သို့သော အကောင်းဆုံး နည်းပညာများဖြင့် စစ်ဆေးနိုင်ရန် ခေတ်မီလုံခြုံရေးနည်းပညာများကို မြှင့်တင်နေရန်လိုအပ်ပါသည်။ ဗီဇာလုံခြံုရေးကို အထက်ပါနည်းလမ်းများအတိုင်း တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပြီး အကြမ်းဖက်သမားတို့အများဆုံးအသုံးပြုသည့် မိခင်ဘာသာစကားဖြစ်သူများ၊ ဘာသာစကားအထူးတတ်ကျွမ်းသူများဖြင့် ခန့်အပ်ထည့်သွင်းစစ်ဆေးရန်လိုအပ်ပါသည်။ မိမိတို့နိုင်ငံအတွင်းသို့ဝင်ရောက်ရန် ဗီဇာကင်းလွတ်ခွင့် ရရှိထားသော နိုင်ငံများကိုလည်း ၎င်းတို့၏ လုံခြံုရေးဆောင်ရွက်နိုင်စွမ်းပေါ်မူတည်၍ အထူးသတိပြုရန်လိုအပ်ပါသည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံခြားသားမှန်သမျှကို မှတ်တမ်းတင် စောင့်ကြပ်ရန်လိုအပ်သည်။ ၎င်းတို့သည် ဗီဇာသက်တမ်းကုန်ဆုံးချိန်တွင် မိမိနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းရှိမရှိ တိုက်ဆိုင်စစ်ဆေးနေရန်နှင့် စေ့စပ်သေချာသော နိုင်ငံလုံးဆိုင်ရာ နယ်စပ် အဝင်/အထွက် ထိန်းချုပ်ရေးစနစ်ကို တည်ဆောက်ရန်လိုအပ်ပါသည်။ ဒုက္ခသည်များကိုလည်း ရွှေ့ပြောင်းနေထိုင်သူများနည်းတူ အထူးမှတ်တမ်းတင်ထားရှိရန်လိုအပ်ပြီး ဒုက္ခသည်အများအပြားနေထိုင်ရာဒေသများတွင် လုံခြုံရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပြောရေးဆိုခွင့်ကို ဦးစားပေးရန်လိုအပ်ပါသည်။
(၄) နယ်စပ်ဒေသလုံခြုံရေးဆောင်ရွက်ရန် နှင့် ကြိုတင်လက်ဦးမှုရယူရန်
မိမိတို့ပိုင်ဆိုင်သည့် ရှည်လျားသော ကုန်း၊ ရေ နှစ်သွယ် နယ်စပ်ဒေကြီးနှင့် မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်များက အကြမ်းဖက်သမားတို့အတွက် အားထားရာနေရာဒေသဖြစ်သည်။ ပြီးပြည့်စုံသော နယ်စပ်ဒေသလုံခြုံရေးတည်ဆောက်ရန်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမျှ မတည်ဆောက်နိုင်သေးသော ကိစ္စဖြစ်ပါသည်။ သို့သော်လည်း စဉ်ဆက်မပြတ် တည်ဆောက်နေရမည့် လုပ်ငန်းဖြစ်သည်။ နယ်စပ်ဒေသလုံခြံုရေးအတွက် သီးခြားအဖွဲ့အစည်းများဖွဲ့စည်းဆောက်ရွက်ရန်လိုအပ်ပြီး ရေရှည်မဟာဗျူဟာချမှတ်ရန်လိုအပ်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟုဆိုရိုးစကားရှိသည်နှင့်အညီ မိမိတို့နပ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီးကာမှ ဖမ်းဆီးအရေးယူရခြင်းထက် မဝင်ရောက်နိုင်သေးမီကပင် ၎င်းတို့ ပစ်မှတ်ထားရာ လမ်းကြောင်းမှန်သမျှကို ကြိုတင်ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ပြီး ဖြတ်တောက်ထားဆီးနိုင်ရန်လိုအပ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးစားလာမည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် အကြမ်းဖက်သမားများသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြောက်ရွှံ့ထိန့်လန့်နေရလောက်အောင် စိတ်ဓာတ်စစ်ဆင်ရေးမဟာဗျူဟာနှင့် တိကျပြတ်သားသော လုပ်ထုံးလုပ်နည်း ဥပဒေများ ရေးဆွဲပြဌာန်းထားရပေမည်။ (ဆက်ရန်)
မောင်ကျော်
၀၂၀၉၁၇၁၆၄၂

အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၃)

မိမိတို့နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ လူသစ်စုဆောင်းခြင်းနှင့် အစွန်းရောက်အမြင်ပြန့်ပွားမှုကို ကာကွယ်ရန်
အကြမ်းဖက်အဖွဲ့အစည်းများသည် ၎င်းတို့ ပစ်မှတ်ထားရာ နိုင်ငံ (သို့မဟုတ်) ဒေသအတွင်းရှိ နိုင်ငံသားများ နှင့် ဒေသခံများကို အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဓိကပစ်မှတ်ထားပြီး လူသူစုဆောင်းလေ့ရှိပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်ရှိသော အကြမ်းဖက်သမားများ၏ ဘက်တော်သားများ၊ စည်းရုံးခံရနိုင်သူများကို မျက်ခြေမပြတ်စောင့်ကြည့်ရန်နှင့် အစ္စလာမ်အစွန်းရောက်အတွေးအမြင် ပြန့်ပွားမှုများကို ကာကွယ်တားဆီးနိုင်ရန်လိုအပ်ပါသည်။ ထိုသို့ ကာကွယ်တားဆီးနိုင်ရန်-
(၁) မိမိတို့နိုင်ငံအတွင်းရှိ အဖွဲ့အစည်းပေါင်းစုံမှ အစ္စလာမ်မစ်အစွန်းရောက်အမြင်စတင်လာနိုင်သူများနှင့် ပြန့်ပွားလာနိုင်ရာ အရင်းအမြစ်များကို ရှာဖွေသိရှိနိုင်စေရန်
နိုင်ငံတကာတွင် သက်ဆိုင်ရာနိုင်ငံအလိုက်အဖွဲ့အစည်းပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့် အကြမ်းဖက်လုပ်ငန်းများနှင့် အစွန်းရောက်အမြင်ပြန့်ပွားနိုင်ချေများကို တားဆီးကာကွယ်နိုင်ခဲ့သည့် သာဓကများစွာရှိပါသည်။ ဤသို့ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် ငွေကြေး၊ လေ့ကျင့်ပညာပေးရေး နှင့် ကိုယ်ပိုင်ခံယူချက်များက အဓိကကျပါသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ စနစ်ကျသော ကွန်ရက်များ တည်ဆောက်ရန်လိုပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဖွဲ့အစည်းပေါင်းစုံပါဝင်သော အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကျင်းပပေးရမည်ဖြစ်သည်။ ၎င်းဆွေးနွေးပွဲများတွင် အကြမ်းဖက်ဝါဒ အစပျိုးနိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ရှာဖွေဆွေးနွေးကြရုံသာမက အနာဂတ်တွင် ဖြစ်လာနိုင်ချေရှိသည့် အကြမ်းဖက်လုပ်ငန်းများအတွက်လည်း ဦးနှောက်မုန်တိုင်းဆင်ကြရန်လိုသည်။ ထိုရလာဒ်များကို ပြည်ထောင်စုအစိုးရက ပေါင်းစည်း ဖလှယ်ပေးပြီး သတင်းထုတ်ပြန် မှတ်တမ်းတင်ခြင်းလုပ်ငန်းကို နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည်ဖြစ်သည်။
(၂) ၎င်းတွေ့ရှိချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ငန်းကို ဆောင်ရွက်မည့်သူကို ၎င်းလုပ်ငန်းမကျူးလွန်မီအချိန်တွင် ဥပဒေကြောင်းအရတရားစွဲဆို အရေးယူနိုင်ရန်အချက်မှာ အတော်လေးခက်ခဲပါသည်။ ထို့ကြောင့် အကြမ်းဖက်လုပ်ငန်းနှင့် အကြမ်းဖက်ဝါဒကို ကာကွယ်တာားဆီးမည့် လုံခြုံရေးတပ်ဖွဲ့များ၊ သင်ကြားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ တရားလိုအနေဖြင့် ဥပဒေကြောင်းအရ တရားစွဲဆိုမည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ အတွက် တိကျသော လုပ်ထုံးလုပ်နည်း ဥပဒေများရေးဆွဲသတ်မှတ်ပေးရန်အတွက် လွှတ်တော်၌ တာဝန်ရှိပါသည်။ သတိပြုရန်မှာ မြန်မာနိုင်ငံအတွင်းရှိ ရှိရင်းစွဲ မွတ်စလင်ဘာသာဝင်များကို နှိမ့်ချခွဲခြားသည့် ပုံစံမဖြစ်စေဘဲ၊ ၎င်းတို့အနေဖြင့်လည်း အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေးတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာစေရန် ဆွဲဆောင် ပညာရေးပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အစိုးရအနေဖြင့် တာဝန်ရှိပါသည်။
(၃) တန်ပြန်ဝါဒဖြန့်ချီရန်
အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချီမှုနှင့် လူသစ်စုဆောင်းနေမှုများကိုတားဆီးရန် တန်ပြန်ဝါဒဖြန့်ချီခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ရပါမည်။ ထိုသို့ဝါဒဖြန့်ချီရာတွင် သက်ဆိုင်ရာအစိုးရ၏ အသံမဖြစ်စေဘဲ ပြည်သူတစ်ရပ်လုံး၏ အသံဖြစ်အောင် ဆောင်ရွက်ပုံဖော်နိုင်ရန် လွှတ်တော်၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလိုအပ်ပါသည်။ အစိုးရအလိုကျသတင်းစကားများကို ဖြန့်ဖြူးနေခြင်းမျိုးထက် အကြမ်းဖက်ခေါင်းဆောင်ဟောင်းများ၏ ပြောကြားချက်များ၊ ပညာပေးမှုများ၊ ဖြစ်ရပ်မှန်များ၊ အကြမ်းဖက်သမားတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများ၏ ဖြစ်ရပ်မှန်သတင်းစကားများ၊ အစွန်းမရောက်သည့် ဘာသာရေးခေါင်းဆောင်များ၏အသံများနှင့် အကြမ်းဖက်ဝါဒကို မလိုလားသူအားလုံး၏ ပြောကြားချက်များ စသည်တို့ကို ဦးစားပေးရပါမည်။ တန်ပြန်ဝါဒဖြန့်ချီခြင်းကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန်လိုအပ်ပြီး အင်တာနက် နှင့် နည်းပညာကျွမ်းကျင်သူပညာရှင်များ ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ လူမှုကွန်ရက် လှုပ်ရှားမှုများသည် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ငန်းများကို တိုက်ဖျက်ရန် ရှေ့တန်းနယ်မြေတစ်ခုဖြစ်ကြောင်း သဘောပေါက်ရမည်။ အစိုးရအနေဖြင့် ၎င်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးအထောက်အပံ့ကို လိုအပ်သည့် ပုံစံဖြင့် စီမံရမည်။
(၄) အကျဉ်းထောင်များသည် အကြမ်းဖက်အစွန်းရောက်ဝါဒ စတင်ကြီးထွားရှင်သန်ရာနေရာ မဖြစ်စေရန်
အကြမ်းဖက်သမားများသည် လူသစ်စုဆောင်းရန်နှင့် အစွန်ရောက်အမြင်ပြန့်ပွားရန်အတွက် အကျဉ်းထောင်များကို ဦးစားပေးရွေးချယ်လေ့ရှိသည်။ အကျဉ်းထောင်များတွင် ဥပဒေကိုချိုးဖောက်ရန် လက်ပွန်းတတီးရှိပြီး ဝန်မလေးသည့် အရင်းအမြစ်များအလွယ်တကူ တစ်စုတစ်ဝေးတည်း တည်ရှိနေရာ နေရာဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်ဝါဒဖြန့်ချီမည်ဟု သံသယရှိသော သူများကို သာမာန်အကျဉ်းသားများနှင့် သီးခြားခွဲထုတ်ထားရန်လိုအပ်ပါသည်။ ရောနှောနေသည်ဟု ထင်မြင်ယူဆပါကလည်း ခွဲထုတ်နိုင်ရန်အတွက် အဆက်မပြတ်သတင်းရှာဖွေဖော်ထုတ်နေရန်လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် လုံလောက်သော အဆောက်အဦ၊ လုံခြုံရေးနှင့် တိကျသော အမိန့်နှင့်ညွှန်ကြားချက်များရှိရပါမည်။ အကျဉ်းသားများသည် အကြမ်းဖက်သမားများ၏ သားကောင်များ ဖြစ်မသွားစေရန် အလွန်အရေးကြီးပါသည်။ (ဆက်ရန်)
မောင်ကျော်
၀၁၀၉၁၇၁၃၃၉

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၂)

၎င်းမူဝါဒ (၉) ချက်အတွက် ဆောင်ရွက်ရန်များကို ကဏ္ဍအလိုက်ရှင်းလင်းပေးသွားပါမည်။
အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီး တိုက်ဖျက်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်းကို ကာကွယ်ရန်
၎င်းကဏ္ဍတွင် နိုင်ငံအတွင်းရှိ သတင်းထောက်လှမ်းစုဆောင်းသည့် အဖွဲ့အစည်းများအကြား အပြန်အလှန်သတင်းမျှဝေဖလှယ်မှုရှိရန်နှင့် အကြမ်းဖက်အဖွဲ့အစည်းများကို နှောင့်ယှက်ဖျက်ဆီးနိုင်သော စွမ်းရည်ပြည့်ဝနေစေရန် အရေးကြီးပါသည်။ မိမိတို့ လူ့အဖွဲ့အစည်းအနေဖြင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားရန်လိုအပ်ပြီး၊ တိုက်ခိုက်ခံရပြီးချိန်တွင် ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ပြန်လည်တည်ဆောက်နိုင်စွမ်း မြင့်မားရန်လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်-
(၁) ရှေ့တန်းကျကျကာကွယ်ရသူများအနေဖြင့် အကြမ်းဖက်များ၏ လျှို့ဝှက်အကြံအစည်များကို ဖော်ထုတ် တားဆီးနိုင်ရန်
မိမိတို့ရင်ဆိုင်နေရသော အကြမ်းဖက်သမားများသည် အတော်လေး ကျွမ်းကျင်လျင်မြန်ကြပါသည်။ ၎င်းတို့စုဆောင်းမိသည့် အင်အားကို အကြမ်းဖက်လုပ်ငန်းဆောင်ရွက်မှုပိုင်းတွင် ကျွမ်းကျင်လျင်မြန်မှုရှိအောင် လေ့ကျင့်ပြောင်းလဲပေးထားကြသည်။ ထို့ကြောင့် ရှေ့တန်းကျကျကာကွယ်ရသူများထံသို့ သတင်းအချက်အလက်လျင်မြန်စွာ စီးဆင်းနိုင်ရန်မှာ အလွန်အရေးကြီးပြီး အစိုးရအနေဖြင့် ၎င်းအဖွဲ့များနှင့် နီးနီးကပ်ကပ်ထိတွေ့နေသင့်ပါသည်။ သတင်းထောက်လှမ်းသည့်အဖွဲ့အစည်းများအနေဖြင့် လျင်မြန်စွာသတင်းရယူနိုင်ရန် လိုအပ်သော အရင်းအမြစ်များ၊ လုပ်ပိုင်ခွင့်အာဏာ များရှိနေရပါမည်။
အစိုးရအနေဖြင့် နည်းပညာအပြောင်းအလဲကို သတိမလစ်ရန်လိုသည်။ ဥပမာအားဖြင့် အကြမ်းဖက်သမားများ၏ သတင်းဖြန့်ဝေမှုများကိုစောင့်ကြည့်ရန်၊ လူပုဂ္ဂိုလ်များ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းရန်အတွက် လိုအပ်သော စုံစမ်းထောက်လှမ်းမှုများကိုပြုလုပ်ရန် လူမှုကွန်ရက်များ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါသည်။ ဤသို့ဆောင်ရွက်စဉ်တွင် မသက်ဆိုင်သူများ၏ သတင်းအချက်အလက်လုံခြုံမှုကို မဖောက်ဖျက်မိရန်လည်းအရေးကြီးပါသည်။ မိမိတို့၏ အမျိုးသားလုံခြံုရေးကို ကာကွယ်ဆောင်ရွက်နေသူများအနေဖြင့် “ ဖောက်ထွက်တွေးခေါ်ပါ။ သို့သော် အခြေခံဥပဒေကို မကျော်လွန်ပါနှင့်” (Think ouside the box, but never outside the constitution) ဟူသည့် အမှန်တရားကို လိုက်နာရန်လိုအပ်ပါသည်။
(၂) အကြမ်းဖက်သမားများကို ကျည်လွတ်မြေ (သို့) စိတ်ကွယ်ရာ သို့မရောက်အောင် တားဆီးနိုင်ရန်
မြန်မာနိုင်ငံကဲ့သို့ အကြမ်းဖက်သမားများကို သွယ်ဝိုက်၍အားပေးထောက်ခံနေသော အိမ်နီးချင်းကိုရရှိထားသောနိုင်ငံအတွက် ၎င်းအချက်ကို ဆောင်ရွက်ရန် ကန့်သတ်ချက်များစွာရှိနေသော်လည်း သတိပြုရမည့်အချက်ဖြစ်ပါသည်။ အကြမ်းဖက်သမားများသည် ရုပ်ပိုင်းဆိုင်ရာ လုံခြုံသောနေရာများကို ခြေကုပ်ယူကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အသေးစိတ်စီမံ ပြင်ဆင်ကြပါသည်။ အကြမ်းဖက်အစီအစဉ်များကို လျှို့ဝှက်ဆောင်ရွက်ရန် လုံခြံုမှုရှိသောစာတို ပို့စနစ်များကို အသုံးပြုကြသည်။ ၎င်းအချက်မှာ သတင်းထောက်လှမ်းရေးအဖွဲ့များကို မျက်စိကန်းအောင် ပြုလုပ်ရန်အကောင်းဆုံး ကွန်ယက်ဖြစ်ပါသည်။ ၂၁ ရာစုအတွင်း အကြမ်းဖက်လုပ်ငန်းများကို တားဆီးတိုက်ဖျက်ရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ လုံခြံုရေးသည် အင်တာနက်ကွန်ရက်အတွက် မရှိမဖြစ်အရေးပါနေသည့်အတွက် ထိုလုံခြံုရေးအားနည်းချို့ယွင့်ခဲ့ပါက အခြားမလိုလားအပ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။
၎င်းအချက်ကို တန်ပြန်နိုင်ရန်အတွက် လွှတ်တော်အနေဖြင့် နည်းပညာရှင်များ၊ လူမှုသတင်းအချက်အလက်လုံခြုံရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ စာပေရပ်ဝန်းမှ ပညာရှင်များ၊ ထောက်လှမ်းရေး ခေါင်းဆောင်များ နှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအားလုံးပါဝင်သော အမျိုးသားသတင်းအချက်အလက်နှင့် ဒစ်ဂျစ်တယ်နည်းပညာ လုံခြံုရေး ကော်မတီကို ဖွဲ့စည်းကာ ထိုစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ဘုံသဘောတူညီချက်မူဘောင်တစ်ခုကို တည်ဆောက်သင့်ပါသည်။ ထိုကော်မရှင်သည် လူထု၏သတင်းအချက်အလက်လုံခြံုရေးကို ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ အမျိုးသားလုံခြံုရေးအဖွဲ့အစည်းများအတွက် အကြမ်းဖက်လုပ်ငန်းများကို ဥပဒေနှင့်အညီ စောင့်ကြပ်ခြင်း၊ စုံစမ်းခြင်းများ ပြုလုပ်နိုင်ရန် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
(၃) နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍများနှင့် အခြားအရေးကြီး အခြေခံအဆောက်အဦများကို ကာကွယ်ရန်
၎င်းအချက်မှာ နားလည်ရလွယ်ကူပြီး နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှန်သမျှ၏ လုံခြုံမှုကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ မိမိနှင့် ဆက်ဆံကူးလူးနေသော နိုင်ငံများမှ သယ်ယူပို့ဆောင်ရေးအဝင်၊ အထွက်များကိုလည်း သတိပြုရန်လိုအပ်ပါသည်။ အခြားအရေးကြီး အခြေခံအဆောက်အဦများဖြစ်သော ကာကွယ်ရေး၊ စီပွားရေး၊ စွမ်းအင်နှင့် လူ့စွမ်းအားအရင်းအမြစ် စသောကဏ္ဍပေါင်းစုံပါဝင်နေပါသည်။ ဤနေရာတွင် ၎င်းအခြေခံအဆောက်အဦများ၏ အင်တာနက်ကွန်ရက်လုံခြံုရေးနှင့် လက်ရှိခေတ်ပေါ် ဒရုန်းများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးပါသည်။ အကြမ်းဖက်သမားများသည် ၎င်းတို့၏ အဖျက်လုပ်ငန်းမှန်သမျှတွင် အသုံးချနိုင်သော ပစ္စည်းမှန်သမျှကို ထည့်သွင်းစဉ်းစားပြီးဖြစ်သည်ကို မမေ့သင့်ပေ။ အကြမ်းဖက်လုပ်ငန်းကို ကာကွယ်တိုက်ဖျက်ရန်သည် အစိုးရအတွက် ထိန်တန်းသုတေသနလုပ်ငန်းတစ်ခုဖြစ်နေသင့်ပြီး၊ လူစုလူဝေးနေရာများ၊ အရေးကြီး အင်တာနက်စာမျက်နှာများနှင့် ဖြစ်နိုင်ခြေရှိသော ပစ်မှတ်မှန်သမျှကို ကာကွယ်ရန်အတွက် ပုပ္ပလိက ကဏ္ဍ၏ တီထွင်ဆန်းသစ်မှုကို အားပေးရန်လိုအပ်ပါသည်။
(၄) အဖွဲ့အစည်းများအားလုံး လုံခြုံရေးသတိ၊ အသိရှိအောင် ကြိုတင်ပြင်ဆင်မှုရှိနေစေရန်
နိုင်ငံအတွင်းရှိအဖွဲ့အစည်းများ ကွန်ရက်များအားလုံးသည် အကြမ်းဖက်လုပ်ရပ်ကို လျင်လျင်မြန်မြန်တုန့်ပြန်ကာကွယ်နိုင်ရန်နှင့် လျင်လျင်မြန်မြန် ပြန်လည်တည်ဆောက်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ပြင်ဆင်ထားသင့်ပါသည်။ အကြမ်းဖက်အုပ်စုများမှာ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များကို ရရာပစ္စည်းများဖြင့်ပြုလုပ်နိုင်စွမ်းရှိသည့် “Do-it-youself” terro များဖြစ်ကြပါသည်။ ထို့ကြောင့် အချိန်မီ ဖော်ထုတ်ဟန့်တားနိုင်ရန် အလွန်ခက်ခဲပါသည်။ လုံခြုံရေးအဖွဲ့အစည်းများကို လျင်လျင်မြန်မြန်တုန့်ပြန်ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားပေးထားရန်လိုအပ်ပါသည်။
၎င်းအချက်ကို အကောင်အထည်ဖော်ရန်မှာ “တစ်စုံတစ်ခုမင်္သကာဖွယ်တွေ့သည်နှင့် သတင်းပို့သောစနစ်” (See-something-say-something) ပင်ဖြစ်ပါသည်။ ဤသို့ သတင်းပို့စနစ်ပီပြင်လာရန်အတွက် မြို့ပြတွင်သာမက ကျေးလက်နေ ပြည်သူများအကြားသို့ရောက်အောင် အသိပညာပေးရန်လိုအပ်ပါသည်။ ဤသို့သတင်းပို့ရန်မှာ နယ်မြေဒေသအရ ကန့်သတ်ချက်ရှိနိုင်သဖြင့် တယ်လီဖုန်း၊ စာတိုပို့စနစ် စသည်ဖြင့် အစိုးရမှ လမ်းကြောင်းတည်ဆောက်ပေးထားရန်လိုသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဝင်ရောက်ပစ်ခတ်ခံရခြင်း၊ ဖောက်ခွဲခံရခြင်းစသည့် ဖြစ်လေ့ဖြစ်ထရှိမည့်ပုံစံများကို ဇာတ်တိုက်လေ့ကျင့်ပေးခြင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံလာရပါက မည်သို့ တုန့်ပြန်ဆောင်ရွက်ရမည်ကို ပြည်သူလူထုသို့ အသိပညာပေးနိုင်ပါသည်။ အခြားသော ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်း အကြမ်းဖက်သမားများ၏ ကျင့်သုံးလာနိုင်သော နည်းလမ်းအသစ်များနှင့် တားဆီးတိုက်ဖျက်ပုံများကို မျက်ခြေမပြတ်လေ့လာစောင့်ကြည့်နေသင့်ပါသည်။
(၅) မိမိတို့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ သတင်းအချက်အလက်စီးဆင်းမှုစနစ်ကို ပြင်ဆင်ဖွဲ့စည်းခြင်း
အကြမ်းဖက်သမားများသည် လျှပ်စီးကဲ့သို့လျင်မြန်ခြင်းနှင့် ဆောင်ရွက်နေချိန်တွင် မိမိတို့၏ လိပ်ကဲ့သို့နှေးကွေးသော ဗြူရိုကရက်တစ်ယန္တရားဖြင့် ရင်ဆိုင်ရန် မသင့်လျော်ပါ။ ထို့ကြောင့် ၎င်းအဖွဲ့အစည်းများအတွင်းရှိ မလိုအပ်သော ကြိုးနီစနစ်များကို ပြင်ဆင်ပြောင်းလဲသင့်ပြီး အလိုအပ်ဆုံးလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်ရန်လိုအပ်ပါသည်။ ပြီးခဲ့သော တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရင်းဖြင့် သာယာမနေပဲ၊ ယနေ့မြင်တွေ့နေရသော အခြေအနေနှင့် နောင်လာမည့် အကြမ်းဖက်မှုများကို ရင်ဆိုင်ရန် ကြိုတင်မြော်တွေးပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။ လွှတ်တော်အနေဖြင့်လည်း လုံခြုံရေးအသိပညာ ပြည့်ဝရန်လိုအပ်ပြီး သတင်းအချက်အလက်မြန်ဆန်ရန်၊ ကျစ်လစ်ရန်၊ ထိရောက်ရန် ကော်မတီများဖွဲ့စည်း၍ အကြံဉာဏ်ပေးမှုများ ၊ တွန်းအားပေးမှုများ လိုအပ်ပါသည်။ (ဆက်ရန်)
မောင်ကျော်
၂၈၀၈၁၇၁၇၅၂

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေးမဟာဗျူဟာ (၁)

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနကို အယ်ခိုင်ဒါအကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရအပြီးတွင် အစွန်းရောက်အကြမ်းဖက်မှုဟူသော ခေါင်းစဉ်သည် စာရေးသူတို့ လူမှုအသိုင်းအဝိုင်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ခပ်ကြမ်းကြမ်းရောက်ရှိလာခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှု မတိုင်မီကပင် အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များ ရှိနေသော်လည်း ထိုသို့တိုက်ခိုက်ခံရပြီးချိန်မှစ၍ အကြမ်းဖက်ဝါဒမှာ မဟာဗျူဟာချမှတ်၍ တိုက်ဖျက်ရမည့်ခေါင်းစဉ်အောက်သို့ တရားဝင်ရောက်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုဖြင့် အကြမ်းဖက်ဝါဒကို မဟာဗျူဟာချမှတ်ပြီးတိုက်ဖျက်ခဲ့ပါသော်လည်း ဆယ်စုနှစ်နှစ်ခုနီးပါးအချိန်ကို ဖြတ်ကျော်ပြီးသည့်တိုင်အောင် အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ပါးမသွားဘဲ ပို၍ပို၍သာ တိုးလို့လာနေပါသည်။ အယ်ခိုင်ဒါမှသည် အီရတ်အစ္စလာမ်မစ်နိုင်ငံတော်၊ ဆီရီးယား (ISIS) စသည်ဖြင့် ပိုမိုကျယ်ပြန့်၍သာ တိုးပွားလာခဲ့ပါသည်။ ၎င်းတို့၏ မြေနေရာ၊ အယူဝါဒနှင့် အင်အားကို တစ်ဆထက်တစ်ဆ တိုးပွားအောင် ကြံဆောင်လျက်ရှိကြပါသည်။ မည်သို့ဆိုစေကာမူ အကြမ်းဖက်ဝါဒသည် စာရေးသူတို့၏ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို ခြိမ်းခြောက်လျက်ရှိနေသည်မှာ ငြင်းဆန်၍မရသော အမှန်တရားပင်ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များက ၎င်းဝါဒမည်မျှ ကျယ်ပြန့်ကူးစက်လျက်ရှိကြောင်းသက်သေခံနေသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးတွင် ထိုအကြမ်းဖက်ဝါဒ ကူးစက်ပြန့်ပွားရန်အတွက် ဘာသာရေးအယူအဆကွဲပြားခြားနားခြင်း၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး နိမ့်ကျနေခြင်း၊ အကြမ်းဖက်သမားတို့ အလွယ်တကူဝင်ထွက်သွားလာနိုင်ပြီး ကွန်ရက်ကောင်းတစ်ခုတည်ဆောက်နိုင်သည့် နယ်စပ်ဒေသတစ်ခုဖြစ်နေခြင်း၊ ၎င်းလုပ်ရပ်များကို ပံ့ပိုးပေးနိုင်သည့် အိမ်နီးချင်းရရှိထားခြင်း စသည့် ရေခံမြေခံကောင်းများရှိနေပါသည်။ ထို့ကြောင့် လက်ရှိရင်ဆိုင်နေရသော ခြိမ်းခြောက်ခံနေရမှုများသည် ရေတိုသဘောမဆောင်ဘဲ မြန်မာနိုင်ငံကြီး တည်ရှိနေသ၍ ရင်ဆိုင်ရမည့် ရေရှည်ခြိမ်းခြောက်မှုများဖြစ်သည်ဟု ခံယူထားကြစေလိုပါသည်။ ထို့ပြင် အကြမ်းဖက်ဝါဒသည် မိမိတို့နိုင်ငံတစ်ခုသာ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုမဟုတ်ဘဲ ကမ္ဘာ့လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ခြိမ်းခြောက်နေသည့်ကိစ္စဖြစ်ကြောင်းလည်း နားလည်စေလိုပါသည်။
အစ္စလာမ်မစ်အကြမ်းဖက်များသည် ဘာသာရေးကိုလိုအပ်သလိုခုတုံးလုပ်၍ နိုင်ငံရေးအစွန်းရောက်အယူဝါဒတစ်ခုအသွင် ပုံဖော်ထားကြပါသည်။ ၎င်းတို့၏အန္တိမရည်မှန်းချက်မှာ ရှေးဟောင်းဘာသာရေးစာပေများထဲမှအချက်အလက်များကို လိုအပ်သလိုပုံဖော်၍ အမျိုးမျိုးကွဲပြားနေကြသော်လည်း အဓိကရည်မှန်းချက်မှာ အစ္စလာမ်မစ်အင်ပါယာကြီး (Caliphate) ထူထောင်ရန် ဖြစ်ပါသည်။ Terrorism ဆိုသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်အထမြောက်အောင်မြင်ရန်အတွက် အကြမ်းဖက်ဝါဒဟူသော နည်းဗျူဟာကိုကျင့်သုံးခြင်းဖြစ်သည်ဟု နားလည်နိုင်ပါသည်။ မယုံကြည်သူ (unbelievers) အားလုံးကို ရန်သူအဖြစ်လည်းကောင်း၊ ဖောက်ပြန်ရေးသမား (apostate) အဖြစ်လည်းကောင်း သတ်မှတ်ထားပါသည်။ ထိုသူများအားလုံးကို ဂျီဟတ် ဆင်နွှဲပြီး အစ္စလာမ်မစ်နိုင်ငံတော်ကြီး ထူထောင်ရမည်ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံအနောက်ဖက် တံခါးတွင်ရင်ဆိုင်နေရသော အဖြစ်အပျက်များသည် မယုံကြည်သူ လူမျိုး၊ဘာသာမရွေး ဂျီဟတ်ဆင်နွှဲပြီး လွတ်မြောက်နယ်မြေ ကြေညာမည့် အဆင့်သို့ရောက်လာခဲ့ပြီဖြစ်ပါသည်။
ထို့ကြောင့်ပင် ယခုအချိန်မှစ၍ စာရေးသူတို့နိုင်ငံအတွက် အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် မဖြစ်မနေလိုအပ်လျက်ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံများတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် လက်ပွန်းတတီး အရှိဆုံးမှာ အမေရိကန်နိုင်ငံဟုပင် ဆိုရပါမည်။ ကိုယ်တိုင် အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်ခဲ့သလို အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲများလည်း ဆင်နွှဲခဲ့ပါသည်။ ဆင်နွှဲနေရဆဲလည်း ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး မဟာဗျူဟာများကို ရှာမှီးပါက မြန်မာနိုင်ငံအတွက် အခြေခံမူများရလာနိုင်သည့် အလားအလာကောင်းများရှိနေသဖြင့် စာရေးသူလေ့လာမိသမျှ အချက်အလက်များကို ဝေမျှလိုက်ရပါသည်။
၂၀၁၆ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ၏ House Homeland Security Committee မှ အသစ်ထပ်မံထုတ်ပြန်ခဲ့သော အကြမ်းဖက်တိုက်ဖျက်ရေးမဟာဗျူဟာတွင်-
(၁)အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီး တိုက်ဖျက်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်းကို ကာကွယ်ရန်
(၂)ပြည်တွင်းမှ လူသစ်စုခြင်းနှင့် အစွန်းရောက်အမြင်ပြန့်ပွားမှုကို ကာကွယ်ရန်
(၃)အကြမ်းဖက်သမားများကို နိုင်ငံအတွင်းမှ မောင်းထုတ်ရန်
(၄) အကြမ်းဖက်သမားများကို တိုက်ခိုက်ရန်
(၅) အကြမ်းဖက်သမားများ၏ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ရန်နှင့် ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက်ရန်
(၆) အကြမ်းဖက်သမားများ လက်တွင်းသို့ လက်နက်နှင့် ဖျက်အားပြင်းလက်နက်များ မရောက်ရှိအောင် တားဆီးရန်
(၇) အကြမ်းဖက်သမားများကို စစ်မြေပြင်သို့ပြန်မရောက်နိုင်အောင် တားဆီးရန်
(၈) အကြမ်းဖက်ကွန်ရက် မပြန့်ပွားရန်နှင့် ၎င်းတို့အတွက် လုံခြုံသောနေရာမရှိရအောင် ဆောင်ရွက်ရန်
(၉) အယူဝါဒရေးရာစစ်ပွဲမှာ နိုင်အောင်တိုက်ရန်
စသည့် မူဝါဒ(၉)ချက်ကို အခြေခံထားသည်ကိုတွေ့ရပါသည်။(ဆက်ရန်)
မောင်ကျော်
၂၈၀၈၁၇၁၃၃၁

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၈-ဆုံး)

Schiff ရဲ့ “Concordance theory” အကြောင်းမပြောခင် Sarkesian ရဲ့ အမြင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ်။ စစ်ဘက်ဆိုင်ရာမှာ အတွေ့အကြုံမရှိတဲ့လူတွေသည် စစ်ဘက်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို ပိုင်ခြားနိုင်စွမ်းမရှိကြပါဘူး။ အထူးသဖြင့် စစ်ဘက်ရဲ့ အတွင်းပိုင်းကိစ္စတွေ အရွေ့တွေမှာ နားမလည်ပါဘူး။ ဒီလို စစ်ဘက်နဲ့ ဝေးကွာလာမှုတွေကပဲ လူ့အဖွဲ့အစည်းရဲ့ စစ်ဘက်အခန်းကဏ္ဍဆိုင်ရာကိစ္စတွေကို အမှားအမှန်ဆန်းစစ်ခြင်းတွေမှာ အားနည်းလာပြီး၊ ဒီကိစ္စတွေမှာ ဝင်ရောက် အဆုံးအဖြတ်ပေးလို့မရတော့ဘူး လို့ဆိုပါတယ်။ စစ်ဘက်နဲ့ အရပ်ဘက်အကြား လုပ်ငန်းသဘာဝ ကွာဟမှုကြောင့် သူ့အလိုလို အက်ကြောင်းဖြစ်လာတာကိုဆိုလိုတာပါ။ စစ်ဘက်နဲ့ အရပ်ဘက်အကြားမှာ အဖွဲ့အစည်းပုံသဏ္ဍာန်အဖြစ် ခွဲခြားရှုမြင်ကြရင်းက တစ်ဘက်နဲ့ တစ်ဘက် ဝေးကွာလာတဲ့သဘောပါ။ ဒီလိုကြောင့် အရပ်ဘက်အနေနဲ့ စစ်ဘက်ရဲ့ အလုပ်က ငါတို့အလုပ်မဟုတ်ဘူးလို့ ရှုမြင်လာခြင်းမျိုးနဲ့ ဆင်တူပါတယ်။
ဒါကြောင့်ပဲ Schiff က စစ်ဘက်နဲ့ အရပ်ဘက်အကြား အင်စတီကျူးရှင်း တစ်ခုခြင်းစီအနေနဲ့ ခွဲခြားရှုမြင်ပြီး ပြောဆိုဆွေးနွေးနေကြတာကို “separation theories” များလို့ဆိုထားပါတယ်။ စစ်ဘက်ရဲ့ နိုင်ငံရေးထဲကြားဝင်မှုကို တားဆီးခြင်လို့ ဒီလိုခွဲခြားရှုမြင်လာရင်းကပဲ အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန်စစ်တပ်အကြားမှာ ယဉ်ကျေးမှုအရကင်းကွာခြင်း၊ အဆက်ပြတ်ခြင်းမျိုးတွေ ဖြစ်လာတယ်။ အဲ့ဒီ့ကနေ အရပ်ဘက်က စစ်ဘက်အပေါ် လေးစားခြင်းအားနည်းလာတယ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အားနည်းလာပါတော့တယ်။ ဒီကိစ္စက ပြင်ပစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ပြဿနာတတ်တော့တာပါပဲ။ ဒီအက်ကြောင်းကို အီရတ်နဲ့ အာဖဂန် စစ်မြေပြင်တွေမှာ သတိထားမိလာကြတယ်။ လူထုရဲ့ပူးပေါင်းပါဝင်မှုကို အားရကြေနပ်လောက်အောင် မတွေ့ရဘူး။ အမေရိကန်ရဲ့ ဗီယက်နမ်စစ်ပွဲမျိုးဆက်ရဲ့ အတွေးအခေါ်က ၉/၁၁ ဒဏ်ခံရတဲ့ မျိုးဆက်အပေါ် သက်ရောက်မှုရှိလာတာမျိုးပါ။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုတာသည် ရေရှည်နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အတွက် အရးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးအောင်မြင်ပြီးတဲ့လူ့အဖွဲ့အစည်းတွေကတော့ အမေရိကန်အပါအဝင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေ ပါဝင်ပါတယ်။ အနောက်ပုံစံ ဒီမိုကရေစီမဟုတ်လို့ နိုင်ငံတည်ဆောက်ရေးကြီး မအောင်မြင်ဘူးရယ်လို့ ဆိုလို့မရပါဘူး။ တရုတ်နဲ့ ရုရှားတို့က ဥပမာဖြစ်ပါတယ်။ လုံးဝပျက်ယွင်းသွားတဲ့ နိုင်ငံတစ်ခုကို ပြန်လည်တည်ဆောက်ရတဲ့ ထင်ရှားတဲ့ ဥပမာတွေကတော့ အီရတ်နဲ့ အာဖဂန်မှာ nation-building လုပ်ဖို့ ကြိုးပမ်းနေကြတာ၊ ဒုတိယကမ္ဘာစစ်အပြီးက ဂျပန်နဲ့ ဥရောပ နိုင်ငံတစ်ချို့ ပြန်လည်တည်ဆောက်ခဲ့ရတာကို နမူနာယူနိုင်ပါတယ်။ အမေရိကန်အနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နဲ့ ဥရောပက နိုင်ငံတည်ဆောက်ရေးတွေမှာ ပြဿနာကြီးကြီးမားမားမရှိခဲ့ပေမယ့် အီရတ်တို့ အာဖဂန် တို့လို ယဉ်ကျေးမှု၊ အတွေးအခေါ် အယူအဆ ကွဲပြားခြားနားတဲ့နိုင်ငံတွေကို အမေရိကန်ပုံစံဒီမိုကရေစီသွတ်သွင်းတဲ့ နေရာမှာ ပြဿနာရှိလာပါတော့တယ်။ ဒါကြောင့် ယဉ်ကျေးမှုတွေ၊ တန်ဖိုးတွေ၊ သမိုင်းကြောင်းတွေကလည်း အရေးကြီးတယ်ဆိုတာကို အမေရိကန်ပညာရှင်တွေ တွေးလာကြတာ။
၁၇၉၀ လောက်ကနေစခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံတည်ဆောက်ရေးသည် နှစ် ၁၀၀ လောက်ကြာခဲ့တယ်။ ၁၈ ရာစုအစောပိုင်းလောက်မှ အောင်မြင်မှုအဆင့်ကို ရောက်တယ်လို့ ပညာရှင်တွေ သုံးသပ်ကြတယ်။ ဒီကြားတည်း အမေရိကန်သည်လည်း ခရီးကြမ်းကိုဖြတ်သန်းခဲ့ရတာပဲ။ ဒါကြောင့်လည်း နိုင်ငံတည်ဆောက်ရေးဆိုတာ ခုချက်ခြင်းထလုပ် ခုချက်ခြင်းပြီးတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ရေရှည်တည်ဆောက်ရတဲ့ ဆင့်ကဲဖြစ်စဉ် “evolution process” ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နဲ့ နိုင်ငံရေးနောက်ခံ၊ ဘာသာရေးအယူအဆ၊ ယဉ်ကျေးမှု၊
တန်ဖိုးထားမှုတွေ အသွင်မတူတဲ့ နိုင်ငံတွေမှာ (အဝိုင်းကြီးထဲ လေးထောင့်ကြီးထိုးထည့်နေသလို) အနောက်ပုံစံသွတ်သွင်းနေကြတာဟာဖြင့် မတရားဘူးလို့ တွေးတတ်လာတယ်။
ဒါကြောင့် ဟိုပုံစံ၊ ဒီပုံစံတွေဆိုတာ အသာထားလို့ ဘယ်နေရာ၊ ဘယ်ပုံစံနဲ့မဆို အံဝင်မယ့် သီအိုရီတစ်ခုကို ၂၀၀၉ ခုနှစ်မှာ Schiff က အသက်သွင်းလိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုသိထားစေချင်တာက ဒီသီအိုရီပေါ်ခဲ့တာသည် စာရေးသူတို့လို တတိယနိုင်ငံတွေအတွက် အဆင်ပြေပါစေတော့ဆိုတဲ့စေတနာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ အမေရိကန်ကိုယ်တိုင် စစ်ဘက်-အရပ်ဘက် ဝေးကွာလာမှုပြဿနာကြောင့်လည်း ပါဝင်တယ် ဆိုတာပါပဲ။ Schiff ရဲ့ သီအိုရီသည် “….dose not presume that civilian institutions must control the military…” အရပ်ဘက်အဖွဲ့အစည်းတွေသည် စစ်ဘက်အဖွဲ့အစည်းကို ထိန်းကိုထိန်းချုပ်ရမယ် (must do) လို့မယူဆပါဘူး။ သူမအယူအဆက စစ်ဘက်ခေါင်းဆောင်မှု (military leadership)၊ နိုင်ငံရေးခေါင်းဆောင်မှု (political leadership)နဲ့ နိုင်ငံသား (citizens) တွေအကြားမှာ မိတ်ဖက်ပုံစံ နဲ့ အပြည်အလှန်ဆွေးနွေးခြင်းတွေရှိရမယ်။ အဲ့ဒီ့လိုဆွေးနွေးဖို့ နယ်ပယ် (၄) ခုပေးထားပါတယ်။ အဲ့ဒါတွေကတော့-
(၁) စစ်ဘက်အရာရှိတွေအတွက် လူမှုရေးရာဖွဲ့စည်းမှု အသွင်ပုံသဏ္ဍာန် (social composition of the officer corps)။ သက်ဆိုင်ရာ လူမျိုး၊ လူတန်းစား၊ အမျိုးအနွယ်ဇာတ် အလိုက် စစ်ဘက်မှာပါဝင်ဖွဲ့စည်းမယ့် အချိုးအစားကို ဆိုလိုပါတယ်။
(၂) နိုင်ငံရေး အဆုံးအဖြတ်ချခြင်း ဖြစ်စဉ်( political decision-making process)။ ဒီအချက်ကတော့ သဘောပေါက်လွယ်ပါတယ်။ စစ်ဘက်အတွက် budget၊ materiel, size နဲ့ structure တွေအတွက်လည်းပါဝင်ပါတယ်။
(၃) လူသစ်စုဆောင်းရေးနည်းလမ်း (recruitment method)။ ဘယ်လိုပုံစံနဲ့ လူသစ်စုမလဲပေါ့။ ဥပဒေနဲ့လား ဆွဲဆောင်စည်းရုံးခြင်းမျိုး နဲ့လားပေါ့။
(၄) စစ်တပ်အသွင်အပြင် ( military style)။ စစ်ဘက်ဆိုင်ရာ symbol တွေ၊ စစ်ရေးပြပုံ စစ်သီချင်း၊ စစ်ဘက်အစဉ်အလာ၊ အခမ်းအနားပုံစံ စတဲ့အချက်တွေပါဝင်ပါတယ်။
Schiff ရဲ့ အလိုအရ ဒီအချက် (၄) ချက်ပေါ်မှာ အပေါ်မှာဖော်ပြထားတဲ့ actors တွေကြားမှာ အကြေအလည်ဆွေးနွေးနိုင်ရင် စစ်ဘက်ရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပါဝင်မှုလျော့ချနိုင်မယ်လို့ဆိုတယ်။ လူ့အဖွဲ့အစည်း တစ်ခုခြင်းစီရဲ့ နိုင်ငံရေး၊လူမှုရေး၊ ယဉ်ကျေးမှု ကွဲပြားခြားနားချက်တွေကြောင့် ဘယ်လိုနည်းလမ်းနဲ့ လုပ်ပါလို့တော့ပြောမထားပါဘူး။ စစ်ဘက်-အရပ်ဘက် ခွဲခြင်းတွဲခြင်းတွေအပေါ်မှာ အခြေမခံဘဲ ဒီ (၄) ချက်ပေါ်မှာ အခြေခံဆွေးနွေးပါလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍကို ဘယ်လိုထားမလဲဆိုတာပါပဲ (military’s role in the domestic sphere)။ လူ့အဖွဲ့အစည်းနဲ့ အစိုးရအတွင်းမှာရှိမယ့် စစ်ဘက်ရဲ့အခန်းကဏ္ဍ ကိုရှာဖွေသတ်မှတ်တာပဲဖြစ်ပါတယ်။ Schiff ကို စာရေးသူမကြိုက်တဲ့အချက်တစ်ချက်က စစ်ဘက်ရဲ့ နိုင်ငံရေးထဲပါဝင်ပတ်သက်မှုအတိုင်းအတာက သတ်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ Political culture ပေါ်မှာ မူတည်နေတယ်လို့ စပြောခဲ့တဲ့ Samuel E. Finer ကို မသိချင်ယောင်ဆောင်ထားခဲ့လို့ပါပဲ။ သူမရဲ့သီအိုရီက လက်တွေ့နယ်ပယ်မှာလည်း လိုအပ်ချက်ရှိနေပါသေးတယ်။သူမ ပြောသလောက်သာ ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး စာရေးသူတို့လို နိုင်ငံတွေမှာရှိခဲ့ရင် လက်ရှိအကြပ်အတည်းတွေ ရင်ဆိုင်နေရစရာ အကြောင်းမရှိလို့ပါပဲ။
ဒီလောက်ဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသီအိုရီများသည် အရပ်ဘက်-စစ်ဘက် ခွဲခြားမှုဆိုတာမ​ျိုးထက်​ ပေါင်းစည်းမှု၊ တာဝန်နဲ့ အာဏာခွဲဝေမှုကို ပြောင်းလဲလာကြောင်း နားလည်သဘောပေါက်နိုင်ကြပါပြီ။ မြန်မာနိုင်ငံမှာ သဘောပေါက်နေကြတဲ့ အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာနဲ့ ပညာရှင်တွေ ပြောတဲ့ civilian control ဆိုတာ ကွဲပြားခြားနားကြောင်း ရိပ်စားမိလောက်ပါပြီ။ စာရေးသူသည် Book smart ကို အတိုင်းအတာတစ်ခုထိနားလည်တဲ့ Street Smart တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံချင်ပါတယ်။ ဒါကြောင့် street smart နဲ့ book smart တွေကြားမှာ အပြန်အလှန်တန်ဖိုးထားမှုရှိစေချင်သူလို့လည်းဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအယူအဆ အတွေးအခေါ်တွေမှားယွင်းမှုကြောင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲနေမှုမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုမလိုလားအပ်တဲ့ အဟန့်အတားတွေ မဖြစ်စေချင်တဲ့ စေတနာကတစ်ကြောင်း၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို စိတ်ဝင်စားသူတွေအနေနဲ့ သီအိုရီကျကျ ဆက်လက်လေ့လာကြစေလိုတဲ့ စေတနာက တစ်ကြောင်း ဒီစာစုတွေကို ဖန်တီးလိုက်ရပါတယ်။ အနည်းဆုံးတော့ ဒီစာတွေကို ဖတ်ပြီးတဲ့ သူတွေသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးရလိုမှုတစ်ခုနဲ့ ပြည်သူကိုအသိအမှားများ ဖြန့်ဝေမည့် သူများရန်က ကင်းဝေးကြပါလိမ့်မယ်။
ဆင့်ပွားတိုးတက်လေ့လာစေလိုသော စေတနာဖြင့်….။ ။
မောင်ကျော်
၁၆၁၇၁၃၃၃

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၇)

Finer က စစ်ဘက်ရဲ့ နိုင်ငံရေးမှာ ဝင်ရောက် ပတ်သက်မှု အတိုင်းအတာပမာဏများခြင်းနည်းခြင်းသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ယဉ်ကျေးမှု (political culture) အနု အရင့်ပေါ်မှာ မှီတည်နေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက စစ်ဘက်ရဲ့ နိုင်ငံရေးပါဝင်​မှုရေချိန်မြင့်မားနေတယ်ဆိုရင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးယဉ်ကျေးမှု အရှိတရား (အမှန်) ကို ဆန်းစစ်ဖို့လိုလာတယ်။ ဒါကြောင့် နိုင်ငံရေးယဉ်ကျေးမှု အနုအရင့်ဆိုတဲ့တာက ဘယ်လိုအချက်တွေအပေါ်ကို မူတည်ပြီး သတ်မှတ်သလဲဆိုတာကို သိဖို့လိုအပ်လာပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှု ရင့်ကျက် ( မြင့်မား) တဲ့ နိုင်ငံတွေသည်-
(၁) အုပ်ချုပ်သူရော အုပ်ချုပ်ခံကပါ လက်ခံတဲ့ “နိုင်ငံရေးမူဘောင်” (political formula) တစ်ခုရှိနေတယ်။ အုပ်ချုပ်သူကလည်း မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အုပ်ချုပ်နိုင်သလို အုပ်ချုပ်ခံသူကလည်း အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုကိုလိုက်နာရမယ်ဆိုတာကို လက်ခံထားပြီးသားဖြစ်တယ် (သို့)
(၂) ရှုပ်ထွေး များမြောင်ပြီး ယုံကြည်စိတ်ချရတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိနေတယ်၊ ပြီးတော့ ဒီအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးစနစ်တစ်ခုကို ဝန်းရံဖွဲ့စည်းထားတယ်။ ဆိုလိုတာကတော့ အားကိုးထိုက်ပြီး အရည်အသွေးပြည့်မှီတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရှိနေခြင်းကို ဆိုလိုပါတယ်။ (သို့)
(၃) ဒီအရပ်ဘက်အဖွဲ့အစည်းတွေမှာ လူထုရဲ့ ဆက်နွယ်ပတ်သက်မှုက ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခြင်း ဆိုတဲ့ အချက်များနဲ့ တိုင်းတာပါတယ်။
ဒီအချက်တွေ ပြည့်စုံနေရင် အားကောင်းရင့်ကျက်လှတဲ့ နိုင်ငံရေးယဉ်ကျေးမှုရှိနေပြီး ဒီအချက်တွေနဲ့ မပြည့်စုံသေးဘူးဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်တယ်ပေါ့။ ဒီအချက်တွေနဲ့ ချိန်ထိုးသုံးသပ်ပြီး စစ်ဘက်ရဲ့ နိုင်ငံရေးမှာ ဝင်ရောက်ပတ်သက်မှုအတိုင်းအတာကို အဆင့်(၄)ဆင့်ခွဲပြပါတယ်။ ဒီနေရာမှာ ထူးခြားတာက နိုင်ငံရေးယဉ်ကျေးမှု အမြင့်ဆုံးအဆင့်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာတောင် အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး စစ်ဘက်ရဲ့ လွှမ်းမိုးမှု (influence) ဆိုတာရှိနေတယ်လို့ဆိုပါတယ်။ ကျန်အဆင့်များမှာတော့ အကျပ်ကိုင်မှုနဲ့ ဖိအားပေးမှု (pressure and blackmail)၊ အစိုးရပြောင်းလဲခြင်း (displacement) နဲ့ သူကိုယ်တိုင်အစိုးရဝင်လုပ်ခြင်း (supplantment) ဆိုပြီး သူ့အဆင့်လိုက်ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။ စာရေးသူဖတ်ခဲ့ဖူး လေ့လာခဲ့ဖူးသမျှ သီအိုရီတွေထဲမှာ စစ်ဘက်ရဲ့ နိုင်ငံရေးမှာပါဝင်မှုကို အဖြေရှာတဲ့နေရာမှာ Finer ရဲ့ သီအိုရီကို သဘာဝအကျဆုံးလို့ လက်ခံထားဆဲဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲ နောက်ပိုင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး သီအိုရီတွေ၊ ပညာရှင်တွေကတော့ အရပ်ဘက် ထိန်းချုပ်မှု “civilian control” ဆိုတဲ့အပေါ်မှာ သံသယရှိလာကြတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသီအိုရီများသည် အာဏာသိမ်းမှုတွေ မဖြစ်အောင် တားဆီးဖို့၊ ဘာကြောင့်ဖြစ်သလဲဆိုတာ ဖော်ထုတ်ဖို့၊ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်ထားဖို့ စတဲ့ အချက်များပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေကြတယ်။ စစ်ဘက် အာဏာသိမ်းမှုတွေအကြောင်းမရှိရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအကြောင်း ဆွေးနွေးစရာမရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းမျိုးတွေ ထုတ်လာကြတယ်။
အဲ့ဒီ့မှာ နောက်ပိုင်း ပညာရှင်တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကြိုးစားလာကြပါတယ်။ Queen’s University ရဲ့ တွဲဘက်ပါမောက္ခနဲ့ Defence Management Studies ရဲ့ ဥက္ကဌဖြစ်သူ DOUGLAS BLAND ဆိုသူနဲ့ Harvard Law School, Corporate and Foundation Relations ရဲ့တွဲဘက်ဒါရိုက်တာနဲ့ U.S. Naval War Collage ရဲ့ adjunct professor ဖြစ်သူ Rebecca L. Schiff ဆိုသူနှစ်ယောက်ကတော့ ထင်ရှားပါတယ်။ Bland က ကနေဒါတပ်မတော်မှာ နှစ် ၃၀ လောက်တာဝန်ထမ်းဆောင်ပြီး ဗိုလ်မှူးကြီးဘဝနဲ့ အနားယူခဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ ၁၉၉၉ ခုနှစ်ကပေါ်လာတဲ့ ယူဆချက်ကတော့ “civil control of the military is managed and maintained through the sharing of responsibility for control between civilian leaders and military officers. Specifically, civil authorities are responsible and accountable for some aspects of control and military leaders are responsible and accountable for others” လို့ဆိုပါတယ်။ အရပ်ဘက်ထိန်းချုပ်ဆိုတာက အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေအကြားမှာ တာဝန်နဲ့ဝတ္တရားတွေခွဲဝေခြင်းပဲဖြစ်တယ်..အချို့ကဏ္ဍတွေမှာ အရပ်ဘက်အာဏာပိုင်တွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပြီး..အချို့ကဏ္ဍတွေမှာတော့ စစ်ဘက်ခေါင်းဆောင်တွေက တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ် လို့ဆိုထားပါတယ်။ ဟိုဘက် ဒီဘက် ထိန်းချုပ်မှု ဆိုတာထက် အာဏာခွဲဝေဖို့ တွန်းအားပေးလာတဲ့ပုံစံဖြစ်တယ်။ ဒါပေမယ့် civilian control ဆိုတဲ့ အယူအဆကိုတော့ မစွန့်လွှတ်ပါဘူး။
ဒီ တာဝန်ဝတ္တရား ပတ်သက်ဆက်နွယ်မှု အစီအစဉ်ကိုတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အစိုးရစနစ်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ သတ်မှတ်ချက်တွေနဲ့ ဆုံးဖြတ်ချက်ချတဲ့လုပ်ထုံးလုပ်နည်း တွေကနေတဆင့် ပြုပြင်ဖန်တီးတယ်လို့ ဆိုထားပါတယ်။ အတွေ့အကြုံတွေအရ အရပ်ဘက်သည်လည်း သီးခြားရပ်တည်ပြီး ကိုယ့်လက်ကိုယ့်ခြေလုပ်လို့မရပါဘူး။ အရပ်ဘက် အနေနဲ့ ကျွမ်းကျင်မှုမရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာတွေ၊ စစ်ပွဲစီမံခန့်ခွဲမှုကိစ္စတွေမှာ စစ်ဘက်ရဲ့ အကြံဉာဏ်နဲ့ အကူအညီကို ယူရလို့ပါပဲ။ ရင့်ကျက်လှပါတယ်ဆိုတဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာတောင် ကာကွယ်ရေးနဲ့ဆိုင်တဲ့ အဆုံးအဖြတ်တွေ၊ မူဝါဒတွေမှာ စစ်ဘက်ကို အာဏာခွဲဝေရတဲ့ ခြွင်းချက် ဆိုတာရှိတယ်လို့ဆိုပါတယ်။ ဒီအချက်က Bland ကစပြောခဲ့တာလို့တော့ မထင်လိုက်ပါနဲ့။
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကဏ္ဍကို သီအိုရီကျကျစပြောခဲ့တဲ့ Huntington(၁၉၅၇) က maximizing military security at the least sacrifice of other social values involves a complex balancing of power and attitudes among civilian and military groups ” အခြားလူမှုရေးတန်ဖိုးတွေကိုစွန့်လွှတ်မှုအနည်းဆုံးနဲ့ စစ်ဘက်လုံခြုံရေးကို မြှင့်တင်ခြင်းဆိုရာမှာ စစ်ဘက်နဲ့ အရပ်ဘက်အုပ်စုတွေထဲမှာ ပါဝါနဲ့သဘောထားရပ်တည်ချက်တွေရဲ့ ခက်ခဲရှုပ်ထွေးတဲ့ ထိန်းညှိခြင်းတစ်ခု ပါဝင်တယ်လို့ဆိုထားခဲ့တယ်။ (ကျမ်းရင်း စာ-၂ တွင်ရှု) ဒီလောက်ဆိုရင် ပညာရှင်တွေပြောတဲ့ “civilian control” ဆိုတာကို အတော်လေးနားလည်သဘောပေါက်လောက်ပါပြီ။ အရေးကြီးပြီး အခရာကျတဲ့ သီအိုရီတွေကို ဆွေးနွေးလာရာမှာ ၁၉၉၉ ခုနှစ်ထိရောက်လာပြီဖြစ်လို့ ၂၀၀၉ ခုနှစ်မှာထွက်လာတဲ့ Schiff ရဲ့ “Concordance theory” အကြောင်းပြီးရင်တော့ ဆောင်းပါးလက်စသက်ချိန်ရောက်လာပါပြီ။ (ဆက်ရန်)
မောင်ကျော်
၂၈၅၁၇၂၁၂၉

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၆)


အားသာချက်တွေပြီးတဲ့နောက်မှာ စစ်ဘက်ရဲ့ နိုင်ငံရေးအားနည်းချက်များကို ဆက်ဆွေးနွေးပေးချင်တယ်။ ဒီနေရာမှာ တစ်ချို့အချက်အလက်တွေသည် စစ်ဘက်ချည်းသက်သက်ရဲ့ အားနည်းချက်လို့မမှတ်ယူသင့်ပဲ ဗဟိုဦးစီးစနစ်ရဲ့ အားနည်းချက်အဖြစ်လည်း မှတ်ယူနိုင်ပါတယ်။ စစ်ဘက်ရဲ့ အားနည်းချက် အားသာချက်တွေကိုမြင်မိပြီဆိုရင် အရပ်ဘက်ရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း ချိန်ထိုးစဉ်းစားနိုင်ပါလိမ့်မယ်။ စစ်ဘက်အနေနဲ့ အဓိကအားနည်းချက်ကြီး (၂) ခုရှိပါတယ်။ ဒီအချက်များကတော့
(၁) လုပ်ထုံးလုပ်နည်းဆိုင်ရာ(သို့) ပညာရပ်ဆိုင်ရာ အားနည်းချက် (the technical inadequacy of the armed forces) ။ စစ်ဘက်အနေနဲ့ ရှေးကျတဲ့ (သို့) အခြေခံကျတဲ့လူ့အဖွဲ့အစည်း (primitive society) တစ်ခုကိုသာ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးဖို့ စွမ်းဆောင်နိုင်ပေမယ့် ဒီ့ထက်ပိုပြီး နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ နည်းပညာအရ ကြီးမားကျယ်ပြန့်လာတဲ့၊ ရှုပ်ထွေးနက်ရှိုင်းလာတဲ့ တိုးတက်လူ့အဖွဲ့အစည်း (Advanced society) ကြီးတစ်ခုလုံးကို နိုင်နိုင်နင်းနင်း ဒေါင့်စေ့အောင် ကွပ်ကဲအုပ်ချုပ် ဖို့ဆိုတာမှာ ကန့်သတ်ချက်ရှိတယ်လို့ဆိုလိုတာပါ။ လူ့အဖွဲ့အစည်းကြီးတစ်ခုရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်ဖြစ်ထွန်းလာလေလေ စစ်ဘက်ရဲ့ စွမ်းဆောင်နိုင်မှုက ကန့်သတ်ချက်ရှိလာလေလေပါပဲ။ တစ်နည်းဆိုရရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အရပ်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါလာရင် ရှေ့ကိုဆက်မတက်နိုင်တော့ပဲ သူ့ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းကြီးက တိုးတက်မှု နှေးကွေးရပ်ဆိုင်းသွားပါတော့တယ်။
စစ်ဘက်အနေနဲ့ ရှေးကျတဲ့ အခြေခံလူ့အဖွဲ့အစည်းတွေမှာတော့ စစ်ဘက်ရဲ့ စွမ်းဆောင်ရည်က အရပ်ဘက်ထက်သာတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ သက်ဆိုင်ရာနိုင်ငံများအလိုက် ရေခံမြေခံကောင်းတွေတည်ဆောက်ပေးနိုင်ခဲ့တဲ့ ၁၉၅၀-၆၀ ခုနှစ်များလောက်က ဘရာဇီး၊ အာဂျင်တီးနား ၊ပီရူး၊ ဘိုလီးဗီးယားစတဲ့ နိုင်ငံတွေကိုလေ့လာနိုင်ပါတယ်။ တိုးတက်မှုရှေ့ဆက်တက်မလာတော့တဲ့ အခြေအနေကိုတော့ လာအို၊ အာဂျင်တီးနား စတဲ့နိုင်ငံတွေကို လေ့လာနိုင်တယ်။ Finer ရဲ့အဆိုကတော့ ” Since the armies of these countries are not usually much more enlightened than the societies they serve, they do not in fact usually try to do so” ” စစ်တပ်တွေသည် သူ့တို့ရဲ့လူ့အဖွဲ့အစည်းထက်ပိုပြီး ထူးချွန်ပြောင်မြောက်မလာဘူး၊ အမှန်တော့ ဒီလိုဖြစ်အောင်လုပ်ဖို့လည်း သူတို့ဘယ်တော့မှ မကြိုးစားဘူး” လို့ဆိုတယ်။ တိုတိုနဲ့ထိရောက်အောင်ပြောရရင် စစ်ဘက်က သူ့ရဲ့ လူ့အဖွဲ့အစည်းကို သာမန် လည်ပတ်လှုပ်ရှားနေနိုင်အောင်(care and maintenance basis) တော့ စွမ်းနိုင်လိမ့်မယ် ကြီးကြီးမားမား တိုးတက်ဖွံ့ဖြိုးလာဖို့ကတော့ သူရဲ့ စွမ်းဆောင်နိုင်ရည် ကန့်သတ်ချက်ရှိပါတယ်။ ဒီနေရာမှာ စာရှည်မှာစိုးလို့ အသေးစိတ်မဆွေးနွေးလိုပေမယ့် နိုင်ငံရေးကော စီးပွားရေးပါ ဗဟိုဦးစီးစနစ်နဲ့သွားလို့ ပြုတ်ကျပျက်စီးသွားရသော ကြီးမားကျယ်ပြန့်လှတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးအကြောင်း အတွေးပွားနိုင်တယ်။
ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျာမဏီ တို့ အီတလီတို့ကို ပြန်လည်တည်ဆောက်ပေးတဲ့နေရာမှာ မဟာမိတ်စစ်တပ်တွေသည် အရပ်ဘက်ပညာသည်တွေ၊ ကျွမ်းကျင်လုပ်သားတွေရဲ့ အကူအညီကိုအများကြီးယူခဲ့ရတယ်။ ဒါတောင် စစ်ကြီးအပြီး ဂျာမဏီတို့ အီတလီတို့ဆိုတဲ့ လူ့အဖွဲ့အစည်းတွေသည် သူတို့ပြန်လည်ရှင်သန်နိုးထလာနိုင်ဖို့၊ နိုင်ငံပြန်တည်ဆောက်နိုင်ဖို့ စိတ်အားတက်ကြွ ထက်သန်နေကြတာဖြစ်တယ်။ စစ်ဘက်ကို ဆန့်ကျင်ဖို့သာ စိတ်အားသန်နေတဲ့၊ လေးကန်လှတဲ့ လူ့အဖွဲ့အစည်းတွေကို ထိန်းသိမ်းရတဲ့နေရာမှာ ဘယ်လောက် အခက်အခဲတွေ့မလဲ ဆင်ခြင်ကြည့်နိုင်ကြပါတယ်။ တစ်ချို့ စစ်တပ်တွေမှာဆိုရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့မပြောနဲ့ ကိုယ့်အဖွဲ့အစည်းကိုယ် နိုင်နိုင်နင်းနင်းလည်ပတ်နိုင်ဖို့တောင် ကျွမ်းကျင်ပညာရှင်တွေ လုံလောက်မှုမရှိကြပါဘူး။ ဒီလိုဖြစ်လာပြီဆိုရင် စစ်ဘက်အနေနဲ့ အရပ်ဘက်ကို ချော့မော့ဖို့ ဒါမှမဟုတ်ရင် ဖိအားပေးဖို့ဖြစ်လာရတော့တာပဲ။ ဒါကပဲ အားနည်းချက်ဖြစ်လာရပါတယ်။
(၂) အဲ့ဒီလိုအားသုံးရပြီဆိုရင် တရားနည်းလမ်းတကျ တရားဝင် အုပ်ချုပ်မှု (the right to govern) ပျက်ယွင်းလာရတော့တာပဲ။ တနည်းအားဖြင့် အခြေအနေအချိန်အခါ ကန့်သတ်ချက်တစ်ခုအတွင်းကလွဲလို့ ရေရှည်အုပ်ချုပ်ဖို့အတွက် ခေါင်းစဉ်မရှိဘူးလို့ ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူ့အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်တဲ့နေရာမှာ (force) ဆိုတဲ့ အား တစ်ခုကိုပဲ သုံးလို့မရဘဲ legitimate authority ဆိုတဲ့ တရားနည်းလမ်းကျတဲ့ ဘောင်ဝင်တဲ့ သြဇာအာဏာမျိုးလည်းလိုအပ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
force (အား) ကိုသာအသုံးချမယ်၊ အင်အားကြီးသူသာလျင် အမှန်တရားလို့ဆိုခဲ့သည်ရှိသော် သူ့လိုပဲ အားကြီးတဲ့ (သို့) ငါတို့လည်း အားကြီးရင် ဒီလိုနေရာယူလို့ရတယ်ဆိုတဲ့ ပြိုင်ဘက်တွေပေါ်လာတော့တာပါပဲ။ Every force that is grater than the first succeeds to its right ပထမထက် ပိုအားကြီးတဲ့ ဒုတိယက အမှန်တရားကို ဆက်ခံတာပဲ ဆိုတဲ့ အယူအဆကြီးထွားလာလို့ပါ။ ဒါကြောင့် အားအကြီးဆုံးဖြစ်လာအောင် ကြိုးစားကြတော့တယ်။ စပိန်စကားပုံ “Quitate tu, para ponerme yo” “get out so i can get in” ” မင်းထွက်မှငါတက်လာနိုင်မယ်” ဖြစ်တဲ့အတွက် အီရတ်မှာ ၁၉၃၆ ကနေ ၁၉၄၁ အတွင်းမှာ အာဏာသိမ်းမှု ၆ ကြိမ်ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ နောက်လူက ရှေ့လူကို အာဏာသိမ်းလိုက်၊ အဲ့လူကို နောက်လူက အာဏာထက်သိမ်းလိုက်နဲ့ သံသရာလည်နေတော့တာပဲ။ ဒါကြောင့် မိမိရလာတဲ့ အာဏာကို နည်းပေါင်းစုံနဲ့ ကာကွယ်ရတော့တယ်။
ဒီနေရာမှာ Finer က နေရာတိုင်းမှာ လက်နက်နဲ့ဖိအားသုံးတာနဲ့ သင့်သင့်လျောက်ပတ်တဲ့ သြဇာ လုပ်ပိုင်ခွင့် authority ကိုသုံးတာ ပိုထိရောက်မှုရှိကြောင်းကို ရွာကျောင်းက ကျောင်းအုပ်ဆရာလေးနဲ့ လှလှပပလေး ဥပမာပေးထားပါတယ်။ ကျောင်းအုပ်ဆရာလေး တစ်ယောက်ကတော့ သူ့ရွာမှာ ကျောင်းသားတွေ ကျောင်းမှန်မှန်တက်ဖို့၊ အတန်းထဲမှာ စည်းကမ်းလိုက်နာကြဖို့ အတွက်ဆုံးမတဲ့နေရာမှာ အားချည်းပဲ (သို့) အကြောက်တရားချည်းပဲသုံးတယ်။ ကျောင်းမတက်တဲ့သူတွေကို အိမ်ကနေအတင်းဆွဲထုတ်၊ ကျောင်းတက်ခိုင်း၊ စည်းကမ်းဖောက်တဲ့ကျောင်းသားတွေကို ရိုက်နှက်အပြစ်ပေး စသဖြင့်ပေါ့။ နေရာတိုင်းမှာ force ကိုချည်းသုံးတယ်။ အဲ့ဒီ့တော့ ဒီကျောင်းအုပ်ဆရာလေးက အခွင့်ရတာနဲ့ သူ့စည်းကမ်းကို ဖောက်ဖျက်ဖို့စဉ်းစားနေသူတွေ၊ ကြောက်လို့သာ လိုက်လုပ်နေရတယ် အသိစိတ်နဲ့ လိုက်ပါလုပ်ဆောင်ဖို့အားနည်းသူတွေ၊ နောက်ဆုံး သူ့ကို ဒီရွာကနေ ဖယ်ရှားပစ်ချင်သူတွေနဲ့သာ ရင်ဆိုင်ကြုံတွေ့နေရတယ်။ သူ့ရဲ့ ပင်မအလုပ်ဖြစ်တဲ့ စာသင်ဖို့၊ ကျောင်းသားတွေ စာတတ်ဖို့အလုပ်ကို ထိထိရောက်ရောက်မလုပ်နိုင်တော့ဘူး။
နောက်ရွာကျောင်းအုပ်ဆရာလေးတစ်ယောက်ကတော့ လျော်ကန်တဲ့ သြဇာအာဏာကို သုံးပြီး ကျောင်းသားတွေ ကျောင်းမှန်မှန်တက်ကြဖို့၊ စည်းကမ်းလိုက်နာကြဖို့ သင့်တင့်လျောက်ပတ်စွာ မှန်ရာကို ဆုံးမတယ်။ ကျောင်းမှန်မှန်တက်ဖို့ ကျောင်းစည်းကမ်းလိုက်နာဖို့သည် ကျောင်းသားရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့(အသိ) ဖြစ်လာအောင်၊ နားလည်သဘောပေါက်လာအောင်
သင်ကြားဆုံးမတယ်။ အားကို လိုအပ်တဲ့နေရာမှာပဲ သုံးတယ်။ လိုအပ်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တယ်။ ဒီလိုဆိုတော့ ဒီရွာကျောင်းအုပ်လေးသည် မလိုလားအပ်တဲ့ ကလန်မှုတွေ၊ ထိတ်တိုက်တွေကမှုတွေနဲ့ ရင်ဆိုင်စရာမလိုတော့ဘဲ သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ ကျောင်းသားတွေစာတတ်အောင်သင်ဖို့အလုပ်ကို အာရုံစိုက်ပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်တော့တယ်။ ဒီနေရာမှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေကြားက စိတ်ပိုင်းဆိုင်ရာချည်နှောင်မှု (psychological bound) ကအလွန်အရေးပါလာတာပေါ့။ ဒီလောက်ဆိုရင် force နဲ့ legitimate authority နဲ့ကွာခြားချက်ကို တွေးဆဆင်ခြင်နိုင်ပါပြီ။ ဒါကြောင့် (the right to govern) မရှိတာ၊ တနည်းအားဖြင့် ပျက်ယွင်းတာကလည်း စစ်ဘက်ရဲ့ နိုင်ငံရေးအားနည်းချက်တစ်ခုပါပဲ။
ဒါကြောင့် စစ်ဘက်က အာဏာနိုင်ငံရေးမှာပါဝင်လာရခြင်းသည် ဒါလိုဖြစ်လာစေမယ့် စေ့ဆော်မှု အခြေအနေတစ်ရပ်လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် စစ်ဘက်မှာ ဝင်ရောက်စွက်ဖက်နိုင်တဲ့ အခြေအနေမရှိဘူး။ အဲ့ဒီ့လို ကျိုးကြောင်းဆီလျော်တဲ့အခြေအနေတစ်ရပ်မရှိဘဲ ဝင်ရောက်စွက်ဖက်ခဲ့ရင်လည်း အများက လက်မခံတော့ပါဘူး။ ဒါကြောင့် ကမ္ဘာပေါ်က စစ်ဘက်ရဲ့ နိုင်ငံရေးမှာပါဝင်ပတ်သက်မှုကို လေ့လာကြည့်ရင် ဒီလိုဖြစ်စေမယ့် ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေတွေရှိနေပါတယ်။ တိုတိုပြောရရင် တော့ ဒီအကြောင်းရင်းသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးယဉ်ကျေးမှု (political culture) အနုအရင့်ပဲဖြစ်ပါတော့တယ်။ (ဆက်ရန်)
မောင်ကျော်
၂၃၅၁၇၁၁၄၈

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး (၅)

လူတိုင်းမှာ အားနည်းချက် အားသာချက်ရှိသလို၊ အဖွဲ့အစည်းတိုင်းမှာလည်း အားနည်းချက် အားသာချက်ရှိတယ်။ ဒါကိုငြင်းပယ်ပစ်လို့မရပါဘူး။ ပညာဉာဏ်ရင့်ကျက်သူမှန်ရင် လက်ခံနိုင်ရမယ်။ စစ်ပညာစကားနဲ့ပြောရရင်တော့ ပထမဆုံး ကိုယ့်အကြောင်း(ကိုယ့်အဖွဲ့အကြောင်း) အရင်သိဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်သိပြီးရင် ရန်သူအကြောင်းသိရမယ်။ ဒါမှ စစ်ပွဲအောင်နိုင်လိမ့်မယ်။ ကိုယ့်အကြောင်းကိုယ်သိတဲ့သူသည် စစ်ပွဲကို အောင်မြေတစ်ဝက်နင်းပြီးသားဖြစ်တယ်လို့ဆိုတယ်။ ရန်သူ့အကြောင်းမည်မျှသိစေအုံး ကိုယ့်အကြောင်းကိုယ်မသိတဲ့စစ်ဘုရင်သည်ဖြင့် စစ်ပွဲတစ်ခုမှာ ကံကောင်းလွန်းပြီးနိုင်စေအုံး ရေရှည်မှာကျရှူံးရမှာပါပဲ။ စာရေးသူအနေနဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအကြောင်းဆွေးနွေးနေတော့ (ဘက်) ဆိုတဲ့ သဘောတရားကို မခွဲခြားလိုဘဲ ဒီအဖွဲ့အစည်းနှစ်ခုရဲ့ အားနည်းချက်အားသာချက်တွေကို ဆွေးနွေးပေးချင်တယ်။ စစ်ဘက်မှာ အားနည်းချက် အားသာချက်ရှိသလို အရပ်ဘက်မှာလည်း အားနည်းချက်အားသာချက်ရှိတယ်။
စစ်ဘက်၏ နိုင်ငံရေးအားသာချက်များ
(၁) သာလွန်မြင့်မားတဲ့အဖွဲ့အစည်းဖြစ်တည်မှု (a marked superiority organization)။ ထူးကဲတဲ့ ဖွဲ့စည်းဖြစ်တည်မှုပုံသဏ္ဍာန်လို့ ဆိုချင်တယ်။ အရည်အချင်းအဆင့်မှီတဲ့ စစ်တပ်တစ်ခုရဲ့ ဖွဲ့စည်းမှုသည် ဗဟိုဦးစီးအမိန့်ပေးစနစ်(centralized command)၊ ဝါစဉ်ရာထူးအဆင့်ဆင့် (hierarchy)၊ စည်းမျဉ်းစည်းကမ်း (discipline)၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှု (intercommunication) နဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ် (esprit de corps) တို့နဲ့ဖွဲ့စည်း တည်ဆောက်ထားတယ်။ အရပ်ဘက်မည်သည့်အဖွဲ့အစည်းမဆို ဒီအပေါ်ကအချက်တွေအကုန် ပြည့်စုံအောင်ဖွဲ့စည်းထားတယ်လို့ဆိုပါစေအုံး၊ ခပ်ပေါ့ပေါ့ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခုကိုမမှီနိုင်သေးပါဘူး။ လုံးဝမယှဉ်နိုင်တဲ့ အချက်နှစ်ချက်က စည်းကမ်းသေဝပ်မှုနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ပဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို ဘယ်အဖွဲ့အစည်းကမှယှဉ်လို့မရဘူး။ ဒါကလည်းမထူးဆန်းပါဘူး။ သူ့ရဲ့ ဖွဲ့စည်းမှုပုံစံကိုက အခြားအဖွဲ့အစည်းစည်းများနဲ့ ဝိသေသတူညီမှုမရှိဘူး။ ဒါကြောင့် ထူးခြားတဲ့ဝိသေသလက္ခဏာရှိတယ်လို့ပြောတာပါ။
ဗဟိုဦးစီးစနစ်နဲ့ ထက်အောက်ဝါစဉ်အရဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီး စစ်တိုက်ဖို့၊ စစ်ပွဲအောင်မြင်ဖို့အတွက် အမိန့်နာခံမှုဆိုတဲ့ (obedience) ကမဖြစ်မနေပါလာရပြီ။ အမိန့်နာခံမှုမရှိတဲ့ စစ်တပ်တစ်ခုက ဘယ်တော့မှ တိုက်ပွဲကိုနိုင်အောင်မတိုက်နိုင်ဘူး။ အမိန့်နာခံမှုမရှိတဲ့စစ်တပ်တစ်ခုရဲ့ တပ်မှူးက မိမိလက်အောက်ခံတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို တွက်ချက်လို့မရဘူး။ ခန့်မှန်း၊ ရမ်းသမ်းပြီးတွက်ချက်လို့ ရတဲ့ အဖြေနဲ့ စစ်ကစားခဲ့ရင်လည်း နောက်ဆုံးရလာဒ်သည် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေတော့မှာပဲ။ ဒါကြောင့် စစ်ဘက်အဖွဲ့အစည်းတစ်ခုမှာ အမိန့်နာခံမှုသည်အလွန်အရေးကြီးလှသလို အခြားမည်သည့်အဖွဲ့အစည်းကမှ မနှိုင်းယှဉ်နိုင်တဲ့ အချက်ဖြစ်တယ်။ အမိန့်နာခံမှုကောင်းခဲ့ရင် ကြီးမားခိုင်ခံပြီး လူပေါင်းသိန်းသန်းချီတဲ့ အဖွဲ့အစည်းကြီးတစ်ခုသည် (လူတစ်ယောက်)တည်း လှုပ်ရှားနေသလို လျင်မြန်၊ တိကျ၊ ထိရောက်မှုရှိလှတယ်။ ဒါမှလည်း စစ်တိုက်နိုင်မယ်။
စည်းလုံးညီညွှတ်မှုအကြောင်းကတော့ Durkheim ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ထူးထူးခြားခြားစကားလုံးလေးတစ်ခုဖြစ်တဲ့ စက်ပစ္စည်းဆန်တဲ့ စည်းလုံးညီညွှတ်မှု (mechanical solidarity) ဆိုတာလေးကိုသဘောကျတယ်။ တင်စားထားတာ။ စစ်သားတွေရဲ့ စက်ရုပ်ဆန်တဲ့ မျက်နှာပေးကို မျက်လုံးထဲပြေးမြင်ရင် ဒီစကားလုံးလေးကို စဝါးလို့ရပြီ။ စည်းလုံးချင်သည်ဖြစ်စေ မစည်းလုံးချင်သည်ဖြစ်စေ ညီညွှတ်တယ်။ စနစ်ကျတယ်။ ရန်မလိုဘူး။ ခံစားချက်မရှိသလိုဖြစ်တယ်။ ပြင်းပြတယ်။ စွန့်လွှတ်တယ်။
(၂) မြင့်မားတဲ့ စိတ်လှုပ်ရှားတတ်ကြွမှု သရုပ်သကန်( a highly emotionalized symbolic status)။ စစ်ဘက်ရဲ့ အလေ့အထကောင်းတွေကို ဆိုလိုခြင်းဖြစ်တယ်။ စည်းကမ်းတို့၊ အမိန့်နာခံမှုတို့သည်လည်း ဒီနေရာအကြုံးဝင်ပေမယ့် ရဲရင့်မှု (bravery)၊ သစ္စာစောင့်သိမှု (fidelity) ၊ ကိုယ်ကျိုးစွန့်မှု (self-abnegation)၊ အပင်ပန်းဆင်းရဲခံနိုင်မှု( poverty) နဲ့ မျိုးချစ်စိတ် (patriotism) စတာတွေပါဝင်လာပါတယ်။ စစ်သားဆိုတာ သူရဲဘောကြောင်ကြောင်၊ မိမိအချင်းချင်း သစ္စာဖောက်ပြီး၊ မိမိတိုင်းပြည်အပေါ်လည်း သစ္စာဖောက်မယ့် လူတွေဖြစ်လို့မရဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုမှ ချစ်စိတ်မရှိရင် ဘယ်လိုစိတ်နဲ့ တိုင်းပြည်ကာကွယ်ကြမတုန်း။ ဒါကြောင့် အဆင့်မှီတဲ့ စစ်ဘက်အဖွဲ့အစည်းတစ်ခုသည် အထက်ပါ အချက်တွေအားလုံး ပြည့်စုံသလောက်ရှိပါတယ်။ ဒါကြောင့် ပေါ်တူဂီ နိုင်ငံရေးသိပ္ပံပညာရှင် António de Oliveira Salazar က ” For the soldier…..there exists neither the hamlet, nor the region, nor the province, nor the colony: there is for him nothing but the national territory” လို့ဆိုတယ်။ စစ်သားမှာ နေရာ ဒေသ လူအုပ်စုဆိုတာမပြောနဲ့ နောက်ဆုံး သူ့အတွက်ဆိုတာတောင်မရှိဘူး အမျိုးသားနယ်နမိတ်အတွက်ပဲ ရှိတယ် လို့ဆိုတယ်။
စစ်သားတစ်ယောက်က စွန့်လွှတ်လိုက်ရတာတွေက သူ့ရဲ့လုံခြုံမှု( safety)၊ ငြိမ်းချမ်းမှု (peace)၊ မိသားစု (family) နဲ့ သူ့ရဲ့ဘဝ (life) ဆိုတာတွေပါပဲ။ စစ်သားတွေမှာ ရှိနေတဲ့ဒီအခြေခံအချက်တွေကပဲ စစ်ဘက်အတွက် (သူ့အလိုလို)နိုင်ငံရေးအရ အားသာချက်တွေကို ပေးနေခြင်းမျိုးပါ။ ရပ်ကွက်ထဲမှာ ပုံမှန်နေထိုင်ပြီး ကိုယ့်ကိုယ်ကို ပေးဆပ်အနစ်နာခံတဲ့ လူတစ်ယောက်ကို လူတွေ ကြည်ညိုလေးစားကြသလိုပဲ သူ့အလိုလိုဖြစ်တည်လာရတဲ့ အားသာချက်ဖြစ်ပါတယ်။
(၃) လက်နက်ပိုင်ဆိုင်ခြင်း (monopoly of arms)။ အထက်ကအချက်တွေပြည့်ဝနေတဲ့ ခံ့ညားလောက်၊ ဖြုံလောက်တဲ့ အဖွဲ့အစည်းကြီးမှာ ဖြံုလောက်တဲ့ လက်နက်တွေလည်း ပိုင်ဆိုင်ထားမယ်ဆိုရင် သူ့ရဲ့ ပါဝါက ဘယ်လောက်ကြီးမလဲ စဉ်းစားကြည့်နိုင်တယ်။ ရပ်ကွက်ထဲက လူတစ်ယောက်က အနေအထိုင်လည်းမှန်တယ်၊ အနစ်နာခံစရာရှိလည်း သေရင်သေသွားပလေ့စေ အနစ်နာခံတယ်၊ ရိုက်စရာရှိရင်လည်း မညာတမ်း(မညှာတမ်း) ထပြီး ခေါင်းကို ရိုက်ခွဲဖို့ ကျည်းသား ကြတ်တိုက်ပြီး ချွန်ထားတဲ့ (တုတ်) တစ်ချောင်းလည်း ကောင်းကောင်းရှိနေပုံနဲ့ အလားသဏ္ဍာန်တူတယ်။ ဒီလိုလူကို အလိုလိုကမှ လူတွေ ရှိန်ပြီး ဖြံုပြီးသားဖြစ်နေပါပြီ။
ဒီအချက်တွေကတော့ စစ်ဘက်အဖွဲ့အစည်း(ကောင်း)တစ်ခုမှာရှိတဲ့ (မွေးရာပါ) နိုင်ငံရေး အားသာချက်တွေပါပဲ။ ဒီအချက်တွေကြောင့်လည်း စစ်ဘက်သည် သာမာန်အဖွဲ့အစည်းတစ်ခုနဲ့ မတူတဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိနေတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ စစ်သားတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ပုံ(psycho)သည် သာမာန်အရပ်သားတစ်ယောက်နဲ့ မတူရတာသည် အထက်ပါအချက်တွေ ဆက်စပ်နေပါတယ်။ အားသားချက်တွေပြီးသွားတော့ အားနည်းချက်တွေကို (မညှာတမ်း) နားထောင်ကြည့်ရအောင်။ (ဆက်ရန်)
မောင်ကျော်
၂၀၅၁၇၂၀၅၀

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၄)

စစ်ဘက်ရဲ့ လုံခြုံရေးကိုအာမခံဖို့ အမေရိကန်ရဲ့ တန်ဖိုးကို liberalism ကနေ conservatism ကိုပြောင်းရမယ်၊ ဒီလိုမှမဟုတ်ရင် ဒီလူ့အဖွဲ့အစည်းကြီးတာရှည်မခံဘူး (ကျမ်းရင်း-စာ ၄၆၄) လို့တောင်ပြောခဲ့တဲ့ Huntington ရဲ့ “Objective civilian control” အယူအဆအပြီးမှာ သူ့ရဲ့ Military Professionalism အယူအဆကို ဆန့်ကျင်တဲ့အယူအဆများစွာပေါ်လာခဲ့ပါတယ်။
ထင်ရှားတဲ့သူတွေကတော့ စစ်ဘက်ကို professional ဆန်စေခြင်းသည် နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်နေခြင်းဖြစ်တယ်လို့ယူဆခဲ့တဲ့ Morris Janowitz (1960)၊ သူနဲ့ သိပ်မကွာလှတဲ့အယူအဆရှိသူများဖြစ်တဲ့ Bengt Abrahamsson (1972)၊ Amos Perlmutter (1977) နဲ့ Nordlinger (1977) အရပ်ဘက်ရဲ့ သဘာဝမကျတဲ့အမိန့်တွေနဲ့ စစ်ဘက်ကဏ္ဍမှာဝင်စွက်ဖက်မှုတွေအကြောင်းပြောခဲ့တဲ့ Claude Welch and Arthur Smith (1974) ၊ စစ်ဘက်ကို barrack groups, school officers နဲ့ laboratory men ဆိုပြီး အုပ်စုသုံးမျိုးခွဲပြခဲ့တဲ့ Victor Alba(1962)၊ စစ်ဘက်သည် နိုင်ငံကိုကာကွယ်ရမှာဖြစ်သလို လက်ဝဲသမားတွေရဲ့ရန်ကနေလည်း ကာကွယ်ရမယ်ဆိုပြီး “new professionalism” အယူအဆကိုပြောခဲ့တဲ့ Alfred Stepan(1973)၊ အမေရိကန်က ဗီယက်နမ်ကိုစစ်ရှုံးတဲ့ကိစ္စကို နောက်ခံထားပြီးထွက်လာတဲ့ Peter D. Feaver (1997) ရဲ့ “Agency Theory” စသဖြင့်..စသဖြင့် သီအိုရီတွေအမြောက်အမြားပေါ်ထွက်ခဲ့ပါတယ်။ (အကုန်မဟုတ်သေးပါ)
ဒါပေမယ့်လို့ ဒီသီအိုရီတွေသည် Huntington ရဲ့ Professionalism အယူအဆအပေါ်မှာသာမူတည်ပြီး ငြင်းခုန်နေကြတာဖြစ်ပြီး၊ အမေရိကန်နိုင်ငံ(သို့) အနောက်နိုင်ငံတွေအပေါ်မှာသာ မူတည်ထားခဲ့ကြတာပါ။ စာရေးသူတို့လို မျက်နှာမွဲ တတိယနိုင်ငံတွေအတွက် စဉ်းစားတွေးခေါ်ခဲ့ကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါး သီအိုရီတစ်ခုရှိတယ်။ ဒီလူသည် Huntington ရဲ့ professionalism အယူအဆကို (ပထမဆုံး)နဲ့ (အထိရောက်ဆုံး) ဝေဖန်ချေဖျက်ခဲ့သူလို့ဆိုနိုင်တယ်။ စာရေးသူတို့လို တတိယနိုင်ငံတွေမှာ စစ်ဘောင်ကျယ်လာတဲ့အပေါ်မှာမူတည်ပြီး အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို စဉ်းစားပေးခဲ့တယ်။ စစ်ဘက်က အရပ်ဘက်နိုင်ငံရေးမှာ ဘာကြောင့်ဝင်ပါရသလဲ၊ ဘယ်လိုအခြေအနေကြောင့်လဲ၊ ဘာအကြောင်းအရင်းကြောင့်လဲ စတဲ့ (အကြောင်းရင်​းခံ)တွေကိုရှာဖွေပေးခဲ့တယ်။ ဒါပေမယ့် စာရေးသူ သတိထားမိသလောက် သူ့ရဲ့ သီအိုရီသည် လူသိနည်းတယ်။ ပညာရှင်အသိုင်းအဝိုင်းမှာ ထိန်ချန်ထားခဲ့သလိုမြင်ရတယ်။ မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လူ့သဘောသဘာဝအရ ပညာရှင်အသိုင်းအဝိုင်းသည်လည်း သူ့တို့ရဲ့ လူ့အဖွဲ့အစည်းအတွက်သာ သီအိုရီတွေကို ဆက်လက်ဖော်ထုတ် မွမ်းမံသွားကြတာများတာကိုး။ ပြီးရင် သူတို့ရဲ့ သီအိုရီတွေကို တတိယနိုင်ငံတွေဆီ ဆိုင်ဆိုင်မဆိုင်ဆိုင် export လုပ်ကြတော့တာပဲ။ စာရေးသူတို့လိုနိုင်ငံတွေအတွက် စဉ်းစားပေးမယ့်သူဆိုတာ အလွန်ရှားတာမို့လား။ ကိုယ်တွေဆီကလည်း သူတို့အသိုင်းအဝန်းထဲဝင်ပြီး ထိုးဖောက်ပြောဆိုနိုင်သူတွေမှ မရှိတာလေ။
အဲ့ဒီ့လိုအခြေအနေမျိုးမှာ တတိယနိုင်ငံတွေအတွက်မူတည်ပြီး အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အယူအဆသစ်ကို စဉ်းစားဖော်ထုတ်ခဲ့သူကတော့ ဗြိတိန်ဖွား Samuel Edward Finer ဆိုတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ အမေဘက် ဂျူးသွေးပါလာတဲ့ Finer ကငယ်ငယ်ကတည်းက အလုပ်အလွန်ကြိုးစားခဲ့တယ်။ Trinity ကနေဘွဲ့ရပြီး ဒုတိယကမ္ဘာစစ်မှာ ၆ နှစ်လောက် ဗြိတိန်တော်ဝင် ဆက်သွယ်ရေးတပ်ထဲမှာ ဗိုလ်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်​ပါတယ်​။ Political Studies Association of UK ရဲ့ ဥက္ကဌ၊ International Political Science Association ရဲ့ ဒုတိယဥက္ကဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ Manchester ရဲ့ Government and Public Administration ပါမောက္ခ၊ Oxford တက္ကသိုလ်ရဲ့ Gladstone Chair နဲ့ G&PA ပါမောက္ခ၊ Hague,Cornell, Hebrew, Stanford, Hone Kong စတဲ့တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သူက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ အရပ်ဘက်ထိန်းချုပ်မှုသည်သဘာဝကျတဲ့ကိစ္စ မဟုတ်ဘူးလို့ယူဆခဲ့သူလို့ ဆိုနိုင်ပါတယ်။ စစ်ဘက်က နိုင်ငံရေးထဲမှာ ဘာကြောင့်ဝင်ပါရသလဲဆိုတဲ့ (conditions) ကို ငြင်းဆန်နေအဖြေထုတ်နေကြတာထက် ဘယ်လိုကြောင့် ဒီလိုအမြဲဖြစ်နေရတယ်ဆိုတဲ့ (causes) ကို ဖော်ထုတ်ခဲ့ပါတယ်။ Finer က Professionalism အယူအဆကြောင့် စစ်ဘက်က နိုင်ငံရေးမှာပါဝင်လာမှုကို အားပေးနေကြောင်း အချက် (၃) ချက်နဲ့သက်သေပြထားပါတယ်။
(၁) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာလျင် စစ်ဘက်သည် အမြဲတမ်းတည်တံ့နေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံ့တာဝန်ကို ယာယီယူရတဲ့ (ညစ်တဲ့) နိုင်ငံရေးအုပ်စုတွေနဲ့ ပဋိပက္ခဖြစ်လာခြင်း (တိုင်းပြည်နဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကို သစ္စာစောင့်မလား၊ ယာယီသာဖြစ်တဲ့ အစိုးရအပေါ်သစ္စာစောင့်မလားဆိုတဲ့ MacArthur ရဲ့အဆိုဥပမာ)
(၂) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာရင် စစ်ဘက်ရဲ့နယ်ပယ်မှာ စစ်သားသည်သာလျင် အကျွမ်းကျင်ဆုံးဖြစ်တာကြောင့် အပြင်လူဝင်ရောက် စွက်ဖက်ခြယ်လှယ်တာကို မလိုလားတော့ခြင်း။ (စစ်ပွဲတစ်ပွဲကို စစ်သားဦးဆောင်ပြီးတိုက်တာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြဿနာမရှိပေမယ့်၊ အရပ်သားဦးဆောင်တိုက်လို့ ရှူံးခဲ့လျင် ပြဿနာရှိတယ်၊ စစ်တိုက်ရသူများသည် စစ်သားများဖြစ်ခြင်းကြောင့်)
(၃) အသက်မွေးဝမ်းကြောင်း ပညာသည်ဆန်လာရင် သူတစ်ပါးအသုံးချတာမခံလိုတော့ခြင်း။ (စစ်ဘက်ကို အသုံးပြုပြီး မိမိရဲ့နိုင်ငံရေး ပြိုင်ဘက်ကို နှိပ်ကွပ်ခြင်းမျိုး)
စသည့်အချက်များကြောင့် စစ်ဘက်သည် အရပ်ဘက်အာဏာပိုင်တွေနဲ့ တွန်းတိုက်မိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ဘက်သည် နိုင်ငံရေးမှာကြားဝင်လာဖို့ဆိုတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘဲ ဒီလိုအခြေအနေတွေဖြစ်လာဖို့အတွက် Motive ဆိုတဲ့ စေ့ဆော်မှု၊ Mood ဆိုတဲ့ သဘောထား၊ Opportunity ဆိုတဲ့ အခွင့်အလမ်း တွေလိုအပ်တယ်လို့ဆိုပါတယ်။ စာရေးသူတို့ယုံကြည်တဲ့ ဗုဒ္ဓဝါဒအရ (အကျိုး) ဖြစ်လာဖို့အတွက် (အကြောင်း) တရားတွေလိုအပ်တယ်ဆိုတဲ့ အယူအဆမျိုးပါပဲ။ ဒီကနေမှ နိုင်ငံရေးထဲမှာ ဝင်ရောက်ပတ်သက်တဲ့ အဆင့်တွေကို လူအဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးယဉ်ကျေးမှု အနုအရင့်ပေါ်မှာမူတည်ပြီးခွဲခြားပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ စစ်ဘက်ရဲ့ နိုင်ငံရေး အားသာချက်၊ အားနည်ချက်တွေကို သရုပ်ခွဲပြခဲ့ပါသေးတယ်။ စာရေးသူအမြင်အရ ဒီအချက်တွေသည် အရပ်ဘက်ရဲ့ အားနည်းချက်၊ အားသာချက်များအဖြစ်လည်း အပြန်အလှန်ယူဆနိုင်ပါတယ်။ (ဆက်ရန်)
မောင်ကျော်
၁၂၅၁၇၁၆၂၁

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၃)

(ပညာရပ်ဝေါဟာရအသုံးအနှုန်း (terminology) တွေ အယူအဆလွဲကြမှာစိုးလို့ အင်္ဂလိပ်လိုတွေပါ ထည့်ဖော်ပြနေရပေမယ့် ဗမာလိုပြန်ပေးထားတာကြောင့် စိတ်ဝင်စားသူတွေအနေနဲ့ ဆုံးအောင်ဖတ်ကြစေချင်တယ်)
တကယ်တော့ Huntington က ဓမ္မဓိဌာန်(မကျသော) အရပ်ဘက်ထိန်းချုပ်မှု (Subjective civilian control) နဲ့ ဓမ္မဓိဌာန်(ကျသော) အရပ်ဘက်ထိန်းချုပ်မှု (Objective civilian control) ဆိုပြီး (၂) မျိုးခွဲပြခဲ့ပါတယ်။ (ကျမ်းရင်း စာ၊၈၀-၉၇ တွင်ရှု)
ဓမ္မဓိဌာန်မကျတဲ့ အရပ်ဘက်ထိန်းချုပ်မှုဆိုတာ အရပ်ဘက်ရဲ့ အာဏာပါဝါကို ချဲ့ထွင်တာဖြစ်ပါတယ်။ ဒါပေမယ့် အရပ်ဘက်ဆိုတာသည် အရည်အတွက်အားဖြင့်၊ အုပ်စု၊ ဂိုဏ်း အားဖြင့် များပြားလှတာကြောင့် အရပ်ဘက်အဖွဲ့အစည်းအားလုံးရဲ့ ထိန်းချုပ်မှုလို့မဆိုနိုင်ဘဲ၊ (သီးခြား) အရပ်ဘက်အုပ်စုတစ်ခု (သို့) အုပ်စုအများရဲ့ ထိန်းချုပ်မှုသာဖြစ်ပါသတဲ့။ (the general concept of civilian contol is identified with the specific interests of one or more civilian groups) လို့ဆိုပါတယ်။ နိုင်ငံသားတွေ၊ ပြည်သူတွေအားလုံးကို မဆိုလိုပါဘူး။ ဒါကြောင့် အရပ်ဘက်ဂိုဏ်းတွေရဲ့ အုပ်စုအကျိုးစီးပွားတွေနဲ့ အရပ်ဘက်အုပ်စုအချင်းချင်း အပြန်အလှန်ဆက်ဆံရေးတွေလည်း ပါလာပါတယ်။ အဲ့ဒီ့ကနေ အရပ်ဘက်အုပ်စုများက အချင်းချင်းအပြိုင်အဆိုင် အာဏာတည်ဆောက်ကြတော့တယ်။ ဒီလိုပြိုင်ဆိုင်ကြရင်း “တိုင်းပြည်အတွက်” လို့ဆိုတဲ့စကားကို ရေလဲသုံးလာကြပြီး တကယ်တော့ သူတို့ရဲ့ အုပ်စုအကျိုးစီးပွားအတွက်ဖြစ်လာပါသတဲ့။ စစ်ဘက်အပေါ်မှာ သြဇာမရှိတဲ့ အရပ်ဘက်အုပ်စုတစ်ခုက “civilian control” ဆိုတဲ့စကားကို ထပ်ကာ (အသုံးချ)ကြပါတော့သတဲ့။ (the slogan of civilian control is utilized by groups which lack power over the military forces in struggles with other civilian groups which have such power) လို့ဆိုပါတယ်။
ဒါကြောင့် ဓမ္မဓိဌာန်မကျတဲ့ အရပ်ဘက်ထိန်းချုပ်မှု ဆိုတာက သီးခြားအရပ်ဘက်အဖွဲ့အစည်းများ၊ သီးခြား လူတန်းစားများနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံရပ် များနဲ့ သြဇာအာဏာကို ချဲ့ထွင်တာဖြစ်ပါသတဲ့ (…subjective civilian control has been identified with the maximization of the power of particular governmental institutions, particular social classes, and particular constitutional forms) လို့ဆိုထားပါတယ်။ Huntington ကတော့ ၁၇၊ ၁၈ ရာစုက အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ဘုရင်မရဲ့ အုပ်ချုပ်မှုအောက်က စစ်တပ်တွေကို ်ဥပမာပေးထားပါတယ်။ “civilian control” ဆိုတဲ့ ကြွေးကြော်သံကို ပါလီမန်အုပ်စုတွေက ဘုရင်မနဲ့ အပြိုင် သူတို့ သြဇာတည်ဆောက်ဖို့အတွက် သုံးခဲ့ကြတယ်။ တကယ့်လက်တွေ့မှာတော့ သူတို့က စစ်ဘက်ရဲ့ အာဏာပါဝါကိုလျော့ချချင်ကြတာမဟုတ်ဘဲ ဘုရင်ရဲ့ သြဇာအာဏာကို လျော့ချလိုခြင်းသာဖြစ်ပါတယ်။ အရပ်သားတစ်ယောက်ဖြစ်တဲ့ ဘုရင်မနေရာမှာ အခြားအရပ်သား အုပ်စုဖြစ်တဲ့ parliamentary control ဘာကြောင့်လိုအပ်နေသေးသလဲ လို့မေးခွန်းထုတ်ထားတယ်။
အမေရိကန်နိုင်ငံက Congress နဲ့ President တို့ရဲ့ အားပြိုင်မှုကြားမှာလည်းဒီသဘောပါပဲ။ သမ္မတခေါင်းဆောင်တဲ့ အစိုးရအုပ်စုကလည်း သမ္မတရဲ့ထိန်းချုပ်မှုကို အရပ်ဘက်ထိန်းချုပ်မှုလိုပြောတယ်။ လွှတ်တော်ကလည်း သူတို့က သမ္မတထက်ပိုပြီးလူထုနဲ့ပိုနီးစပ်တဲ့အတွက် လွှတ်တော်ရဲ့ထိန်းချုပ်မှုကို အရပ်ဘက်ထိန်းချုပ်မှုလို့ပြောနေကြပြန်တယ်။ တကယ်တော့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုတာထက် အစိုးရနဲ့ လွှတ်တော်ကြားက အာဏာဖြန့်ခွဲမှုအတွက်လုပ်ကြတာပါ။ ကိုယ့်သြဇာအာဏာကို တည်ဆောက်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေက civilian control ဆိုတဲ့ စကားလုံးကို အသုံးချကြတယ်လို့ဆိုလိုတာဖြစ်တယ်။ အမှန်တော့ ကိုယ့်ဖို့ ကိုယ်လုပ်ကြတာပါ။ ဒါကြောင့် Huntington က သူဒီစာအုပ်ကိုရေးသားခဲ့တဲ့ သိပ်မကြာခင်အချိန်လေးကလွဲလို့ အနောက်နိုင်ငံတွေမှာ ဓမ္မဓိဌာန်(မကျ) တဲ့ အရပ်ဘက်ထိန်းချုပ်မှုတွေကိုသာတွေ့ရပြီး အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာ တိုင်းပြည်အတွက် (State’s right) ဆိုတဲ့ ကြွေးကြော်သံလိုပဲ မသမာမှုတွေ၊ ဒုစရိုက်မှုတွေနဲ့ ပြည့်နေပါသတဲ့။ ( Like state’s rights, civilian control may cover a variety of sins…….) လို့ဆိုပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ် မြန်မာနိုင်ငံမှာ Subjective civilian control ပုံစံကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ပါတီ၊ ပုဂ္ဂိုလ်အချင်းချင်း အာဏာလုကြရင်း စစ်ဘက်ကို ကစားခဲ့ကြတယ်။ ဒါကြောင့် တစ်ချို့က ဦးကျော်ငြိမ်းတို့ သရဲမွေးခဲ့တယ်ပြောကြတာပေါ့။ (ဒါလည်းမမှန်ပါဘူး)။ နောက်ဆုံးတော့ weak civilian institutions တွေအကြားမှာ strong military ရဲ့ smart power ကရှေ့ရောက်လာရတာပဲ။ စစ်ဗိုလ်တွေက ကိုယ့်အဖွဲ့အစည်းကိုယ်တည်ဆောက်ခဲ့ကြတဲ့နေရာမှာ အရပ်ဘက်နိုင်ငံရေးသမားတွေရန်ဖြစ်ကြရင်း ကိုယ့်အဖွဲ့အစည်းကိုယ်( ဖျက်ဆီးမှန်းမသိ) ဖျက်ဆီးခဲ့ကြပါတယ်။ တနည်းအားဖြင့် အရပ်ဘက်ရဲ့ခေါင်းဆောင်မှု (civilian leadership) သည် ပြည်သူအပေါ်မှာကော စစ်ဘက်အပေါ်မှာပါ ကျဆုံးသွားခဲ့ရခြင်းပါပဲ။ သာမန်လူတစ်ယောက်အနေနဲ့ကတော့ စစ်ဗိုလ်တွေ အာဏာသိမ်းခဲ့တယ်လောက်ပဲ မြင်ကြမှာပါ။
Huntington ဖြစ်စေချင်တဲ့ ဓမ္မဓိဌာန်ကျသောအရပ်ဘက်ထိန်းချုပ်မှု (objective civilian control)
သူကဓမ္မဓိဌာန်(မကျ)တဲ့ ထိန်းချုပ်မှုနဲ့ ပြောင်းပြန်အချိုးကျ နေပါတယ်။ စစ်ဘက်ရဲ့အတတ်ပညာဆိုင်ရာပညာသည်ပီသမှုကို ချဲ့ထွင်ခြင်းဖြစ်တယ်လို့ဆိုတယ် ( maximizing military professionalism)။ ဓမ္မဓိဌာန်(မကျ)ခြင်းက စစ်ဘက်ကိုအရပ်ဘက်ဆန်စေခြင်း (civilianizing the military) ဖြစ်ပြီး ဓမ္မဓိဌာန်(ကျ)ခြင်းက စစ်ဘက်ကို စစ်ဘက်ဆန်စေခြင်း (malitarizing the military) ဖြစ်ပါသတဲ့။ သိပ်အရေးကြီးတဲ့အချက်(၃)ချက်ကို ဆွဲထုတ်ပြရရင် ဓမ္မဓိဌာန်ကျတဲ့အရပ်ဘက်ထိန်းချုပ်မှုဟူသည်-
(၁) စစ်ဘက်ရဲ့ အတတ်ပညာဆိုင်ရာပညာသည်ပီသမှု သဘောထားနဲ့ အပြုအမူတွေ တိုးတက်လာဖို့အတွက် အသင့်လျော်ဆုံးဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက်အကြား အာဏာခွဲဝေမှု (distribution of political power between military and civilian groups which is most conducive to the emergence of professional attitudes and behavior)
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်/ရပ်တည်ခွင့်ရှိသော စစ်ဘက်၏ အတတ်ပညာဆိုင်ရာပညာသည်ဆန်မှုကို အသိအမှတ်ပြုခြင်း (the essence of objective civilian control is the recognition of autonomous military professionalism)နဲ့
(၃) Objective civilian control ကိုဖော်ဆောင်ခြင်းနဲ့ စစ်ဘက်လုံခြုံရေးရဲ့ ရည်မှန်းချက်ပန်းတိုင်တို့အကြားမှာ ပဋိပက္ခမရှိခြင်း (no conflict exists between it and the goal of military security) ပဲဖြစ်ပါတယ်။
Huntington သရုပ်ခွဲခဲ့တဲ့ CMR ပုံစံ (၅) မျိုးကိုတော့ အနုစိတ်မှာဖြစ်တဲ့အတွက်ချန်လှပ်ထားခဲ့ပါရစေ။ ဒီလောက်ဆိုရင် Huntington ပြောတဲ့ အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာ စစ်ဘက်သည် အရပ်ဘက်ထိန်းချုပ်မှုအောက်မှနေပြီး ခိုင်းတာလုပ်ရမယ်ဆိုပြီး ယူဆထားခြင်းလောက် အဆင့်မနိမ့်ဘူးဆိုတာ သိနိုင်ကြပါပြီ။ သို့သော်လည်း Huntington သည် ၁၉၆၈ ခုနှစ်ကထွက်လာတဲ့ Political Power in chaining societies ဆိုတဲ့စာအုပ်မှာ သူ့အမြင်ကို ပြောင်းလဲထားပါသေးတယ်။ စစ်ဘောင်ကျယ်လာရခြင်းသည် စစ်ဘက်ရဲ့ professionalism အဆင့်နိမ့်မှုနဲ့ ပြေလည်အောင်စေ့စပ်ပေးနိုင်သော၊ ပိုကောင်းအောင်မွမ်းမံနိုင်သော၊ အစွန်းမရောက်သော အရပ်ဘက် အဖွဲ့အစည်းတွေ အားနည်းလို့ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Huntington က သူရဲ့ Professionalism အယူအဆကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူ့အယူအဆကို ချေဖျက်ပစ်တဲ့ သီအိုရီများဆက်လက်ပေါ်ထွက်လာခဲ့ရပါတယ်။ (ဆက်ရန်)
မောင်ကျော်
၈၅၁၇၁၆၃၁

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၂)

သီအိုရီများကို မဆွေးနွေးခင်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး သီအိုရီများသည် ဘယ်လို ကမ္ဘာနိုင်ငံရေးနောက်ခံအခြေအနေမှာ ဖြစ်ပေါ်လာရတယ်ဆိုတာကို အနည်းငယ်သိထားလို့လိုအပ်ပါတယ်။ အတိုဆုံးပြောရရင်တော့ World War II ကရလာခဲ့ကြတဲ့ စိတ်ဒဏ်ရာနဲ့ စစ်အေးတိုက်ပွဲ”Cold War” ကြောင့်လို့ဆိုနိုင်ပါတယ်။ Huntington ရဲ့အယူအဆမှာ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးကို တွန်းအား(၂) ခုက ပုံဖော်တယ်လို့ဆိုပါတယ်။ ဒီအချက်တွေကတော့
(၁) လူ့အဖွဲ့အစည်းတစ်ခုရဲ့ လုံခြုံရေးကိုခြိမ်းခြောက်လာမှုတွေကနေ ဆင်းသက်လာတဲ့ လက်တွေ့မရှိမဖြစ်လိုအပ်ချက် (a functional imperative stemming from the threats to the society’s security) နဲ့
(၂) လူ့အဖွဲ့အစည်းတစ်ခုကို လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတွေ၊ တွေးခေါ်ယူဆချက်တွေနဲ့ လူမှုစွမ်းပကားကနေ ဆင်းသက်လာတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာမရှိမဖြစ် ( a societal imperative arising from the social forces, ideologies, and institutions dominant within the society) တို့ပဲဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲကြောင့် အမေရိကန်နိုင်ငံအနေနဲ့ ဆိုဗီယက်ကိုတန်ပြန်ဖို့ မိမိရဲ့စစ်အင်အား၊ လက်နက်အင်အားစတဲ့ စစ်ဘက်အခန်းကဏ္ဍကို မြှင့်တင်ရမယ်ဆိုတဲ့ လက်တွေ့မလုပ်မဖြစ်လုပ်ရမယ့် (functional imperative) နဲ့ အမေရိကန်လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာစစ်ဘက်မလိုလားမှု လစ်ဘရယ်အတွေးအခေါ် (traditional liberal anti-military ideology) တို့တွန်းတိုက်မိကြရာကနေဖြစ်လာတဲ့ ပဋိပက္ခကြောင့် ပညာရှင်များ ဦးနှောက်ခြောက်ခဲ့ကြရပါတယ်။ အဲ့ဒီ့တော့ ဒီကိစ္စကို ပြေလည်စေမယ့် theoretical framework ရေးဆွဲဖို့ တွန်းအားဖြစ်လာခဲ့ရတော့တာပါပဲ။ ဒါကတော့ Huntington ရဲ့ ယူဆချက်ပါ။
ကြားဖြတ်ပြောရရင် Harold D. Lasswell ဆိုသူက Huntington ထက် စောပြီး “garrison state” concept ကို ၁၉၃၇ ခုနှစ်မှာရေးသားခဲ့တဲ့ ” Sino-Japanese Crisis: The garrison state versus the civilian state” ဆိုတဲ့ ဆောင်းပါးမှာ ပြောခဲ့ပါသေးတယ်။ ၁၉၄၁ မှာ “The Garrison State” ဆိုတဲ့ ဆောင်းပါး ထပ်ရေးခဲ့ပါတယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်တဲ့ theoretical framework တစ်ခုတော့မဖြစ်ခဲ့ပါဘူး။ Lasswell ယူဆချက်ကလည်း အမေရိကန်နိုင်ငံကိုပဲ အခြေခံလာခဲ့တာပါ။ သူက “…..garrison state-a world in which the specialists on violence are the most powerful group in society. From this point of view the trend of our time is away from the dominance of the specialist on bargaining, who is the businessman, and toward the supremacy of the soldier”
“တပ်နိုင်ငံဆိုတာက အကြမ်းပတမ်းနေရာမှာ ကျွမ်းကျင်သူတွေအနေနဲ့ လူ့အဖွဲ့အစည်းမှာ အာဏာပါဝါအရှိဆုံးဖြစ်ပါတယ်။ ညှိနှိုင်းစျေးဆစ်တဲ့နေရာမှာ ထူးချွန်တဲ့ လုပ်ငန်းရှင်တွေနေရာမှာ စစ်သားတွေရဲ့ သာလွန်ကြီးစိုးမှု လားရာကိုသွားနေတဲ့ အချိန်ဖြစ်တယ်” လို့ဆိုခဲ့တယ်။ သူ့ယူဆချက်က အဲ့ဒီ့အချိန်ကာလအတွက်မှန်သင့်သလောက်မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးထဖြစ်ခဲ့တာပဲလေ။ စစ်အေးကာလစတင်တော့မှ သူ့အယူအဆက အမေရိကန်နဲ့ နိုင်ငံရေးဓလေ့ရင့်ကျက်ပြီးတဲ့ လူ့အဖွဲ့အစည်းတွေမှာမမှန်ခဲ့ပေမယ့် “Third World countries” တွေနဲ့ လွတ်လပ်ရေးရပြီးစ လူ့အဖွဲ့အစည်းတွေမှာ စစ်ဘောင်ကျယ်ခဲ့တာပဲလေ။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်အလွန် ကမ္ဘာနိုင်ငံရေးကို လေ့လာရင် ရှင်းကနဲ မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံက Huntington တို့လို့ပညာရှင်များအနေနဲ့ စစ်အေးကာလအတွက် ဆိုဗီယက်ကိုတန်ပြန်ဖို့ စစ်ဘက်အခန်းကဏ္ဍကိုလည်းမြှင့်တင်ဖို့လိုအပ်သလို၊ ကမ္ဘာစစ်ကြီး နှစ်ခုကရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် စစ်ဝါဒကို ကန့်သတ်ချင်တဲ့ လိုအပ်ချက်နှစ်ခုကြားမှာ “Objective civilian control which maximized the military security” ဆိုပြီး အသည်းအသန် သီအိုရီ ဖော်ထုတ်ခဲ့ကြဟန်တူတယ်။
သီအိုရီတွေအကြောင်းပြောနေတော့ စာရေးသူအနေနဲ့ ဒီသီအိုရီတွေကို ယုံကြည်လက်ခံမှန်ကန်ပါတယ်လို့ယူဆထားခြင်းမဟုတ်ကြောင်း ကိုတင်အသိပေးဖို့လိုလာပါတယ်။ စာရေးသူတို့လို နိုင်ငံမျိုးတွေအတွက် ကိုက်ညီမှုရှိတယ်လို့ ယူဆထားတဲ့ Rebecca L. Schiff ရဲ့ “Concordance theory” ကိုပင် အနည်းငယ် စိတ်ကူးယဉ်ဆန်နေပြီး မြန်မာနိုင်ငံအတွက်ဆိုရင် ပြည့်စုံမှုမရှိဘူးလို့ (ယခုအချိန်ထိ) ယူဆထားဆဲဖြစ်ပါတယ်။ သီအိုရီတစ်ခုချင်းဆီအပေါ်မှာ စာရေးသူရဲ့အမြင်ကိုအသေးစိတ်ဆွးနွေးနေရင် ဘွဲ့လွန်စာတမ်း တစ်ခုစာဖြစ်သွားနိုင်လို့ ချန်လှပ်ထားခဲ့ပါရစေ။
Huntington ရဲ႕အယူအဆကဘာလဲ?
စစ်ဘက်အနေနဲ့ အတတ်ပညာလုပ်ငန်း (professional) တစ်ခုပီသလာရင် အရပ်ဘက်နိုင်ငံရေးမှာ ကြားနေဖြစ်လာပြီး ဝင်ရောက်ပတ်သက်မှုမရှိတော့ဘူးပဲ (တရားဝင်ဖြစ်တဲ့ အရပ်ဘက်အာဏာပိုင်) legitimate civilian authority ရဲ့ ဆန္ဒအတိုင်းလိုက်ပါလုပ်ဆောင်လိမ့်မယ်လို့ယူဆတယ်။ သူ့အလိုအရ Profession တစ်ခုရဲ့ မွေးရာပါအချက်တွေက ကျွမ်းကျင်မှု (expertise), တာဝန်သိပြီးတာဝန်ယူမှု (responsibility) နဲ့ ပေါင် းစည် းညီညွတ် မှု (corporateness) တို့ဖြစ်ပါတယ်။ ဒီနေရာမှာ Huntington ရဲ့ professionalism အယူအဆက အားနည်းချက်တွေများစွာနဲ့ မေးခွန်းထုတ်ခံခဲ့ရတယ်။
ဂျပန်နဲ့ ဂျာမဏီတို့လို စစ်တပ်တွေ professional ကျလွန်းလှပေမယ့် ဘာကြောင့် နိုင်ငံရေးမှာ ရှေ့ရောက်လွန်းခဲ့ရတာလဲ၊ professional ဖြစ်တိုင်း နိုင်ငံရေးမှာ ကြားနေရမယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ သူ့ရဲ့ယူဆချက်သည် သဘာဝမကျဖြစ်နေတယ်။ စာရေးသူအမြင်တစ်ခုကို တိုတိုပြောရရင် စွန့်လွှတ်မှု၊ စွန့်စားမှု၊ အနစ်နာခံမှု (sacrifice) ဆိုတာကိုလျစ်လျူရှုထားတယ်။ နိုင်ငံရေး ယုံကြည်ချက်၊ ခံယူချက်မပါဘဲ သေတမ်း၊ပြတ်တမ်းကစားတဲ့ ပရော်ဖက်ရှင်နယ်ဆိုတာ ရှိလို့လား။ တခြားအချက်တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့်လို့ ” No theory can explain all the facts, and, at times, the reader of this book may feel that its concepts and distinctions are drawn too sharply and precisely and are too far removed from reality” “ဘယ်သီအိုရီကမှတော့ အချိန်တိုင်းအတွက် အမှန်တရားတွေမဖြစ်နိုင်ဘူး..ဒီစာအုပ်ကိုဖတ်နေသူတွေအနေနဲ့ ဒီအယူအဆတွေ၊ ထူးခြားချက်တွေက အရမ်း ချွန်လွန်းနေတာ၊ တိကျလွန်းနေတာ အဖြစ်မှန်နဲ့ဝေးကွာလွန်းနေတယ် လို့ ခံစားမိနိုင်တယ်” လို့ သူကိုယ်တိုင်ပြောခဲ့တော့ လေးစားရတုန်းပါပဲ။
ဒီနေရာမှာ သူရဲ့ “Objective civilian control which maximized the military security” ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ စာရေးသူတို့ နိုင်ငံမှာ လိုရာဆွဲပြောနေကြတာလည်း ဒီအချက်ကို သဘောမပေါက်လို့ပါ။ (ဆက်ရန်)
မောင်ကျော်
၇၅၁၇၂၂၂၈

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၁)

မြန် မာနိုင် ငံ ရေးပြုပြင် ပြောင်းလဲမှုအပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပ ဒေ ခေတ် မှာ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးအ ကြောင်း နိုင် ငံ ့အရေးစိတ် ပါဝင် စားသူအလွှာထဲမှာ အ တော် လေးအ ပြောများလာကြပါတယ် ။ ၂၀၁၀ နောက် ပိုင်းမှာထက် ၂၀၁၅ နောက် ပိုင်းမှာ ပိုမိုစိတ် ဝင် စားလာကြတာကိုလည်း သတိထားမိပါတယ် ။ သို့ သော် လည်း ပညာတတ် အလွှာထဲမှာကို (Civil-Military Relations) လို့ ခေါ်တဲ့ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေး အ ကြောင်း ပြောကြတဲ့ နေရာမှာ အ တော် လေး ယေဘုယျဆန် ပြီး သီအိုရီနားလည် သ ဘော ပေါက် မှုပိုင်းဆိုင် ရာမှာ အားနည် းချက် ရှိ နေ သေးတာ သတိထားမိပါတယ် ။
ဒီ နေရာမှာ စာ ရေးသူအ နေနဲ့ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးအ ကြောင် း အတိုင် းအတာတစ် ခုအထိ လေ့လာထားဘူးသူတစ် ယောက် ဖြစ် တာ ကြောင် ့ စေ့ငုထားမိသမျှ သောအမြင် များကို ဝေမျှဖို့စိတ် ဆန္ဒရှိလာပါတယ် ။ လိုအပ် ချက် ရှိမှ ပေးရတာ ထိ ရောက် တာမို့ လစ် ဟာမှုတစ် ခုကို တတ် နိုင် တဲ့ဘက် က ဖြည် ့ ပေးဖို့အချိန် အခါ ကောင်းဖြစ် နေတယ် လို့လည် း ယူဆမိပါတယ် ။ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းအရ (အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မှုရှိမရှိ) ဆိုတဲ့အချက်က (မြန်မာ့နိုင်ငံရေးရှေ့ကို မြန်မြန်ရွေ့/မရွေ့) ဆိုတဲ့အချက်ကို တိုက်ရိုက်သက်ရောက်မှုရှိနေလို့ပဲဖြစ်ပါတယ်။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး (civil-military relations) ဆိုတာဘာလဲ?
(Civil) အရပ် ဘက် နဲ့ (Military) စစ် ဘက် ဆိုတာက သ ဘော ပေါက် ဖို့လွယ် ကူ ပေမယ် ့ ဆက် ဆံ ရေး (relations) ဆိုတာကို တော့ အနည်းငယ် ဆွေး နွေးချင် ပါတယ် ။ စာ ရေးသူအ နေနဲ့ တော့ relations ဆိုတာကို (ဆက် ဆံ ရေး) လို့ဆိုတာထက် (ပတ် သက် ဆက် နွယ် မှု)လို့ဘာသာပြန် ချင် ပါတယ် ။ ဘာ ကြောင် ့လဲဆိုတာကို ရှင်းပြဖို့ (IR-International Relations) ဆိုတဲ့ နိုင် ငံတကာဆက် ဆံ ရေးဆိုတာကိုအနည်းငယ် ရှင်းဖို့ လိုလာပါတယ် ။ စာ ရေးသူကိုယ် တိုင် IR ဆိုတာကို နိုင် ငံတကာဆက် ဆံ ရေးလို့ပဲ ယေဘုယျသိထားခဲ့ချိန် က နိုင် ငံအချင်းချင်းဆက် ဆံကြတဲ့ သံတမန် ဆက် ဆံ ရေးကိုပဲ မျက် လုံးထဲ ပြေးမြင် ခဲ့ဘူးပါတယ် ။
အမှန် တော့ နိုင် ငံတကာဆက် ဆံ ရေးဆိုတာက မိမိတို့ နေ့တဓူဝကြုံ တွေ့ နေကြရတဲ့ စား၊ဝတ် ၊ နေ ရေး ကိစ္စ တွေက နေ နယ် နမိတ် ရှိတဲ့နိုင် ငံ တွေအချင်း ပတ် သက် ဆက် နွယ် မှု တွေ အားလုံးပါဝင် နေတာ တွေ့ရပါတယ် ။ ပတ် သက် ဆက် နွယ် မှုလို့ဆိုတဲ့ နေရာမှာ နိုင် ငံအသီးသီးရဲ့ (Security) လုံခြုံ ရေး၊ (freedom) လွတ် လပ် ခွင့်၊ order (မူ ဘောင် )၊ Justice (တရားမျှတမှု) နဲ့ (welfare)သက် သာ ချောင် ချိ ရေး စတဲ့ နယ် ပယ် များ အောက် က အ ကြောင်းအရာများအားလုံး အကြုံး၀င် ပါတယ် ။ အလွယ် ပြောရရင် တော့ လူ တွေရဲ့ နေ့စဉ် ဘဝကို သက် ရောက် မှုရှိ နေတဲ့ နိုင် ငံ ရေး၊ စီးပွား ရေး၊ လူမှု ရေး၊ စစ် ရေး၊ လုံခြုံရေး၊ သံတမန် ရေးစတဲ့ ကိစ္စရပ် များ၊ စိန် ခေါ်မှုများအားလုံးကို သီအိုရီကျကျ လေ့လာတဲ့ ပညာရပ် ဖြစ် တယ် လို့ ဆိုနိုင် ပါတယ် ။
ဒါ ကြောင့် Civil-military relations ဆိုရာမှာလည်း နိုင် ငံတစ် ခုရဲ့ စစ် ဘက် နဲ့အရပ် ဘက် သာမာန် (ဆက် ဆံ ရေး ) ကောင်း နေခြင်း ဆိုး နေခြင်းဆိုတာထက် ပိုတဲ့ ပတ် သက် ဆက် နွယ် နေသမျှ သော နိုင် ငံ ရေး၊ စီးပွား ရေး၊ လူမှု ရေး၊ သမိုင်းအစဉ် အလာ၊ ယဉ် ကျေးမှု၊ ခြိမ်း ခြောက် မှု၊ ပထဝီဝင် နိုင် ငံ ရေး စတဲ့နယ် ပယ် တွေနဲ့ အကျိုးဆက် တွေ (အားလုံး) ပါဝင် နေပါတယ် ။ ဒါ ကြောင့် Civil-military relations ဆိုတာ International relations လိုပဲ ပညာရပ်ဆိုင်ရာ နယ်ပယ် တစ် ခုဖြစ် လို့ ဒီနယ် ပယ် ကို လေ့လာဖို့အတွက် ဆိုင် ရာပညာရှင် များက သီအိုရီအသီးသီးကို ထုတ် ဖော် ခဲ့ကြတယ် ။
သီအိုရီ (Theory) ဆိုတာဘာလဲ?
သီအိုရီဆိုတာက တော့ မှန် ပြောင် းတစ် လက် အသုံးပြုတာနဲ့ သ ဘောတရားတူပါတယ် ။ မိမိသိချင် မြင် ချင် တဲ့အရာတစ် ခုကို သာမာန် ကြည် ့တာထက် ဘောင်တစ်ခုနဲ့ကန့်သတ်ထားပြီး မှန် ပြောင် းနဲ့ကြည် ့တာ ပိုပြီးရှင်းရှင်းလင်းလင်းမြင် နိုင် သလို ထိ ရောက် မှုလည် း ပိုရှိပါတယ် ။ ဒါကြောင့် ပညာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုကိုလည်း သီအိုရီမူဘောင် (theoretical framework) တွေကိုအခြေခံပြီး လေ့လာတာက ပိုပြီးစနစ်ကျပြီး ထိရောက်မှုရှိပါတယ်။ သို့ ပေမယ် ့လည်း No man is perfect လို့ဆိုသလို No theory is perfect ပါပဲ။ အချိန် တိုင်း နေရာတိုင်း အရာတိုင်းအတွက် ပြီးပြည် ့စုံ သော သီအိုရီဆိုတာမရှိနိုင်ပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး သီအိုရီတစ်ခုကို အချိန်တိုင်း၊ နေရာတိုင်းမှာ တရားသေမှန်နိုင်တယ်ဆိုပြီး ကောက်ချက်ဆွဲတဲ့သူများအတွက် သတိပြုစရာဖြစ်ပါတယ်။
Huntington က ” The present volume is an effort to suggest more useful and relevant framework and to raise and define the principal theoretical issues involved in the study of civil-military relations. Its most important purpose will be served if it stimulates further thinking about civil-military relations and national security.” ဒီစာအုပ်သည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ ပါဝင်မယ့် အခြေခံသီအိုရီကိစ္စရပ်တွေ သတ်မှတ်ဖို့နဲ့ တိုးတက်လာဖို့အတွက် ပိုပြီးအသုံးဝင်မယ့် မူဘောင်တစ်ခုပေါ်ထွက်လာဖို့အတွက် ကြိုးပမ်းချက်တစ်ခုဖြစ်တယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒီ့ထက်ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနဲ့ အမျိုးသားလုံးခြုံရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်အယူအဆတွေကို လှုံဆော်ပေးဖို့အတွက်ဖြစ်တယ်” လို့ဆိုပါတယ်။ ဒီစာသားတွေကိုကြည့်ရင် Huntington ဆိုတဲ့ ပုဂ္ဂိုလ်သည် ဘယ်လောက်ပညာရှင်ဆန်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။
သို့ သော် လည် း သီအိုရီတစ် ခု ကို တိုင်းတာ တော့မယ် ဆိုရင် ၎င်းသီအိုရီသည် သက် ဆိုင် ရာနယ် ပယ် ရပ် ကို ဘယ် လောက် အတိုင်းအတာထိလွှမ်းခြုံနိုင် ပြီး ပြည် ့့စုံအောင်ရှင်းလင် းပြနိုင် သလဲဆိုတာနဲ့၊ ဒီအတိုင် းအတာက အခြားသီအိုရီ တွေထက် ပို ကောင် း ပိုပြည် ့စုံရဲ့လားဆိုတဲ့ စံနဲ့တိုင် းတာကြပါတယ် ။ ဒီလိုသီအိုရီတစ် ရပ် ကို အ ခြေခံပြီး ပို ကောင် း ပိုပြည် ့စုံ သော သီအိုရီများ၊ သ ဘောတူညီချက် များ၊ငြင် းဆိုချက် များ စသည် တို့ ဆင် ့ပွားဖြစ် လာ တော့တာပဲ။ ဒါ ကြောင် ့ သီအိုရီနဲ့ကင် းတဲ့ လေ့လာမှုနယ် ပယ် တစ် ရပ် သည် အကွပ် မဲ့တဲ့ကြမ် းလိုပဲ ပရမ် းပတာ၊ တောင် ရောက် မြောက် ရောက် ဖြစ် နေတတ် ပါတယ် ။
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဘာကြောင့်အရေးကြီးသလဲ?
၁၉၅၇ ခုနှစ် မှာ အ မေရိကန် နိုင် ငံကို အ ခြေခံထားတဲ့ Military Professionalism နဲ့ Objective civilian control ဆိုတဲ့အယူအဆများကိုထုတ် ဖော် ခဲ့သူ Samuel Phillips Huntington ရဲ့အလိုအရ တော့ အမျိုးသားလုံခြုံရေးမူဝါဒ (National Security Policy) ကိုစဉ်းစားမယ်ဆိုရင် စစ်ဘက်လုံခြံုရေးမူဝါဒ (Military Security Policy)၊ ပြည်တွင်းလုံခြံုရေး (Internal Security Policy) နဲ့ အခြေအနေအရပ်ရပ်နဲ့ဆိုင်သော လုံခြံုရေးမူဝါဒ (Situational Security Policy) သုံးမျိုးပေါ်မှာအခြေခံစဉ်းစားပါတယ်။ ဒီ သုံးမျိုးရဲ့ တစ်ခုချင်းဆီကိုမှ Operational level နဲ့ Institutional level ဆိုပြီး အဆင့်နှစ်ဆင့်ခွဲထားပါတယ်။ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးဆိုတာ အမျိုးသားလုံခြံု ရေး National Security ရဲ့ အစိတ် အပိုင် းတစ်ခုဖြစ် တယ်။ အဲ့ဒီ့ထဲကမှ စစ် ဘက် လုံခြံု ရေး Military security ရဲ့ Institutional level မှာအ ရေးကြီးတဲ့အစိတ် အပိုင် းတစ် ခုလို့ဆိုပါတယ် ။ စာ ရေးသူအမြင် အရ တော့ မြန်မာနိုင်ငံလို နိုင်ငံရေးယဉ်ကျေးမှု (Political Culture) ရင့်ကျက်မှုမရှိသေးတဲ့ နိုင်ငံတွေမှာတော့ အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးသည် စစ် ဘက် လုံခြံု ရေးအတွက် သာမက လုံခြံုရေးမူဝါဒများအားလုံးအပေါ်မှာ သက်ရောက်မှုရှိနေလို့ National Security အတွက်တိုက်ရိုက်အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ယူဆပါတယ် ။
မည် သို့ဆို စေ Huntington သည် အရပ် ဘက် -စစ် ဘက် ဆက် ဆံ ရေးနယ် ပယ် မှာ ယ နေ့အထိ ခေတ် စား နေဆဲ အယူအဆများကို ရေးသားခဲ့သူလို့ဆိုနိုင် ပါတယ် ။ သို့ ပေမယ် ့ သူ့ရဲ့ သီအိုရီသည် အ မေရိကန် နိုင် ငံရဲ့ နိုင်ငံရေးဓလေ့ကိုအ ခြေခံပြီး ထုတ် ဖော် ခဲ့တာဖြစ် ပြီး၊ သူ့အယူအဆထက် ပိုပြီးလက် တွေ့ကျတဲ့ နိုင် ငံ ပေါင် းစုံရဲ့ ကွဲပြားခြားနားတဲ့ သမိုင် း ကြောင် း၊ ယဉ် ကျေးမှုစရိုက် များနဲ့ အနီးစပ် ဆုံးကိုက် ညီတဲ့ အယူအဆများ၊ သီအိုရီများလည် းရှိပါတယ် ။ ဒါ တွေကို နောက် ပိုင် းမှာ အ သေးစိတ် ရှင် းပြပါမယ် ။ စာ ရေးသူတို့နိုင် ငံအ နေနဲ့ တော့ Huntington ပြောခဲ့တဲ့ “စစ်ဘက်လုံခြုံရေးကို များနိုင်သမျှများအောင်ပြုလုပ်သည့် (ဝါ) စစ်ဘက်လုံခြံုရေးကို အာမခံပေးသည့် ဓမ္မဓိဌာန်ကျသော အရပ်ဘက်ထိန်းချုပ်မှု” (Objective civilian control which maximized the military security) ဆိုတဲ့ အယူအဆကိုပင် အပြည့် ့အဝ နားလည် သ ဘော ပေါက် ခြင်းမရှိ သေးဘဲ (Civilian control) ဆိုသည့် လိုချင် သည့် စကားလုံးတစ် ခုကိုသာဆွဲယူကာ ဟော ပြော ရေးသား နေခြင်းများကို တွေ့မြင် နေရပါတယ် ။ (ဆက်ရန်)
မောင်ကျော်
၂၅၁၇၁၃၃၈

ခေတ်သစ် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

ကျွန်တော်တို့မြန်မာနိုင်ငံသည် တပ်မတော်အစိုးရတာဝန်ယူဆောင်ရွက်နေသော အချိန်ကတည်းက ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရန်အတွက် မဟာဗျူဟာတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းမဟာဗျူဟာအောင်မြင်ခြင်း အရပင် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပေးနိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပကာ ၂၀၁၁ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်ဘက်အစိုးရသို့ နိုင်ငံတော်အာဏာကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအရပ်သား အစိုးရအနေဖြင့် ၅ နှစ်ကြာနိုင်ငံတော်ကိုဦးဆောင်ခဲ့ပါသည်။ ထိုမှတဆင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ရာ ယခုဆိုလျှင် ၁နှစ်သား အစိုးရသို့ ရောက်လုပြီဖြစ်ပေသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။ ထိုသို့နိုင်ငံရေးတည်ငြိမ်မှုရှိအောင်တည်ဆောက်ရာတွင် ကောင်းမွန်သောစစ်ဘက်-အရပ်ဘက်ဆက်ဆံရေးထူထောင်နိုင်ရန် အလွန်အရေးကြီးလှပေသည်။ ထို့ကြောင့်ပင်လျှင် ဒုတိယကမ္ဘာစစ်အပြီးမှစ၍ ပညာရှင်များက စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးသီအိုရီများကို ထုတ်ဖော်ခဲ့ကြပါသည်။ အချိန်ကာလအားလျော်စွာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲနေသကဲ့သို့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး သီအိုရီများလည်း ပြောင်းလဲလျက် ရှိပါသည်။ ထိုပြောင်းလဲနေသော သီအိုရီများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ အတွေ့အကြုံများကို မိမိနိုင်ငံနှင့်ချိန်ထိုးသုံးသပ်နေရန် လိုအပ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ စစ်ဘက်ဦးဆောင်မှုရယူသောအုပ်ချုပ်ရေးမှ အရပ်ဘက်ဦးဆောင်မှုယူသော အုပ်ချုပ်ရေးသို့ပြောင်းလဲနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသီအိုရီများ၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲပုံများနှင့် အခြားအသွင် ကူးပြောင်းပြီးနိုင်ငံများ၏ အတွေ့အကြုံများကို သိရှိနားလည်သဘော ပေါက်ရန် လိုအပ်လာပါသည်။ သို့ဖြစ်၍ စစ်ဘက်ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေကြသော တပ်မတော်သားများအနေဖြင့် ကမ္ဘာ့စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးသီအိုရီများအကြောင်း နှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံများအကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်သဘောပေါက်ထား ရန်လိုအပ်သဖြင့် ဤဆောင်းပါး ကိုရေးသားလိုက်ရပါသည်။
ကျွန်တော်တို့နိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအကြောင်းပြောကြပြီ ဆိုလျင် စစ်ဘက်သည် အရပ်ဘက်ဦးဆောင်မှု အောက်တွင်ရှိရမည်၊ တနည်း “Professional” ဖြစ်ရမည်ဆိုသည်ကို အသားပေးပြောဆိုလေ့ရှိကြသည်။ စစ်အေးကာလအတွင်း ပေါ်ထွက်ခဲ့သည့် အနောက်လူမှုအဖွဲ့အစည်း အထူးသဖြင့် အမေရိကန်နိုင်ငံကို အခြေပြုထားသည့် Samuel P. Huntington ၏အယူအဆဖြစ်သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက် ပထမဦးဆုံး ဂန္တဝင်မြောက် သီအိုရီဟုဆိုနိုင်ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် Huntington ၏အယူအဆ အာနည်းချက်များကို ထောက်ပြလာသည့် စစ်ဘက်-အရက်ဘက်ဆက်ဆံရေး သီအိုရီ များစွာရှိပါသည်။ သဘာဝကျသော သီအိုရီတစ်ခုမှာ Samuel E. Finer ၏ အယူအဆဖြစ်သည်။ သူက Huntington ၏ Professional ကျသည့် စစ်တပ်သည် နိုင်ငံရေးမှ ဝေးဝေးနေလိမ့်မည်ဆိုသည့် အယူအဆကိုတွန်းလှန်သည်။
သူ၏ အယူအဆက ရှင်းသည်။ ၂၀ ရာစုအစ က ဂျာမဏီ၊ ဂျပန် စသည့် စစ်တပ်များသည် Professional ကျလွန်းလှသော်လည်း မည့်သည့်အတွက်ကြောင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သနည်းဆိုသည့် မေးခွန်းနှင့် Huntington ၏ “Professionalism” အယူအဆကို ရိုက်ချိုးလိုက်သည်။ ၎င်း၏ယူဆမှာ နိုင်ငံရေးတွင် စစ်ဘက်၏ ပါဝင်မှုသည် လူမှုအဖွဲ့အစည်း၏ “Political Culture” အနိမ့်အမြင့်ပေါ်တွင် မူတည်(အခြေခံ) နေသည်ဟုဆိုသည်။ “နိုင်ငံရေး ယဉ်ကျေးမှု” ဟု ဝိဂြိုလ်ပြုချင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများ၏နိုင်ငံရေးယဉ်ကျေးမှု နိမ့်လျင် နိမ့်သလောက် စစ်ဘက်၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှု မြင့်သည်ဟု ဆိုပါသည်။ တစ်နည်းနိုင်ငံရေး ယဉ်ကျေးမှုရေချိန် မြင့်လျင်မြင့်သလောက် စစ်ဘက်မှ နိုင်ငံရေးတွင်ပါဝင်ပတ်သက်ရန် မလွယ်ကူပါ။ နိုင်ငံရေးယဉ်ကျေးမှု အနိမ့်အမြင့်ကို အခြေခံအားဖြင့် ထိုလူမှုအဖွဲ့အစည်း၏ နိုင်ငံရေးရင့်ကျက်မှု၊ ပြည်တွင်း တည်ငြိမ်မှု နှင့် စစ်ပွဲများ၊ ပဋိပက္ခများဖြင့်တိုင်းတာသည်။ မတည်ငြိမ်မှုများနှင့် အရပ်ဘက်မှ နိုင်ငံရေးအားပြိုင်မှု ပဋိပက္ခများကြောင့် အရပ်ဘက်က စစ်ဘက်အပေါ်မှာ မှီခိုလာရပုံကိုထောက်ပြသည်။ အရပ်ဘက်၏ စစ်ဘက်အပေါ် လွှမ်းမိုးရန်ကြိုးစားခဲ့မှုများသည် စစ်ဘက်ကို နိုင်ငံရေးထဲ ဆွဲခေါ်သည့်ပုံစံဖြစ်ခဲ့သည်များကို ထောက်ပြသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် Huntington နောက်ပိုင်း ထွက်ပေါ်လာသည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအယူအဆများသည် များစွာ လက်တွေ့ကျလာသော်လည်း ကမ္ဘာကိုဦးဆောင်နေသည့် အမေရိကန်နိုင်ငံ၏ မူဝါဒသဘောထားများကို အထောက်အပံ့ မပေး၍သာ ငုပ်လျှိုးနေခြင်းဖြစ်ပါသည်။
Huntington နောက်ပိုင်း ထွက်ပေါ်ခဲ့သည့် သီအိုရီအများစုသည် စစ်ဘက်အရပ်ဘက် ကွဲထွက်ခြင်း “separation” ထက် ပေါင်းစည်းခြင်း “integration” ကို ယိမ်းခဲ့သည်က များပါသည်။ Charles Moskos ၏ Institution/Occupation “I/O model”၊ Morris Janowitz ရဲ့ “Convergence” သဘောတရား၊ John M. Gates ရဲ့ “golden age of isolation…never existed” ဟူသည့် အဆို၊ Maury Feld ၏ အမေရိကန် စစ်ဘက်နှင့် အရပ်ဘက်ကို တန်းတူပြုခဲ့မှု၊ Douglas L. Bland ရဲ့ “The Theory of Shared Responsibilities”၊ Rebecca L. Schiff ရဲ့ “Concordence Theory” အားလုံးဟာ ကွဲထွက်ခြင်းထက် ပေါင်းစည်းခြင်းဘက်ကို ယိမ်းခဲ့ကြတာဖြစ်ပါသည်။ အမှန်ဆိုရပါမူ Huntington သည်ပင် “fusion” or “ integration” ဆိုသည့် အယူအဆကိုပြောဆိုခဲ့ပါသေးသည်။ ထို့ကြောင့်လည်း နောက်ပိုင်းသီအိုရီများသည် Huntington ၏ဂန္တဝင်သီအိုရီထဲမှ အလုံးစုံသွေဖည်သွားခြင်းမရှိသေး ဟုလည်း ဆိုကြသည်။ ဟန်တင်တန်အနေဖြင့် အရပ်ဘက်ထိန်းချုပ်မှု Civilian control ဆိုရာတွင်လည်း ဓမ္မဓိဌာန်မကျသောအရပ်ဘက်ထိန်းချုပ်မှု Subjective civilian control နှင့် ဓမ္မဓိဌာန်ကျသောအရပ်ဘက်ထိန်းချုပ်မှု Objective civilian control ဟူ၍ ခွဲပြခဲ့သေးသည်။ စစ်ဘက်၏ဖြစ်တည်မှုနှင့် သဘောသဘာဝကို အသိအမှတ်ပြုရန်၊ ၎င်း၏ command and control ကိုမစွက်ဖက်ဖို့ ပြောခဲ့သည်။ ကျွန်တော်တို့နိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသဘောတရား သီအိုရီများကို ကိုယ်လိုချင်သည့် အပိုင်းကိုသာ ဖြတ်ယူပြောဆိုကြပြီး၊ များစွာခေတ်နောက်ကျနေသည်ကိုတွေ့ရပါသည်။ နောက်ပိုင်း သီအိုရီတော်တော်များများသည် စစ်ဘက်နှင့် အရပ်ဘက် ကဏ္ဍများတွင် ပါဝါအာဏာနှင့် တာဝန်ယူမှုကို မျှဝေဆောင်ရွက်ကြရန် (Power & Responsibility Sharing) အသားပေးလာကြပါသည်။
Marcus Mietzner က ပညာရှင် တစ်ချိုုု့ရဲ့အယူအဆကိုပေါင်းစပ်ပြီး စစ်ဘက်က နိုင်ငံရေးတွင် အဘယ့်ကြောင့် ပါဝင်ပါတ်သက်ရသနည်းဆိုသည့်အချက်ကို (သမိုင်းကြောင်းဆိုင်ရာ ပတ်သက်မှု၊ အရပ်ဘက် အဖွဲ့အစည်းရဲ့ အရည်အသွေးနဲ့ ခေါင်းဆောင်မှု၊ ပြင်ပ ပရောဂ နဲ့ စစ်ဘက်အဖွဲ့အစည်းရဲ့ အရွေ့ တွေပေါ်မူတည်ပြီး) ကဏ္ဍ လေးခု ခွဲထုတ်ပြခဲ့ပါသည်။ သူ၏ သုံးသပ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများကို ဗဟိုပြုထားသည်။ သမိုင်းကြောင်းဆိုင်ရာ ပတ်သက်ဆက်နွယ်မှုကြောင့်ဆိုသည့် အယူအဆမှာ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ဘက်အခန်းကဏ္ဍကို လျော့ချနိုင်ခဲ့ခြင်းက ကန့်သတ်လိုက်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်တော်တို့ နိုင်ငံလိုကဲ့သို့ပင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကနေစပြီး သမ္မတ ဆူဟာတို Suharto အလွန် ကာလအထိ နိုင်ငံရေးတွင် စစ်ဘက် ပါဝင်ပတ်သက်မှု ကြီးကြီးမားမားရှိနေခဲ့သည်။ သို့သော်လည်း သမ္မတ Yudhoyono ကာလမှစတင်ပြီး စစ်ဘက်အခန်းကဏ္ဍကို သိသိသာသာ လျော့ချနိုင်ခဲ့ပါသည်။ စီးပွားရေးကောင်းလျင် စစ်ဘက်ကဏ္ဍကို လျော့ချနိုင်သည် ဆိုသည့်အယူအဆမှာလည်း ၂၀၀၆ ခုနှစ်မှာတင် Per capita GDP US$ 3,116 ရှိခဲ့သည့် ထိုင်းနိုင်ငံ၏ မကြာသေးခင်ကဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကြောင့် အရာမထင်ဖြစ်ခဲ့ရပြန်သည်။ စစ်ဘက်၏ အခန်းကဏ္ဍကို လျော့ချနိုင်ခဲ့သော အင်ဒိုနီးရှား နိုင်ငံ၏ Per capita GDP သည် ၂၀၀၉ ခုနှစ်တွင်ပင် US$ 2,349 လောက်သာရှိပါသေးသောကြောင့်ဖြစ်ပါသည်။
ပြင်ပ ပရောဂကြောင့်ဆိုရာမှာလည်း အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံကို အနောက်နိုင်ငံများမှချမှတ်ထားသော Sanction လောက်ကလွဲ၍ တခြားနိုင်ငံများတွင် ပြောပလောက်အောင် သက်ရောက်မှုမရှိခဲ့ပါ။ အမေရိကန်၏ မူဝါဒသည်လည်း အရှေ့တောင်အာရှနိုင်ငံများ တရုတ်နိုင်ငံ၏ရင်ခွင်ထဲသို့ ရောက်သွားမည် စိုးရိမ်သည့်အတွက် နှင့်၊ counter-terrorism အတွက် အရှေ့တောင်အာရှ၏ စစ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ ၎င်းနိုင်ငံများ၏ စစ်တပ်များနိုင်ငံရေးမှ ထွက်ခွာသွားရန် ဆိုသည်ထက် ပို၍အရေးကြီးနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။
၎င်းအချက်များကြာင့်ပင်လျင် စစ်ဘက်အဖွဲ့အစည်းများ နိုင်ငံရေးမှ ထွက်ခွာသွားဖို့ ၊ လျော့ချဖို့ ဆိုတာသည် အရပ်ဘက်အဖွဲ့အစည်းများ၏ Leadership နှင့် Capacity ဘယ်လောက်ရှိသနည်းဆိုသည့် အချက်ပေါ်တွင် အဓိကတတည်မှီနေသည်ကို တွေ့လာရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်ဘက်၏အခန်းကဏ္ဍကို လျော့ချရန်ကိစ္စကို စစ်ဘက်ကသာ ဦးဆောင်ပြီးဆောင်ရွက်လာခဲ့ရာ ယနေ့အရပ်ဘက်မှဦးဆောင်နေသည့် ယနေ့ကာလအခြေအနေကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တပ်မတော်အပေါ်တွင် နိုင်ငံရေးမှထွက်ခွာရန်၊ ဥပဒေပြုရေးကဏ္ဍမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိုထုတ်ပယ်ရန် ဖိအားအမျိုးမျိုးပေးနေကြသော်လည်း လက်တွေ့တွင် ၎င်းတို့၏ ဦးဆောင်မှုကို တပ်မတော်နှင့်ပြည်သူမှ လက်ခံယုံကြည်လာရန် (တစ်နည်း) မိမိ၏ အရည်အသွေးကို မြှင့်တင်ရန်ပျက်ကွက်လျက်ရှိပါသည်။
ဤတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဖြတ်သန်းခဲ့ပုံ တစ်စိတ်တစ်ပိုင်းကို ထုတ်နှုတ်ပြလိုပါသည်။ အင်ဒိုနီးရှားသမ္မတ Yodhoyono သည် စစ်သားဟောင်း တစ်ဦးဖြစ်သည်နှင့်အညီ မိမိ၏ဦးဆောင်မှုကို လက်ခံယုံကြည်လာစေရန် စစ်ဘက်ကို လိမ်မာပါးနပ်စွာစည်းရုံး နိုင်ခဲ့ပါသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လိုအပ်ချက်များကို စစ်ဘက်မှ မတောင်းဆိုရဘဲ ဖြည့်ဆည်းပေးခဲ့သည်။ တရားမဝင်ဖြစ်နေသော အသုံးစရိတ်များကိုလျော့ချ ပိတ်ဆို့ပြီး တရားဝင် အသုံးစရိတ်များဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ၎င်းလက်ထက်တွင် အင်ဒိုနီးရှားတပ်မတော်ကို ခေတ်မီလက်နက်များ တပ်ဆင်ပေးနိုင်ခဲ့သည်။ အဓိအချက်မှာ ပြည်တွင်းပဋိပက္ခ အတော်များများကို ဦးဆောင်ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထင်ရှားသည်မှာ အာချေးပဋိပက္ခ Ache conflict ပဲဖြစ်ပါသည်။ ပြည်တွင်းရေးတည်ငြိမ်မှု Internal Stability ကို တည်ဆောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်လည်း အရပ်ဘက်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ အလိုလို မြင့်တက်လာခဲ့ရသည်။ နောက်တစ်ခုနာမည်ကြီးသည်မှာ ၎င်းအတိုက်အခံများပေါ်တွင်ထားရှိသည့် Yodhoyono ၏သဘောထားဖြစ်ပါသည်။ အတိုက်အခံများအပေါ်တွင် နှိမ်ချဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ထုတ်ခြင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ္ဍကွဲပြားမှုများ၊ ပဋိပက္ခများကိုရှောင်ရှားနိုင်ခဲ့သည်။ ဤအတွက်ကြောင့်လည်း ထိုင်းနိုင်ငံတွင် သမ္မတ Thaksin ၊ ဖိလစ်ပိုင်မှ Arroyo တို့ ကြုံခဲ့ရသည့် အရပ်ဘက်အဖွဲ့ အစည်းအတွင်းမှ ပဋိပက္ခများကို ရှောင်နိုင်ခဲ့ပြီး ဒီမိုကရက်တစ်အလေ့အကျင့်ကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ အရပ်ဖက် အဖွဲ့အစည်းအတွင်းမှ မညီညွှတ်မှုများသည် စစ်ဘက်၏ အခန်းကဏ္ဍကို အလိုလိုမြင့်တက်စေကြောင်း Yudhayono က ကောင်းကောင်းကြီး သဘောပေါက်သည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်တွင် အရပ်ဘက်နိုင်ငံရေးအကွဲအပြဲများကြောင့် တပ်မတော်မှဝင်ရောက်ထိန်းသိမ်းခဲ့ရသည့် သာဓကရှိပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဘက်ကို နိုင်ငံရေးမှ ထွက်သွားပါလို့ ပါးစပ်ပြောမျှ (lip service) မလုပ်ခဲ့ဘဲ၊ အရပ်ဘက်အဖွဲ့အစည်းကိုသာ တင်းပြည့်ကျပ်ပြည့် ခိုင်ခိုင်မာမာ ဖြစ်အောင်တည်ဆောက်ခဲ့ပါသည်။ တနည်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်သော အင်စတီကျူးရှင်းများ (Soft and Hard Infrastructure) များကို တည်တည်ငြိမ်ငြိမ် တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်နှင့်အရပ်ဘက် အပြန်အလှန် အသိအမှတ်ပြုပြီး၊ ပါဝါနှင့် လုပ်ငန်းတာဝန်ခွဲဝေကာ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
ဤနေရာတွင် မြန်မာနိုင်ငံတွင် တစ်စိတ်တစ်ပိုင်းသာယူဆပြောဆိုနေကြသည့် Huntington ၏ သီအိုရီကို ပျက်ပြားစေခဲ့သောအချက်မှာ အင်ဒိုနီးရှား စစ်ဘက်သည် Professional ဖြစ်လာသည့်အတွက်ကြောင့် နိုင်ငံရေးပါဝင်ပါတ်သက်မှုကို လျော့ချနိုင်ခဲ့သည်ဟု မဆိုနိုင်ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏ ကြည်းတပ်မှ လက်နက်များ၏ ၆၂ ရာခိုင်နှုန်း၊ ရေတပ်မှ ၁၇ ရာခိုင်နှုန်းသော သင်္ဘောများနှင့် လေတပ်မှ ၃၁ ရာခိုင်နှုန်းသော လေယာဉ်များသာ အမှန်တကယ် အသုံးပြုနိုင်ပါသည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ တရားဝင် ကြေညာခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အင်ဒိုနီးရှားစစ်တပ်သည် ဒေါင်ဒေါင်မြည် Professional မဖြစ်သေးဘဲ အရှေ့တောင် အာရှ စစ်တပ်များနည်းတူ သူမသာ ကိုယ်မသာ အခြေအနေတွင်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတပ်မတော်၏ Military Doctraine နှင့် Internal Structure များသည်လည်း ထူးထူးခြားခြားပြောင်းလဲခဲ့သည့်အချက် မတွေ့ရပါ။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ Democracy အပြောင်းအလဲသည် စစ်ဘက်နှင့် အရပ်ဘက်နားလည်မှုတည်ဆောက်နိုင်ခြင်း၊ အရပ်ဘက်မှ ၎င်း၏ Leadership နှင့် Capacity ကိုမြှင့်တင်နိုင်ခဲ့ခြင်းကြောင့်သာလျင် အောင်မြင်ခဲ့သည်ဆိုတာ တွေ့ရမည်ဖြစ်ပါသည်။
ဤအခြေအနေများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ် သုံးသပ်ကြည့်လျင် ကွဲပြားခြားနားသည်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲကို စစ်ဘက်မှဦးဆောင် ပြောင်းလဲ ပေးခဲ့ပြီး အရပ်ဘက်အနေဖြင့် ယခုအချိန်ထိ ၎င်း၏ ခေါင်းဆောင်မှုနှင့်စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ရန် သတိမမူမိသေးကြောင်းတွေ့ရပါသည်။ နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ် ရင့်ကျက်မှုပေါ်မူတည်ပြီး စစ်ဘက်၏ နိုင်ငံရေးအခန်းကဏ္ဍကို လျော့ချသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့် တွေ့ဆုံတိုင်းတွင် တရားဝင်ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ခဲ့ရသို့  မြန်မာနိုင်ငံ၏အရပ်ဘက်အစိုးရသစ်သည် ၎င်း၏ ခေါင်းဆောင်မှုနဲ့ အရည်အသွေးကို မည်သို့မည်ပုံ တည်ဆောက်မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းသည့် အချက်ဖြစ်ပါသည်။ အင်ဒိုနီးရှား သမ္မတ Yodhoyono ကိုင်တွယ်ခဲ့ပုံကို သုံးသပ်ကြည့်မည်ဆိုလျင်-
(၁) စစ်ဘက်ကို နိုင်ငံရေးမှဝေးဝေးနေရန်၊ ထွက်သွားရန်ချည်းပြောနေသော လေလုံးပစ်ခြင်း (lip service) ပုံစံမလုပ်ဘဲ ကိုယ်တိုင်ဖြည့်ဆည်းရမည့် ကိစ္စများဖြစ်သည့် Internal Stability နှင့် Good governance ကိုတည်ဆောက်သွားပါသည်။ စစ်ဘက်နှင့် မတင်းမာသောဆက်ဆံရေးပုံစံကို ပညာသားပါပါ တည်ဆောက်သည်။ “Burma’s Armed Forces: Power Without Glory” ရေးသားခဲ့သူ Andrew Selth က မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် Federalism ဆိုသည်ကိုသာ လေပစ်နေပြီး နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အတွက် ဘာလုပ်မည်နည်း ဆိုသည် မသိရသေးပါလို့ သူ၏ဆောင်းပါးတစ်ပုဒ်တွင် မှတ်ချက်ပေးသွားခဲ့ဘူးသည်ကို တွေ့ရပါသည်။ သတိထားစရာအချက် ဖြစ်ပါသည်။
(၂)    စစ်ဘက်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ခြင်းဖြင့် စစ်ဘက်၏ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပါသည်။
(၃)     အရပ်ဘက်အဖွဲ့အစည်းများ အတွင်းတွင်လည်း ဒီမိုကရက်တစ် အလေ့အကျင့်ကို တည်ဆောက်သွားပါသည်။ တနည်း ဂိုဏ်းကဏ္ဍတိုက်ပွဲများနှင့် အပြန်အလှန် ဖယ်ထုတ်ခြင်းများကို ရှောင်ကြဉ်သွားပါသည်။
(၄)    မလိုအပ်သည့် မဖြစ်သင့်သည့်နေရာများတွင် အာဏာပါဝါကို ဇွတ်အတင်းမတည်ဆောက်ခဲ့ပါ။ ဥပမာ ကာကွယ်ရေးဝန်ကြီးဌာနလို လုံခြုံရေးနှင့် ပတ်သက်သော အဓိကနေရာများမှာ ရှိသင့်သည့်သူများ၏ လက်ထဲတွင်သာရှိစေခဲ့ပါသည်။ ထို့ကြောင့်လည်း ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးနှင့် ဒရိုင်ဘာပဲ အရပ်သားရှိသည်ဟု စကားနာထိုးခြင်းခံခဲ့ရသည်။ ကျွမ်းကျင်သူများလက်ထဲတွင်သာ လုပ်ပိုင်ခွင့်ရှိစေပြီး မလိုလားအပ်သော အားပြိုင်မှုများကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ထူးခြားမှုမှာ Yodhoyono ၏ Democratic Party သည် စစ်ဘက်မှ အတွေ့အကြုံနှင့် ပညာပြည့်ဝသော ပင်စင်စားများအတွက် ထိရောက်သောနိုင်ငံရေးယာဉ် Effective Political Vehicle သဖွယ်ဖြစ်စေခဲ့ပါသည်။
ဤအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးဖြစ်စဉ်၏ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတည်ဆောက်ခဲ့ပုံ အစိတ်အပိုင်းတစ်ချို့ ဖြစ်ပါသည်။ Professionalism နှင့် Civilian Control ဆိုသည့် အပေါ်တွင် ကျွန်တော်တို့၏ တစ်ဝက်တစ်ပြတ် အယူအဆအမှားများနှင့် ပြောင်းလဲလျက်ရှိသော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး သီအိုရီများအကြောင်းကို နမူနာယူနိုင်ဖွယ်ရှိသည့် နိုင်ငံနှင့် ချိန်ထိုးကြည့် ခြင်းပဲဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထပ်တူပြုဖို့ (လုံးဝ) မလိုအပ်သည့်တိုင် အတုယူစရာ၊ သင်္ခန်းစာ ယူစရာများနဲ့ ပြည့်နှက်နေပါသည်။ တိုတိုနှင့် ရှင်းရှင်းပြောနိုင်သည့်အချက်မှာ အရပ်ဘက် နှင့် စစ်ဘက် အပြန်အလှန် လွှမ်းမိုးဖို့၊ ချုပ်ကိုင်ဖို့ ကြိုးစားသည့် အယူအဆများသည် ရာစုနှစ် တစ်ခုစာလောက် နောက်ကျသွားပြီ ဟုပြောနိုင်ပါသည်။ Responsibility sharing လုပ်ရန်ပြောဆိုနေကြသည့် ခေတ်အခါသို့ရောက်နေပြီဖြစ်သည်။ ကောင်းကွက်များကို ထုတ်နှုတ်ယူနိုင်လျင် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော သင်္ခန်းစာများလည်းဖြစ်ပါသည်။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးအခင်းအကျင်းသစ်အတွက် မိမိတပ်မတော်သားများအနေဖြင့် ကြိုတင်မျှော်တွေးထားနိုင်ဖွယ်ရာ အထောက်အကူတစ်ခု ဖြစ်ပါစေကြောင်း တင်ပြလိုက်ရပါသည်။ ။

“အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင်ဖြစ်သည့် မြန်မာနိုင်ငံ”

တရုတ်နိုင်ငံ၏တိုးတက်လာမှု၊ အိန္ဒိယနိုင်ငံ၏ကြီးထွားလာမှု၊ ဂျပန်နိုင်ငံ၏ ပြန်လည်နိုးထလာမှုများကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် အခြားဒေသများထက် နိုင်ငံတကာရေးရာတွင် မဟာဗျူဟာမြောက်အရေးပါတဲ့ဒေသတစ်ခု ဖြစ်လာပါသည်။ စစ်အေးကာလ ဆယ်စုနှစ်ပေါင်းများစွာ၊ အထူးသဖြင့်  ၁၉၆၀ ခုနှစ်နောက်ပိုင်း ဗြိတိသျှတို့ စူးအက် အရှေ့ဒေသတွေကနေ ဆုတ်ခွာပြီးချိန်တွေမှာ အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန်တို့ လွှမ်းမိုးထားခဲ့ပါသည်။ နှစ်ပေါင်းအတော်ကြာအောင် လစ်လျူရှုထားပြီးတဲ့နောက်မှာတော့ အမေရိကန်တို့ရဲ့ အာရုံစူးစိုက်မှု ဗဟိုချက်သည် အနောက်ဘက်ကနေ  အရှေ့ဘက်ကို ရွေ့လျားခဲ့ပါသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာတစ်ဝှမ်းမှ မူဝါဒဆိုင်ရာအဆုံးအဖြတ်ပေးသူများ၏ အာရုံကျရာ ဖြစ်လာပါသည်။  ၎င်းဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးလောက်နေထိုင်ပြီး သယံဇာတများ ပေါကြွယ်ဝသည့်အပြင်၊ အထူးသဖြင့် ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဒြပ်ပေါင်းများ ထွက်ရှိသည့်နေရာလည်းဖြစ်ပါသည်။ ထို့အပြင် ဤဒေသတွင် ကမ္ဘာ့စစ်ရေး၊ စီးပွားရေး နှင့် စက်မှု အင်အားကြီးပါဝါများ ကူးလူးဆက်ဆံရာ မရှိမဖြစ်အရေးပါသော ပင်လယ်ပြင်ဆက်သွယ်ရေး လမ်းကြောင်းတည်ရှိရာလည်း ဖြစ်သည့်အတွက် အင်းအားကြီးပါဝါများနှင့် အင်းအားကြီးမားလာနေသောပါဝါများ၏ မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုကြားတွင် အဓိကကျသော ဇာတ်ခုံတစ်ခုဖြစ်လာပါသည်။ သို့သော်လည်း အင်ဒို-ပစိဖိတ်ဒေသသည် မလုံခြုံမှု၊ မဟာဗျူဟာမတည်ငြိမ်မှုများနှင့် နေရာတစ်ခုဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် ဝရုန်းသုန်းကားဖြစ်မှုများ၏ အဓိကနေရာဒေသတစ်ခုဖြစ်သည့် ဤဒေသတွင် နယ်စပ်ပြဿနာများ၊ အကြမ်းဖက်လှုပ်ရှားမှုများ၊ ရေပိုင်နက်အငြင်းပွားမှုများစသည့် ပေါက်ကွဲလုနီးပါးအခြေအနေများနှင့်လည်း ပြည့်နှက်နေပါသည်။
အင်ဒို-ပစိဖိတ်ဒေသသည် အိန္ဒိယနိုင်ငံရဲ့ “အရှေ့မျှော်ဝါဒ” (Look East) နဲ့ တရုတ်နိုင်ငံရဲ့ “အနောက်သို့ခြေလှမ်း” (Go West) တို့ဆုံရာနေရာလည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏အရှေ့မျှော်ဝါဒ ကို ၁၉၉၀ အစောပိုင်းနှစ်များထဲက ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။ ၎င်းမူဝါဒသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးသာမက ၎င်း၏ဒေသတွင်းပါဝါကို အားဖြည့်ရန်လိုအပ်သောအချက်ဖြစ်သည့် အရှေ့အာရှအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး၊မဟာဗျူဟာမြောက်ဆက်ဆံရေးဏ္ဍကို ချဲ့ထွင်ရန်အတွက်ဖြစ်ပါသည်။ ၎င်းမူဝါဒကို ဝန်ကြီးချုပ် နာရာစီမရာရို (P.V. Narasimha Rao) ကအတည်ပြုပေးခဲ့ပြီး နောက်တက်လာသည့်အစိုးရအဆက်ဆက် လက်ဆင့်ကမ်းကျင့်သုံးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာထဲတွင် Tri-service Andaman & Nicobar Command ကိုတည်ဆောက်ပြီး ၎င်း၏ လက်ရှိရေတပ်နှင့် လေတပ်စွမ်းအားများကို မြှင့်တင်ခဲ့ပါသည်။ ဒီဖြစ်စဉ်များကြောင့် အိန္ဒိယသမုဒ္ဒရာသည် အိန္ဒိယတစ်နိုင်ငံတည်းပိုင် မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ဝေဖန်ခဲ့ပါသည်။


တရုတ်နိုင်ငံအနေဖြင့်လည်း ၁၉၉၀ အစောပိုင်းနှစ်များမှစ၍ အိန္ဒိယသမုဒ္ဒရာထဲတွင် အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှုများ ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာအတွင်း တိုးတက်လွှမ်းမိုးလာနိုင်မှုသည် အမေရိကန်နှင့် အခြားဒေသတွင်းနိုင်ငံများကို အထိတ်တလန့်ဖြစ်စေခဲ့ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်းမှ တရုတ်ရေတပ်၏သရုပ်သကန်ကို “ပုလဲသွယ်” မဟာဗျူဟာ (String of Pearls)  ရယ်လို့ အနောက်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်သူများနှင့် အထူးသဖြင့် အမေရိကန်များက ဝေါဟာရတီထွင်သုံးစွဲခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ၂၁ ရာစုအလည်လောက်မှစ၍ သမုဒ္ဒရာနှစ်ခုကို ပိုင်စိုးနိုင်သော အင်အားကြီးပါဝါ (two-ocean maritime power) ဖြစ်လာရန်အတွက် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာနှစ်ခုစလုံးကို လွှမ်းမိုးရန် သူ့နည်းသူ့ဟန် ရည်မှန်းချက်များရှိပါသည်။ အနောက်သို့ခြေလှမ်း (Go West) ဟုခေါ်သည့် တရုတ်နိုင်ငံ၏ ဒီပလိုမေစီ မဏာမခြေလှမ်းသည် “A belt and a road” တည်ဆောက်ရန် ဖြစ်ပါသည်။ စီးပွားရေး ပိုးပတ်လမ်း (Silk Road Economic Belt) နှင့် ၂၁ ရာစု၏ ပင်လယ်ရေကြောင်း ပိုးလမ်းမ (Martime Silk Road) ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ သမ္မတ ဇီဂျင်ပင်း (Xi Jinping)က ၎င်းစီမံချက်သည် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု (win-win) ကိုဦးတည်မည့် လမ်းကြောင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အနောက်သို့ခြေလှမ်း (Go West) မူဝါဒဖြစ်ပေါ်လာခြင်းသည် သူ့နိုင်ငံအတွက် ပထဝီဝင်နိုင်ငံရေးအရစိုးရိမ်ပူပန်မှု နှင့် အကြမ်းဖက်ဝါဒလို ဒေသတွင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများက အဓိကမောင်းနှင်အားများဖြစ်ပါသည်။ သမ္မတ ရှီဂျင်းဖိန် (Xi Jinping) က Maritime Silk Road (MSR) အယူအဆကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားလွှတ်တော်၌ ပထမဆုံးထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကိစ္စအောင်မြင်ရန်အတွက် အရှေ့တောင်အာရှဒေသသည် အရေးကြီးသောအခန်းကဏ္ဍမှ သိသိသာသာ ပါဝင်နေပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် MSR အတွက် အဓိက သော့ချက်ဖြစ်ပါသည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အတွင်းမှ ရေပိုင်နက်အငြင်းပွားမှုများသည် တရုတ်နိုင်ငံ၏ MSR အကောင်အထည်ဖော်မှုအတွက် အခက်အခဲဖြစ်စေပါသည်။
အင်ဒို-ပစိဖိတ်ဒေသကို စိတ်ဝင်စားကြောင်းပြသသော နောက်နိုင်ငံတစ်ခုမှာ ဂျပန်နိုင်ငံဖြစ်ပါသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှခရီးစဉ်တွင် ၎င်းဒေသအတွင်းမှာရှိသော ဂျပန်၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဂျာကာတာမြို့၌ ဂျပန်နိုင်ငံရဲ့ သံခင်းတမန်ခင်း မူသစ် ၅ ချက် (The Bounty of the Open Seas: Five New Principles for Japanese Diplomacy) ကို ဝန်ကြီးချုပ်အာဘေးမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းမိန့်ခွန်းတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ပြောကြားခဲ့သည့် မူဝါဒ (၅) ချက်မှာ
•    ပထမမူဝါဒမှာ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ ဆုံရာဒေသတွင် လွတ်လပ်စွာ တွေးတော၊ ရေးသား၊ ပြောဆိုခွင့်များကို ကာကွယ်ရန် နှင့် လူသားများ ရရှိပြီးဖြစ်သော ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ အပြည့်ဝဆုံး ပွင့်လန်းနေရမည်။
•    ဒုတိယမူဝါဒမှာ အားလုံးအတွက်အရေးကြီးသော ပင်လယ်ပြင်များတွင် အင်အားနှင့် ထိန်းချုပ်ခြင်းမဟုတ်ဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် စိုးမိုးမှုရှိစေရေး သေချာရန် ဖြစ်ပါသည်။ ၎င်းရည်ရွယ်ချက်နှစ်ခုနှင့် ဆက်စပ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်နိုင်ငံ၏ အင်အာချိန်ခွင်လျှာပြန်လည်ထိန်းညှိမှုကို အင်တိုက်အားတိုက် ကြိုဆိုသည်။
•    တတိယမူဝါဒမှာ ဂျပန်သံခင်းတမန်ခင်း၏ အစိတ်အပိုင်းအဖြစ် လွတ်လပ်၍ ပွင့်လင်းသော စီးပွားရေး အပြန်အလှန်ဆက်နွယ်မှုကို ဖော်ဆောင်ရန်ဖြစ်ပါသည်။ နိုင်ငံတစ်ခုချင်း၏ အမျိုးသားစီးပွားရေးကို ပိုမိုရင်းရင်းနှီးနှီးဆောင်ရွက်ခြင်းအားဖြင့် လူထုနှင့် ကုန်ပစ္စည်းတွေကနေတဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ၏ ချိတ်ဆက်မှု စွမ်းအားကို ပိုပြီးသေချာအောင်လုပ်ရမည်။ အာရှဒေသနှင့် ဆက်သွယ်မှု ပိုမိုတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် အကောင်အထည်ဖော်မှုမှာ မဲခေါင်ဒေသအတွက် အကျိုးဖြစ်ထွန်းမှုကို စတင်ဖော်ဆောင်နေသည့် တောင်ဘက်စီးပွားရေးစြင်္ကံ (Southern Economic Corridor) တည်ဆောက်ခြင်းပင်ဖြစ်သည်။
•    စတုတ္ထမူဝါဒမှာ ၎င်းဒေသတွင်ရှိသောပြည်သူလူထုနှင့် ဂျပန်ပြည်သူလူထုအကြား အမြဲတမ်းအကျိုးဖြစ်ထွန်းစေမည့် ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် ယှက်နွယ်ဆက်ဆံရေးကို ဆောင်ကြဉ်းရန်ဖြစ်သည်။
•    ပဉ္စမနှင့်နောက်ဆုံးမူမှာ နိုင်ငံများ၏ အနာဂတ်ကိုဆက်ခံမည့် မျိုးဆက်သစ်များအချင်းချင်း အပြန်အလှန်ဆက်ဆံပြီး တွေ့ဆုံဖလှယ်မှုကို မြှင့်တင်ပေးရန်အတွက်ဖြစ်သည်ဟု ပါရှိပါသည်။
ပထဝီဝင်အနေအထားအရ အရှေ့တောင်အာရှကျွန်းဆွယ်သည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ပေးထားသည့် ပေါင်းကူးတံတားပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း မကြာသေးမီက ပညာရပ်ဆိုင်ရာလေ့လာချက်များတွင် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ အရှေ့တောင်အာရှကျွန်းဆွယ်၏ မဟာဗျူဟာမြောက် အဓိကအချက်အခြာဖြစ်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်ပါသည်။ အရေးကြီးသည့်အချက်များထဲမှ ထင်ရှားသည့်အချက်တစ်ခုမှာ နိုင်ငံတကာကုန်သွယ်မှုနှင့် စွမ်းအင်ထောက်ပံ့မှုကို နှောင့်ယှက်နိုင်သော မလက္ကာရေလက်ကြား (Malacca Strait) ဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသကိစ္စတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဒေသတွင်း အဖွဲ့အစည်းများတည်ထောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကူညီပံ့ပိုးပေးသည့် စီမံချက်များမှတဆင့် ဒေသတွင်း မဟာဗျူဟာမြောက်သေချာရေရာမှုကို အားပေးကူညီသည့်နေရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သင့်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် စိုးရိမ်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ၊ အင်အားကြီးပါဝါများ၏ ဒေသတွင်း ပထဝီဝင်နိုင်ငံရေးနှင့် ပထဝီမဟာဗျူဟာ ပြိုင်ဆိုင်မှုများကြားတွင် ASEAN အနေနှင့်လည်း တက်ကြွသည့် အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်လာဖို့လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပထဝီအနေအထားအရ အရှေ့တောင်အာရှ၏ အနောက်ဖက်စွန်းတွင်တည်ရှိသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အာရှဒေသများနှင့် ဆက်စပ်နေပါသည်။ ခိုင်မာတောင့်တင်းသည့် ရေကြောင်းမဟာဗျူဟာသာ ဖော်ထုတ်နိုင်မည်ဆိုလျှင် နတ်မြစ်ဝမှ ဘုရင့်နောင်အငူအထိ ကျယ်ပြန့်သော (၂၂၂၈) ကီလိုမီတာရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကြီးသည်၊ မြန်မာနိုင်ငံကို ဒေသတွင်း ပင်လယ်ရေကြောင်းအင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ဆောင်ကြဉ်းပေးနိုင်ပါသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဘင်္ဂလားပင်လယ်အော်နှင့် မြေထဲပင်လယ်တို့၏ အရှေ့မြောက်ဘက်တွင် မျက်နှာချင်းဆိုင်ထားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားရန်အတွက် နေရာကောင်းဖြစ်ပါသည်။ အထူးစီးပွားရေးဇုန်များပါဝင်သည့် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများနှင့် ပထဝီတည်နေရာသည် ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင် ဖြစ်လာမည့် မြန်မာနိုင်ငံအတွက် အဖိုးတန်ပိုင်ဆိုင်မှု နှင့် အရည်အသွေးများပဲဖြစ်ပါသည်။
သမ္မတ ဂျင်မီကာတာ၏ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဇဘစ်နရီး ဘရင်န်ဇ်စကီ (Zbigniew Brzezinski) ၏ အယူအဆအပေါ်အခြေခံ၍ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” (Geostrategic Player) နှင့် “ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင်” (Geopolitical Pivot) တို့၏ အနှစ်သာရကို ရှင်းပြလိုပါသည်။ ဘရင်ဇ်စကီ၏ အလိုအရ “မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင်” ဆိုသည်မှာ ပါဝါကိုကိုင်တွယ်နိုင်သော စွမ်းရည်နှင့် အမျိုးသားစိတ်ဆန္ဒလည်းရှိပြီး အခြားနိုင်ငံများ၏ အရေးကိစ္စကို ပြောင်းလဲနိုင်ရန်အတွက် ၎င်း၏နယ်နမိတ်ကိုကျော်လွန်ပြီး သြဇာလွှမ်းမိုးနိုင်သည့် ဇာတ်ကောင်များဖြစ်ပါသည်။ သို့သော်လည်း ၎င်းဇာတ်ကောင်များတွင် ပထဝီဝင်နိုင်ငံရေးအရ မတည်ငြိမ်မှု အလားအလာ ပင်ကိုယ်ဗီဇရှိသည်ဟု ဆိုပါသည်။ ကမ္ဘာပေါ်တွင် Geostrategic Player ဟုခေါ်ဆိုနိုင်သော နိုင်ငံများအနက် ထင်ရှားသောနိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါသည်။ Geographical Pivot ဆိုသည်မှာ ထိုနိုင်ငံများ၏အရေးပါမှုသည် ၎င်းတို့၏စတင်မှုနှင့်ပါဝါမှ ဆင်းသက်လာခြင်းမဟုတ်ဘဲ ၎င်းတို့၏အကဲဆတ်သည့် တည်နေရာနှင့်အားနည်းချက်များကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသော Geostrategic Player များ၏အပြုအမူတွေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ပဲဖြစ်သည်ဟု ဆိုပါသည်။ အများအားဖြင့် နိုင်ငံတစ်ခုကို ပထဝီဝင်နိုင်ငံရေးမဏ္ဍိုင်အဖြစ်သတ်မှတ်မည်ဆိုလျှင် ထိုနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အရေးကြီးသောနေရာတွင်တည်ရှိမှု၊ သို့မဟုတ် အင်အားကြီးနိုင်ငံတစ်ခုအတွက် အရင်းအမြစ်၊ သယံဇာတတစ်ခုခုကို ပေးဖို့ငြင်းဆန်မှု စသည့်ကိစ္စရပ်တွေကနေ ဆုံးဖြတ်ပါသည်။ အချို့ကိစ္စရပ်များတွင် Geographical Pivot နိုင်ငံသည် နေရာဒေသတစ်ခုအတွက် (သို့) အချက်အချာကျသောနိုင်ငံတစ်ခုအတွက် ကာကွယ်ရေးဒိုင်းတစ်ခုလိုတောင် ဖြစ်နိုင်ချေရှိပါသည်။ တစ်ခါတစ်ရံတွင် Geographical Pivot နိုင်ငံတစ်ခုရှိနေခြင်းသည် တက်ကြွသော မဟာဗျူဟာမြောက်ပထဝီဝင်အိမ်နီးချင်းနိုင်ငံတစ်ခု၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအတွက် အလွန်သိသာထင်ရှားသော အရေးပါမှု (အကျိုးဆက်) တွေရှိလိမ့်မည်ဟု ဘရင်န်ဇကီက ဆိုပါသည်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း တွေ့ရသည့် အဓိကအင်အားကြီးပါဝါများမှာ အမေရိကန်၊ တရုတ်၊ ရုရှား နှင့် အိန္ဒိယနိုင်ငံတို့ပင် ဖြစ်ပါသည်။ Geostrategic Player  တွေလို့လဲ သတ်မှတ်နိုင်ပါသည်။ ရုရှားအနေနှင့် “Near Abroad” ဟုသတ်မှတ်ထားသော ဥရောပဒေသတွင်ရှိသည့် ၎င်း၏အကျိုးစီးပွားလောက် ဒီဒေသအတွင်းတွင် တက်ကြွသည့်ဇာတ်ကောင်တစ်ယောက် မဟုတ်ပါ။ သို့သော် တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ၎င်း၏ လွှမ်းမိုးနိုင်မှု မသေချာကတည်းက အိန္ဒိိယသမုဒ္ဒရာအတွင်း၌ သြဇာတည်ဆောက်ရင်း ၎င်းဒေသအတွင်းမှာ ကြီးမားသောအကျိုးစီးပွားနှင့် သိသာထင်ရှားသော Geostrategic Player ဖြစ်ပါသည်။ ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဆာလောင်မွတ်သိပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနှင့်အညီ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသမှ စွမ်းအင်ရယူရန်အတွက် အရှေ့တောင်အာရှ၏ ပင်လယ်လမ်းကြောင်းကို အကြီးအကျယ်မှီခိုနေရပါသည်။ ဥပမာအားဖြင့် မလက္ကာရေလက်ကြား (Malacca Strait) လိုနေရာမျိုးသည်    တရုတ်နိုင်ငံအတွက် အားနည်ချက်ကိုဖြစ်စေနိုင်သော Choke Points များဖြစ်ပါတယ်။  ဤပြဿနာကိုကိုင်တွယ်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှရေပြင်၏ အဓိကနေရာများကို ဖြတ်သန်းပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အတော်များများကို တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး အန္ဒိယသမုဒ္ဒရာထွက်ပေါက်ပိုင်ဆိုင်သည့် အရှေ့တောင်အာရှ ၏ တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်င်ငံ၏ အနောက်ဘက်ဆိပ်ကမ်း ကျောက်ဖြူမြို့မှ ယူနယ်ပြည်နယ်၊ ကူမင်းအထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကြာသေးမီကပင် တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံကျောက်ဖြူမြို့တွင်ရှိသော ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံသည် တရုတ်နိုင်ငံအတွက် အန္ဒိယသမုဒ္ဒရာအတွင်းမှ မဟာဗျူဟာမြောက်အကျိုးစီးပွားဖြစ်သကဲ့သို့ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဆိုင်ရာ အဖိုးတန်ပိုင်ဆိုင်မှု (China’s Maritime assets) လည်း ဖြစ်ပါတယ်။ ဤပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်တွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလာနိုင်မှုက အင်ဒို-ပစိဖိတ်ဒေသတွင်ရှိသော အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကျဆင်းစေသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်များကတည်းက တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ရင်းနှီးသောဆက်ဆံရေးထူထောင်ပြီး မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာစွမ်းရည်များ မြှင့်တင် ရာတွင် ကူညီပံ့ပိုးပေးခဲ့ပါသည်။
အထက်ပါအကြောင်းအချက်များပေါ်တွင်မူတည်ပြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏အားပြိုင်မှုကြားမှ မြန်မာနိုင်ငံ၏ပထဝီဝင်တည်နေရာကို အသေအချာ ကောက်ချက်ဆွဲနိုင်သည်မှာ မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ မဟာဗျူဟာမြောက်ပထဝီဇာတ်ကောင် (Geostrategic Player) များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ မဟာဗျူဟာမြောက်အကျိုးစီးပွားကို ကိုင်လှုပ်နိုင်သော ပထဝီဝင်နိုင်ငံရေး၏မဏ္ဍိုင် (Geopolitical Pivot) ပင်ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများသည် တရုတ်နှင့်အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်အားပြိုင်မှုကို အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချက်မှာ ကိုယ့်နိုင်ငံ၏ အဓိကကျသောပထဝီဝင်တည်နေရာမှ အကောင်းဆုံးအကျိုးကျေးဇူးတွေကိုရယူပြီး Geostrategic Player နိုင်ငံနှစ်ခုကြားတွင် ချီးကျူးထိုက်သော Geopolitical Pivot နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရန်ဖြစ်သည်။ ကိုယ့်နိုင်ငံ၏ ပထဝီဝင်တည်နေရာ၏ အားသာချက်ကို ထုတ်ယူသုံးစွဲနိုင်တဲ့ (အသုံးချနိုင်သည့်) စိတ်ဆန္ဒနှင့် စွမ်းရည်မရှိခဲ့လျှင် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ အင်းအားကြီးပါဝါနှစ်ခု၏ အားပြိုင်မှုကြားတွင် အသုံးချခံ (နယ်ရုပ်လေးတစ်ခု) သဖွယ် ဖြစ်လာပါလိမ့်မည်။

ဒေါက်တာအောင်မျိုး
Translated by Maung Kyaw (9/4/2015 /TUE/ 21 00/At IUJ)